စစ်အစိုးရ၏ တောင်းဆိုချက် ဝ ဆွေးနွေးပွဲမှ ရာနှုန်းပြည့်နီးပါး ကန့်ကွက်

စစ်အစိုးရ၏ တောင်းဆိုချက် ဝ ဆွေးနွေးပွဲမှ ရာနှုန်းပြည့်နီးပါး ကန့်ကွက်
ဧပြီလနှောင်းပိုင်းက ဝ ထိပ်ပိုင်းခေါင်းဆောင် ရှောဝ်းမင်လျှံ အဖွဲ့ - သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ ဒုဗိုလ်ချုပ်ရဲကြီး မြင့်နှင့် တွေ့ဆုံပြီး ဌာနချုပ်အပြန် အစုအဖွဲ့လိုက် ဆက်တိုက် စည်းဝေးပွဲပြုလုပ်ခဲ့ရာ စစ်အစိုးရ၏ တောင်းဆိုချက်အပေါ် ဝ ပါတီနှင့် စစ်တပ် အစည်းအဝေးမှ ဆန္ဒခံယူခဲ့ ...

ဧပြီလနှောင်းပိုင်းက ဝ ထိပ်ပိုင်းခေါင်းဆောင် ရှောဝ်းမင်လျှံ အဖွဲ့ - သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ ဒုဗိုလ်ချုပ်ရဲကြီး မြင့်နှင့်တွေ့ဆုံပြီး ဌာနချုပ်အပြန် အစုအဖွဲ့လိုက် ဆက်တိုက်စည်းဝေးပွဲပြုလုပ်ခဲ့ရာ စစ်အစိုးရ၏တောင်းဆိုချက်အပေါ် ဝ ပါတီနှင့် စစ်တပ်အစည်းအဝေးမှ ဆန္ဒခံယူခဲ့ရာမှာ ရာနှုန်းပြည့်နီးပါးကန့်ကွက်ကြောင်း - ဝ ဌာနချုပ်နီးစပ်သော အသိုင်း အဝိုင်းက ဆိုသည်။

စစ်အစိုးရတောင်းဆိုထားသည့်အချက်အပေါ် ဝ ပြည်နိုင်ငံရေးပါတီနှင့် စစ်တပ်အတွင်း၏ အမြင်သဘောထားကို  အမည်မဖေါ်လိုသည့် ဝအရာရှိနှင့် နီးစပ်သူတဦးအား သျှမ်းသံတော်ဆင့်က မေးမြန်းရာ-

“ (၁) အသွင်ပြောင်းမည့် ဝ တပ်မတော်အတွက် ဆန် စားနပ်ရိက္ခာ လက်နက်ခဲယမ်း နှင့် အထွေထွေ အသုံးစရိတ်များ အားလုံး စစ်အစိုးရမှ တာဝန်ယူပေးမည်။ (၂) ဝ တပ်အင်အား ၃ဝဝဝ အထိလျှော့ချ၍ ခေတ်မှီတပ်မတော်ဖြစ်ဖို့အရေး စစ်အစိုးရမှ လူအင်အား ၃ဝ ဝင်ရောက်အားဖြည့်မည်။ (၃) စစ်ပညာနှင့် အခြားကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုဆိုင်ရာများကို စစ်အစိုးရက တာဝန်ယူမည်” ဟု ဆိုထားပါတယ်။

“အခုကျနော်တို့အခြေအနေက ဗမာစစ်တပ် စားနပ်ရိက္ခာ နေရာထိုင်ခင်း မစီစဉ်ပေးလဲ ကိုယ့်ဟာကိုယ်လည်ပတ်နိုင်နေ တာဘဲ၊ ပညာတတ် လူ ၃ဝ က ကျနော်တို့တပ်အဖွဲ့အကြားလာဖြည့်ပြီး အဖွဲ့အစည်းမြှင့်တင်ပေးမယ်ဆိုတာက ကျနော်တို့ တတွေ ဗမာစကားမှ မတတ်တာ။ အဲဒါကြောင့်ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ဒီတော့ကျနော်တို့ အစုအဖွဲ့လိုက်ခွဲပြီး အစည်းအဝေးထိုင်ကြတယ်။ ၃ ရက် တကြိမ် အထက်ကို ပြန်တင်ပြတယ်။ အစည်းအဝေးက မပြီးပြတ်သေးဘူး။ ဒါပေမယ့် စစ်အစိုးရ၏တောင်းဆိုချက်အပေါ် ပါတီတွင်း စစ်တပ်အတွင်း သဘောထားကောက်ယူရာမှာ ၉၈ ရာနှုန်းက လုံးဝမထောက် ခံဘူး၊ ကန့်ကွက်တယ်၊ ကျန် ၂ ရာခိုင်နှုန်းက ဘာမမပြောဘူး”

လက်ရှိဝအစိုးရနှင့် ဝ ပြည်သူများက အခက်အခဲ အန္တရာယ်အမျိုးမျိုးကြားမှ  ဝ ဒေသကို အသက်နှင့်ရင်းပြီး ကာကွယ်လာ ခဲ့ကြောင်း၊ စစ်အစိုးရက ဝ စစ်တပ်အတွက်တာဝန်ယူမည် ဟူသည့်အချက်မှာလည်း  ဗမာ့တပ်မတော်ကိုယ်ပင် ကိုယ်ထူ ကိုယ်ထ စနစ်ထားနေရသဖြင့် လက်ခံနိုင်ရန် မဖြစ်နိုင်ကြောင်း ဆိုပါသည်။

မိုင်းလားအဖွဲ့က ၂ဝဝ၉ နှစ် ဂျွန်လ ၃ဝ ရက်နောက်ဆုံးထား၍ လူသူလက်နက်အင်အားစာရင်း၊ ပင်စင်ယူမည့်သက်ကြီးပိုင်း စာရင်းများပေးပို့ရန် စစ်အစိုးရ ရာဇသံပေးထားသော်လည်း၊ ရသည့်အချိန်၌ ပါတီအတွင်း စစ်တပ်အတွင်း အစည်းအဝေး ပွဲလုပ်ပြီးလျှင် ပြည်သူဆန္နဆင်းကောက်မည်ဟုလည်း ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူအရာရှိကပြောပါသည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် စစ်အစိုးရတပ်ဖွဲ့ပြီးလျှင် တပ်အင်အားအတောင့်တင်းဆုံး အဖွဲ့အစည်း ဖြစ် သည့် အားလျော်စွာ ငြိမ်းအဖွဲ့များ၏ အနာဂတ်သည်လည်း ဝ အဖွဲ့အပေါ် အများကြီးတည်မှီနေကြောင်း၊ ကျန်အပစ်ရပ် ငြိမ်းအဖွဲ့များက ဝ တို့၏ဆုံးဖြတ်ချက်ကို မျှော်လင့်စောင့်ကြည့်နေကြကြောင်း မိုင်းလားအပါအဝင် အပစ်ရပ်အသိုင်းအဝိုင်း များပြောဆိုချက်အရ သိရပါသည်။