ဝ ပြည် နှစ် ၂ဝ ပြည့်ပွဲနောက်ဆုံးရက် ပန်ဆန်းတွင် မီးအကြီး အကျယ်လောင်

ဝ ပြည် နှစ် ၂ဝ ပြည့်ပွဲနောက်ဆုံးရက် ပန်ဆန်းတွင် မီးအကြီး အကျယ်လောင်
ဝ ပြည်ငြိမ်းချမ်းရေးနှစ် ၂ဝ ပြည့် အခမ်းအနား ပန်ဆန်းမြို့တော်၌ ယခုလ ၁၅ ရက် မှ ၁၈ အထိ ကျင်းပနေချိန်တွင် ဝ ထိပ်တန်းပုဂ္ဂိုလ်ပိုင် သစ်ဂိုဒေါင်ကြီးနှင့် ဓါတ်ဆီဆိုင်တဆိုင် မီးအကြီးအကျယ် လောင်ကျွမ်းကြောင်း တရုပ်နယ်စပ်သတင်း ရပ် ကွက် ဆို ...

ဝ ပြည်ငြိမ်းချမ်းရေးနှစ် ၂ဝ ပြည့်အခမ်းအနား ပန်ဆန်းမြို့တော်၌ ယခုလ ၁၅ ရက် မှ ၁၈ အထိ ကျင်းပနေချိန်တွင် ဝ ထိပ် တန်းပုဂ္ဂိုလ်ပိုင်သစ်ဂိုဒေါင်ကြီးနှင့် ဓါတ်ဆီဆိုင်တဆိုင် မီးအကြီးအကျယ်လောင်ကျွမ်းကြောင်း တရုပ်နယ်စပ်သတင်း ရပ် ကွက် ဆိုပါသည်။

UWSP/UWSA ဌာနချုပ် ပန်ဆန်းမြို့တော်ရှိ ဝ တောင်ပိုင်း ၁၇၁ စစ်ဒေသ ခေါင်းဆောင်ဝေ့ရှော်ကန်းပိုင်သစ်ရုံကြီးတရုံနှင့် ဓါတ် ဆီဆိုင်တဆိုင်အား ယခုလ ၁၈ ရက် မနက် ဝ၉းဝဝ နာရီမှ ၁၉ ရက် မနက် ဝ၆းဝဝ နာရီအထိ ၂၁ နာရီကြာ မီးလောင် မှု ဖြစ် ပွားခဲ့ရာ ကျွန်းသစ်နှင့်အခြားသစ်မာတန်ချိန်ထောင်ချီ၊ ဓါတ်ဆီဆိုင်တဆိုင်၊ မော်တော်ကားများ မီးထဲပါသွားကြောင်း ပန်ဆန်း ရှိ ဝ အရာရှိတဦးက သျှမ်းသံတော်အား ပြောပြပါသည်။

“၁၈ ရက် မနက်ပိုင်းမှာ တရုပ်နှစ်ယောက်က ဓါတ်ဆီဆိုင်ခေါင်မိုးပေါ်တက်ပြီး ဝေလ်ဒင်(ဂဟေ)ဆော်တယ်။ သံဂဟေက ထွက်တဲ့ မီးခဲမီးပွင့်တွေ လှောင်ထားတဲ့ဓါတ်ဆီကိုလွှင့်စင်ထိတော့ မီးစလောင်တယ်။ သံဂဟေဆော်တဲ့ တရုပ်နှစ်ယောက် လုံးလဲ မီးမြိုက်ခံလိုက်ရတယ်။ သေတော့မသေဘူး။ သူ့လူဘဲဆိုတော့ အရေးယူမလား မပြောတတ်ဘူး။  လှောင်ထားတဲ့ ဓါတ်ဆီအားလုံး၊ သစ်ဂိုဒေါင်က ကျွန်းသစ်တွေနဲ့ အခြားသစ်မာတွေတန် ၁,ဝဝဝ ကျော်၊ မော်တော်ကားက ၄ စင်း မီးထဲ အကုန် ပါသွားတယ်”

လှောင်ထားသည့်ဓါတ်ဆီကြောင့် အပြင်းအထန်ပေါက်ကွဲပြီး ငြိမ်းသတ်ဖို့ အခက်အခဲကြံတွေ့ရကြောင်း၊ မီးအညွန့်ကျိုးမှ ငြိမ်းသတ်နိုင်ကြောင်း၊ မီးလောင်မှုကြောင့် ဝှေ့ရှော်ကန်း၏ ရေရှည်စီးပွားရေးအတွက် “ဘာမှ မထိခိုက်”ဟု ထိုအရာရှိက ဆက်ပြောပြပါသည်။

“မီးလောင်တာက ၂၁ နာရီလောက်တောင်ကြာတယ်။ မြို့အပြင်ပိုင်းဘက် ကျလို့တော်သေးတာပေါ့။ မြို့ထဲမှာဖြစ်ရင်တော့  မလွယ်ဘူး။ သစ်တန်ချိန်ထောင်ကျော်ရှုံး တယ်ဆိုတော့ ကာလတန်ဖိုးတွက်ကြည့်ပေါ့၊ မီးလောင်မှုကြောင့် ဝေ့ရဲ ့ရေရှည် စီးပွားရေးအတွက် ဘာမှမထိခိုက်နိုင်ပါဘူး” ဟုဆို၏။

ဝေ့ရှော်ကန်းသည် ဝ တောင်ပိုင်းတပ်ဖွဲ့ စစ်ဒေသအမှတ် ၁၇၁ ၏ ခေါင်းဆောင်ဖြစ်ပြီး၊ မူးယစ်ဆေးဝါးကိစ္စနှင့် နာမည် ကြီးပြီး အမေရိကန်နိုင်ငံမှ အလိုရှိနေသည့်ပုဂ္ဂိုလ်ဖြစ်သည့်အပြင် ဗမာစစ်အစိုးရ၏သွေးခွဲစည်းရုံးမှုကြောင့် မြောက်ပိုင်း ပန်ဆန်း ဌာနချုပ်မှ ဦးဆောင်ခွဲထွက်ပြီး စစ်အစိုးရကာကွယ်ရေးဝန်ကြီးဌာနအောက် ဝင်မည်ဟုလည်း သတင်းထွက်နေ သည်။

ဝ တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်၌ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ မှ ခွဲထွက်ခဲ့ပြီး ဝပြည်သွေးစည်း ညီညွတ်ရေး ပါတီ UWSP / UWSA    ဖွဲ့စည်းထူထောင်ခဲ့သည်။ ယခုလ ၁၈ ရက်နေ့ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထူထောင်ခြင်း နှစ် ၂ဝ ပြည့် အခမ်းအနားကျင်းပနေချိန် မီးလောင်မှုဖြစ်ပွားခြင်းမှာ ရှို့မီးဟုသတင်းထွက်နေသော်လည်း အမည်မဖေါ်လိုသူ ဝ အရာရှိတဦးက ရှို့မီးမဟုတ်ကြောင်းအတည်ြုပပြောဆိုသည်။