သျှမ်းပြည် ခေါင်းဆောင်ဟောင်း၏သား သျှမ်းပြည်ပဟေဠိ စာအုပ်ထုတ်ဝေ

သျှမ်းပြည် ခေါင်းဆောင်ဟောင်း၏သား သျှမ်းပြည်ပဟေဠိ စာအုပ်ထုတ်ဝေ
တော်လှန်ရေးကောင်စီခေတ် သျှမ်းပြည်ကောင်စီ ဥက္ကဌဟောင်း၏ သားတဦးဖြစ်သူ ဟင်နရီအေး သည် ဗမာပြည် တွင်းမှ သျှမ်းပြည်ပဟေဠိ The Shan Conundrum in Burma စာအုပ် ထုတ်ဝေ ဖြန့်ချီလိုက်သည်ဟု ဆို ...

တော်လှန်ရေးကောင်စီခေတ် သျှမ်းပြည်ကောင်စီ ဥက္ကဌဟောင်း၏ သားတဦးဖြစ်သူ ဟင်နရီအေး သည် ဗမာပြည် တွင်းမှ သျှမ်းပြည်ပဟေဠိ The Shan Conundrum in Burma စာအုပ် ထုတ်ဝေ ဖြန့်ချီလိုက်သည်ဟု ဆိုပါသည်။

ဗမာပြည်တွင်းမှ သျှမ်းပြည်ပဟေဠိ The Shan Conundrum in Burma  သည် စာမျက်နှာ ၂၅၂ မျက်နှာရှိပြီး ၂၀၀၉ ဧပြီ ၁၄ ရက် မှစ၍ ဖြန့်ချီနေပြီဟု ကလောင်ရှင် ဟန်နရီ - အောင်းဒရေး အေး Henry – Andre Aye  က သျှမ်းသံတော်ဆင့်အား ပြောပြ ပါသည်။

သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီဥက္ကဌ စဝ်ခင်းဆိုင်က - “အရင်တုန်းက နိုင်ငံတကာ အဆင့် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေဖြန့်ချီ နိုင်သူတော်တော်များများက တော်ဝင်စော်ဘွားမျိုးနွယ်တွေဘဲ။ အခုဒီ ဗမာပြည်မှ သျှမ်းပြည် ပဟေဠိ The Shan Conundrum in Burma ရေးတဲ့ပုဂ္ဂိုလ်က စော်ဘွားမျိုးနွယ်မဟုတ်ဘူး။ စော်ဘွားစနစ်ကို လုံးလုံး ဆန့်ကျင်တဲ့ သာမာန်ပြည်သူ သျှမ်းပြည်ခေါင်းဆောင်တဦးရဲ့သားက ရေးတယ်ဆိုတော့ ကျနော်တို့ပိုပြီး ဒေါင့်စုံလေ့လာဖတ် ရှုနိုင်မယ်။ အရင်က သျှမ်းပြည်ဆိုင်ရာ စာအုပ်တွေဖတ်ရင် ဒင်္ဂါးတခြမ်းဘဲမြင်မယ်။ အခုစာ အုပ်ဖတ်ပြီးရင် ပြည်သူဘက်ကရှုဒေါင့်ကော၊ စော်ဘွားဘက်ကရှုဒေါင့်ပါမြင်လာမယ်” ဟုဆို၏။

အင်္ဂလိပ်ဘာသာဖြင့် သျှမ်းပြည်အမျိုးသားတို့ အကြောင်းရေးသား ထုတ်ဝေဖူးသည့် တော်ဝင်မျိုးနွယ်များမှာ စဝ်ဇန့်ယောင်ဟွေ့ (ညောင်ရွှေစော်ဘွားသားတော်) ၏ ဗမာပြည်ကသျှမ်းအရေး  The Shan Of Burma- Chao Tzang Yawnghwe  ၊ စဝ်နွန်းအူ (ရပ်စောက် စော်ဘွားသမီးတော်)၏ ပျောက်ဆုံးသွားသည့် ကျမကမ္ဘာ My Vanishing World  -  Sao Noan Oo ၊ စဝ်ဆုစန္ဒီ (သီပေါစော်ဘွားမဟာဒေဝီ)၏ ဗမာပြည်မှ ဆည်းဆာချိန် Twilight Over Burma -  Sao Thusandi of Hsipaw  ၊ စဝ်ဆိုင်မိဏ်း မန်းရိုင်း (ကျိုင်းတုံစော်ဘွားသားတော်)၏ သျှမ်းပြည်နှင့် ဗြိတိသျှအင်ဘာယာချဲ့ထွင်မှု The Shan State and British Annexation – Sao Saimong Mangrai စသည်တို့ ဖြစ်ပါသည်။

“ကျနော်တို့လဲသာမန်ပြည်သူဘဲဆိုတော့ တော်ဝင်မျိုးနွယ်တွေရေးတဲ့စာအုပ်တွေဘဲဖတ်ရရင်  သူတို့တွေဟာ သူတို့ရဲ့ ဖခင်ဘက်ကကာကွယ်ရေးသားထားတယ်လို့ ထင်မြင်ယူဆနိုင်တယ်၊ အခုက စော်ဘွားမဟုတ်တဲ့ သာမာန်ပြည် သူတစ်ဦး ရေးသားထုတ်ဝေတယ်ဆိုတော့ ၊ အားလုံးဖတ်သင့်တယ်လို့ တိုက်တွန်းချင်တယ်” ဟု ဆက်ပြောပြ၏။ စာအုပ်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁15. 99$  (B 567)  ဖြင့်ရောင်းချပေးနေကြောင်းသိရသည်။

စာရေးသူ ဟင်နရီ - အောင်းဒရေး အေး Henry – Andre Aye  (၅၆ နှစ်) သည် သျှမ်းပြည်စော်ဘွားစနစ်ကို ဆန့်ကျင် တိုက် ခိုက်သူ (ယခင်သျှမ်းပြည်နယ်ဥက္ကဌ) နမ့်ခမ်း ဦးထွန်းအေး၏သားဖြစ်သည်။ ဟင်နရီသည်တောင်ကြီး ဇာတိ ဖြစ်ပြီး ပြင်သစ် နိုင်ငံ ပဲရစ်မြို့၊ အမေရိကန် နိုင်ငံ နယူးယောက်မြို့ နှင့် ဂျာမဏီနိုင်ငံ ဂျီနီဗာမြို့များ၌နေထိုင်ခဲ့ဖူး သည်ဟု စာအုပ်ပါကိုယ်ရေး မှတ်တမ်း အရသိရသည်။