သျှမ်းပြည် (မြောက်ပိုင်း) တွင် ရဲလုံခြံုရေးများ ထူပြော

သျှမ်းပြည် (မြောက်ပိုင်း) တွင် ရဲလုံခြံုရေးများ ထူပြော
တရုပ်နယ်စပ်နှင့် ကပ်လျှက်ရှိသည့် သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်း၊ မန့်ဟျိုး (မန့်ဟီးရိုး) မြို့နယ်များတွင် ယခုရက်ပိုင်း၌ ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြံုရေး ထူထပ်စွာ ချထားကြောင်း သိရသည်။ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များက အဓိကကျသည့် လမ်းနေရာများ ဂိတ်များတွင် အသင့်အနေအထားဖြင့် နေရာယူ ...

တရုပ်နယ်စပ်နှင့် ကပ်လျှက်ရှိသည့် သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်း၊ မန့်ဟျိုး (မန့်ဟီးရိုး) မြို့နယ်များတွင် ယခုရက်ပိုင်း၌ ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြံုရေးထူထပ်စွာချထားကြောင်း သိရသည်။

လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များက အဓိကကျသည့် လမ်းနေရာများ ဂိတ်များတွင် အသင့်အနေအထားဖြင့် နေရာယူ ထားသည်ကို ပုံမှန်အနေအထားထက်ပို၍ထူးခြားစွာ တွေ့မြင်နေရကြောင်း မျက်မြင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

" သေနတ်အရှည်တွေကိုင်ပြီး ကင်းစောင့်နေတဲ့ အနေအထားမျိုးနဲ့ စောင့်နေတာတွေရှိတယ် အဖွဲ့လိုက်လည်းလှုပ်ရှား နေတာရှိတယ် အခြေအနေကတော့ထူးထူးခြားခြားပဲ ” လို့ သူကပြောသည်။

ယခုလ (၂၁) ရက်နေ့က မူဆယ်မြို့သို့ ဗမာရဲချုပ်ခင်ရီနှင့်အတူ ကြပ်ပြေး (နေပြည်တော်) မှ အဖွဲ့တစ်ဖွဲ့ရောက်ရှိလာခဲ့ပြီး မူဆယ် နမ့်ခမ်းမြို့နယ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများ အမျိုးသမီးအဖွဲ့များနှင့်တွေ့ဆုံမှုများပြုလုပ်ခဲ့သေးကြောင်း နယ်စပ်စစ်ဘက်သတင်းရပ်ကွက်မှ ပြောပြချက်အရသိရသည်။

ဗမာရဲချုပ်ခင်ရီက ပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း ၎င်းနှင့်အတူပါလာသည့်ကြပ်ပြေးအဖွဲ့မှာ မူဆယ်တွင် ဆက်လက် ကျန်ရှိနေသေးကြောင်း သိရသည်။

မေလ (၂၄) ရက်နေ့က ကျန်ရှိနေသည့် ကြပ်ပြေးမှ ရဲအာဏာပိုင်များက မူဆယ်နှင့်ကပ်လျှက်ရှိသည့် တရုတ်ခြမ်း ရွေလီမြို့သို့ရောက်ရှိခဲ့ကာ တရုတ်အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

မူဆယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးအား ဆက်သွယ်မေးမြန်းရာကြည့်ရာတွင် မူဆယ်မြို့၌ လက်ရှိရဲသတင်းအထူး တပ်ဖွဲ့ဖွဲ့စည်းပုံထက် ပိုမိုအဆင့်မြင့်သည့် အရာရှိများနှင့်တိုးချဲ့သွားမည်ဖြစ်ကြောင်းပြောသည်။

တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့၌ ရုံးဖွင့်လှစ်ထားသည့် ဗမာကောင်စစ်ဝန်ချုပ် ဦးမျိုးတင့်၏ နေရာတွင် ဗိုလ်သန်းရွှေ၏ သားမက်တော်စပ်သူ ဗိုလ်မှူးဇော်ဖြိုးဝင်းသည် မေ (၂၅) ရက်မှစ၍  စတင်တာဝန်ယူလျှက်ရှိကြောင်း နယ်စပ်သတင်းရပ်ကွက်အဆိုအရ သိရသည်။