သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ခြောက်လပတ် အစည်းအဝေး ကြေငြာချက်ထုတ်ပြန်

သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ခြောက်လပတ် အစည်းအဝေး ကြေငြာချက်ထုတ်ပြန်
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ အာရ်စီအက်စ်အက်စ်/သျှမ်းပြည်တပ်မတော် အက်စ်အက်စ်အေ (တောင်ပိုင်း) မှ ၂ဝဝ၉ ပထမ ခြောက်လပတ်အစည်းအဝေးကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ ယခုလအစောပိုင်း၌ ကျင်းပခဲ့ကြောင်း SSA သတင်းရပ်ကွက်က ဆို ...

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ အာရ်စီအက်စ်အက်စ်/သျှမ်းပြည်တပ်မတော် အက်စ်အက်စ်အေ (တောင်ပိုင်း) မှ ၂ဝဝ၉ ပထမ ခြောက်လပတ်အစည်းအဝေးကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ ယခုလအစောပိုင်း၌ ကျင်းပခဲ့ကြောင်း SSA သတင်းရပ်ကွက်က ဆိုပါသည်။

၂ဝဝ၉ ပထမ ခြောက်လပတ်အစည်းအဝေးအား ဂျွန်လ ၂-၃ ရက်နေ့အထိ ကျင်းပရာ SSA ထိပ်ပိုင်းခေါင်းဆောင်များ၊ တပ်မဟာမှူးများ စစ်ဒေသတပ်မှူးများ စစ်ကြောင်းမှူးများ လုံခြံုရေး အုပ်ချုပ်ရေး စည်းရုံးရေးပိုင်းအရာရှိများ တက်ရောက် သကဲ့သို့ လူထုကိုယ်စားလှယ် ဆက်ဆံရေးကိုယ်စားလှယ် - အင်အား ၁၅ဝ ကျော် တက်ရောက် ကြသည်ဟုသိရပါသည်။

ထိုအစည်းအဝေးမှ ထုတ်ပြန်ချက်မှာ  -

(၁) သျှမ်းပြည်အတွင်း အပစ်ရပ်အဖွဲ့များအားလုံးနှင့် အပြန်အလှန်နားလည်ပံ့ပိုးစည်းလုံးမှုတည်ဆောက် နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေး။

(၂) အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ချိတ်ဆက်ဖွဲ့စည်းထားသော ၆ ပြည်ထောင် စစ်ရေးမဟာ မိတ် (Military Alliance) အတွင်း ယခင်ကထက် ပူးပေါင်းဆောင်ရွက်လာနိုင်စေရန် နိုင်ငံရေး/စစ်ရေးဆိုင်ရာသတင်း အချက်အလက်များ ပိုမိုဖလှယ်ရေး။

(၃) စစ်အစိုးရဦးဆောင်ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် မျက်ခြေမပျက်စောင့်ကြည့်ရေး။

(၄) စစ်အစိုးရ SPDC အား ဘုံရန်သူ အဖြစ်သတ်မှတ်ကြသည့် သျှမ်းပြည်တွင်း/ပြည်ပနိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်း များနှင့် စစ်ရေးမဟာမိတ် နိုင်ငံရေးမဟာမိတ်ဖြစ်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရေး။

(၅) တရုပ်၊ ထိုင်း၊ လောဝ်း နိုင်ငံအစိုးရများ သျှမ်းပြည်တွင်းရေးကိစ္စပိုမိုသိရှိနားလည် ရင်းနှီးကျွမ်း ဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရေး-- စသည့် အဓိက အချက်များပါဝင်သည်။

“လွန်ခဲ့တဲ့ခြောက်လ အတွင်းမှာ ဖြစ်ပေါ်တိုးတက်မှုအားလုံးဆွေးနွေးသလို၊ အားနည်းချက်တွေလည်း ကျနော်တို့ သင်ခန်း စာအဖြစ်ယူသွားဖို့ ပြုပြင်သွားဖို့ဆွေးနွေးကြတယ်။ အရည်အချင်းရှိပုဂ္ဂိုလ်တွေကို ဂုဏ်ပြုချီးမြှင့်ခဲ့သလို အမှားလုပ်မိတဲ့သူ တွေလဲ အပစ်ပေးခဲ့တယ်” - ဟု SSA ခေါင်းဆောင်ပိုင်းတဦးက ပြောကြောင်း သိရပါသည်။

၂ဝဝ၈ နိုဝင်ဘာ  မှ ဂျွန်လဆန်းပိုင်းအထိ SSA တောင်ပိုင်းတပ်ဖွဲ့ နှင့် နအဖ စစ်တပ်အကြား တိုက်ပွဲကြီးငယ် ၃၅ ကြိမ် ဖြစ်ဘွားပြီး နအဖဘက်မှ ၃၁ ယောက်သေဆုံး၊ လက်နက်အမြောက်အများသိမ်းဆည်းရကြောင်း၊ SSA ဘက်မှ ၂ ယောက် နှင့် လက်နက် ၁ လက် ဆုံးရှုံးကြောင်း သက်ဆိုင်ရာက တင်ပြသွားခဲ့သည်ဟုဆို၏။