ယုဒ္ဓယခေတ် အကြောင်းပြ ဗမာ အလုပ်သမားအပေါ် ဆိုးခိုးလုယက်သည့် ထိုင်း နှစ်ယောက် ဖမ်းမိ

ယုဒ္ဓယခေတ် အကြောင်းပြ ဗမာ အလုပ်သမားအပေါ် ဆိုးခိုးလုယက်သည့် ထိုင်း နှစ်ယောက် ဖမ်းမိ
ယုဒ္ဓယခေတ် ရှေးဗမာဘုရင် အနိုင်ကျင့်မှုကို အကြောင်းပြပြီး ဗမာပြည်သား ရွှေ့ပြောင်းအလုပ်သမား အပေါ် ခိုးမှု၊ ပစ္စည်းလု ယက်မှု၊ ဓါးပြတိုက်မှု နှင့် မုဒိန်းကျင့်မှု ဆယ်ကြိမ်မက ကျူးလွန်ခဲ့သော ထိုင်းအမျိုးသားနှစ် ယောက်အား တာဝန်ရှိရဲများ ဖမ်းဆီးမိပြီဖြစ်ကြောင်း ထိုင်း ASTV က ဆို ...

ယုဒ္ဓယခေတ် ရှေးဗမာဘုရင်အနိုင်ကျင့်မှုကိုအကြောင်းပြပြီး ဗမာပြည်သားရွှေ့ပြောင်းအလုပ်သမား အပေါ် ခိုးမှု၊ ပစ္စည်းလု ယက်မှု၊ ဓါးပြတိုက်မှု နှင့် မုဒိန်းကျင့်မှု ဆယ်ကြိမ်မကကျူးလွန်ခဲ့သော ထိုင်းအမျိုးသားနှစ် ယောက်အား တာဝန်ရှိရဲများ ဖမ်းဆီးမိပြီဖြစ်ကြောင်း ထိုင်း ASTV က ဆိုပါသည်။

ပြီးခဲ့သည့် မေ ၅ ရက်က ထိုင်း - မလေး နယ်စပ် ဆတောဝ်းမြို့နယ် ပြစ်မှုဆိုင်ရာ ရဲများက နတ်ထဝီးတရား ရုံးတော် ခွင့်ပြု ချက်ဖြင့် နိုင်းဥဆမန်း မတ်ဆလေ နှင့် နိုင်းအတီနန် ခယန်ဒီ တို့နှစ်ယောက်ကို နောက်ယောင်ခံလိုက်၍ သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးအရေးယူခဲ့ပုံကို ထိုင်းတီဗွီ ASTV မှ ထုတ်လွှင့်ခဲ့သည်။ အဘယ့်ကြောင့် ဗမာများအပေါ်ခိုးမှု၊ လုယက်မှု၊ ဓါးပြတိုက်မှု နှင့် မုဒိန်းကျင့်မှုတွေအကြိမ်ကြိမ်ကျူးလွန်ပါသလဲ ဟု၎င်းတို့နှစ်ယောက် အား စစ်ဆေးမေးမြန်းရာ -

“အခုကျနော်တို့ ကျူးလွန်ခဲ့တာ ဗမာရွှေ့ပြောင်းအလုပ်သမားတွေသတ်သတ်အပေါ်ဘဲ။ ဗမာဆိုရင် ကျနော်တို့မုန်းတယ်။ ကျနော်တို့ဘိုးဘွားခေတ် ယုဒ္ဓယခေတ်တုန်းက ဗမာတွေ ကျနော်တို့တိုင်းပြည်ကို အကြိမ်ကြိမ်ကျူးကျော်စစ်ပြုတယ်။ ထိုင်း တွေအပေါ် အမျိုးမျိုးနှိပ်စက်သတ်ဖြတ်ခဲ့တယ်။ ကျနော်တို့ မကျေနပ်လို့ အခုလို ပြန်ဂလဲ့စားချေရတယ်” ဟု ထွက်ဆိုချက် ပေးသည်ဟုဆို၏။

ထိုနှစ်ဦး၏ ထွက်ဆိုချက်အပေါ် ထိုင်းနိုင်ငံသားများ အရမ်းစိတ်ဝင်စားနေကြောင်း၊ အချို့က ထိုဖြောင့်ချက်ကို သဘောကျ သော်လည်း အများစုမှာမူ အခြေအမြစ်မရှိသည့် အကြောင်းပြချက်သက်သက် ဖြစ်ကြောင်း Blogger များက ဝေဖန်ပြောဆို နေကြသည်။

ရာဘာခြံအတွင်း အလုပ်လုပ်နေသည့် ဗမာရွှေ့ပြောင်းအလုပ်သမားများအပေါ် ခိုးမှု၊ လုယက်မှု ဓါးပြတိုက်မှု၊ မုဒိန်းကျင့်မှု  ပြစ်မှုအမျိုးမျိုးအကြိမ် ၂၀ မက ကျူးလွန်ခဲ့ကြောင်း၊ အဖွဲ့ဝင် ၁၀ ယောက် ကျော်ရှိကြောင်း၊ လက်ပူးလက်ကြပ် ဖမ်းမိ သည့် ပစ္စည်းများမှာ မော်တော်ဆိုင်ကယ်အကောင်း ၂ စီး၊ ဖြုတ်ဖျက်ပြီး ၄ စီး၊ DVB အောက်စက်နှင့် ကင်မရာများ ဖြစ်ကြောင်း၊ လုယက်ခိုးယူရသည့်ပစ္စည်းများရောင်းပြီး  ထိုလူငယ်အဖွဲ့ မူးယစ်ဆေးဝါးဝယ်သုံးကြကြောင်း ထိုင်း တာဝန်ရှိရဲများက ဆိုပါသည်။

ပြစ်မှုကျူးလွန်သူနှစ်ဦးမှာ ဆမ်နတ်တျို့အုပ်စု၊ ဆတောဝ်းမြို့နယ်၊ ဆုန်ခါခရိုင် အိမ်အမှတ် ၁၁၁/၁ နေ နိုင်းဥဆမန်း မတ်ဆလေ အသက် ၂၀ နှစ်နှင့် ၆/၁ ရပ်ကွက် ၅ နေ နိုင်းအတီနန် ခယန်ဒီ  တို့ဖြစ်ပြီး ကျန်အဖွဲ့ဝင်များ ဖမ်းဆီးနိုင်ရေး အတွက် ဆက်လက်ကြိးပမ်းနေသည်ဟု ဆိုပါသည်။