ရွှေ့ပြောင်းအလုပ်သမား နိုင်ငံကူးလက်မှတ် ထိုင်းအစိုးရစတင်အကောင် အထည်ဖော်

ရွှေ့ပြောင်းအလုပ်သမား နိုင်ငံကူးလက်မှတ် ထိုင်းအစိုးရစတင်အကောင် အထည်ဖော်
ယခုလမှစ၍ ထိုင်းနိုင်ငံ၌ အလုပ်သမားကဒ်ဖြင ့်အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံသားများအားလုံး နိုင်ငံကူးလက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်နိုင်ရန် ထိုင်းအစိုးရ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ချင်းမိုင်အခြေစိုက် အေအမ် ရေဒီယို အသံလွှင့်ဌာန သျှမ်းအစီအစဉ်က ထုတ်လွှင့် ...

ယခုလမှစ၍ ထိုင်းနိုင်ငံ၌ အလုပ်သမားကဒ်ဖြင ့်အလုပ်လုပ်ကြသည့် မြန်မာနိုင်ငံသားများအားလုံး နိုင်ငံကူးလက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်နိုင်ရန် ထိုင်းအစိုးရ စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ချင်းမိုင်အခြေစိုက် အေအမ် ရေဒီယို အသံလွှင့်ဌာန သျှမ်းအစီအစဉ်က ထုတ်လွှင့်သည်။

“အလုပ်သမားကဒ်ကိုင်ဆောင်တဲ့ သူတွေအားလုံး ကိုယ်ကဘယ်တိုင်းပြည်ကလာတယ်ဆိုတာမြို့ နယ်ရုံးကို အကြောင်း သွား ကြားထားရတယ်။ ထိုင်းလို ရေးတတ်ရင် ထိုင်းဘာသာ၊ ဒါမှမဟုတ်မြန်မာလိုဖြည့်လဲရတယ်။ အင်္ဂလိပ်လို ဖြည့် လဲရတယ်။ ကိုယ်ရေးမှတ်တမ်းအတွက် စာရင်းသွားထားလို့ရတယ်။ ဒီလကစပြီး လက်ခံ နေပြီလို့ပြောတယ်” ဟု သျှမ်းဘာသာအသံ လွှင့်သူ နန်းဟိန်းခမ်းကဆို၏။

ရွှေ့ပြောင်း အလုပ်သမားများအတွက် ထိုင်းအစိုးရ နှင့် ဗမာစစ်အစိုးရ ပူးပေါင်းဆောင်သည့် နိုင်ငံကူးလက်မှတ် လုပ်လို သူသည် - (၁) နိုင်ငံသားဖြစ်ကြောင်း သက်သေ အထောက်အထားကဒ်ပြား (မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကဒ်ပြား) ရှိရ မည်။ (၂) ထိုင်းအစိုးရထုတ်ပေးသော အလုပ်လုပ်ခွင့် ကဒ်ပြားရှိသူဖြစ်ရမည်။ ထိုနှစ်ချက်ပြည့်စုံသည့် ရွှေ့ပြောင်းအလုပ် သမား တဦးက ၂ လက်မ ဓါတ်ပုံ ၂ ပုံ နှင့်အတူ ကိုယ်ရေးမှတ်တမ်း စတင်လက်ခံထားပြီ ဖြစ်ကြောင်း၊ အလုပ်သမားကဒ် မရှိသည့် သူများအတွက် အစီအစဉ်သစ် မရှိသေးကြောင်း ထိုင်းအလုပ်သမားခန့်ထားရေးဌာနကဆိုသည်။

“အခု ဗမာနိုင်ငံသား ဖြမ်မဖြစ် စိစစ်ပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးနိုင်ဖို့ ရွှေ့ ပြောင်းအလုပ်သမားတွေတွက် ဗမာ အစိုးရက ဗန်ကောက်မှာNationalities Verification Co – coordinating Unit   ရုံးဖွင့်ထားပေးတယ်။ အခြားနယ် မြို့နယ်တွေ မှာလဲ ရုံးခွဲ ဖွင့်ထားတယ်။ ဗန်ကောက်ရုံးဖုန်းက ၀၈၅ ၄၈၉ ၄၃၁၂ , ၀၈၅ ၄၈၉ ၄၃၁၃ , ၀၈၅ ၄၈၉ ၄၃၁၄,  ၀၈၅ ၄၈၉ ၄၃၁၅ , ၀၈၅ ၄၈၉ ၄၃၁၆, ၀၈၅ ၄၈၉ ၄၃၁၇၊ ချင်းမိုင်မှာတော့ ၀၅၃ ၂၂၃ ၈၅၅, ၀၅၃ ၂၂၃ ၈၅၆ သိလိုတဲ့ အချက်ကို ရုံးချိန်မှာ ဆက်သွယ် မေးမြန်းနိုင်တယ်။ သူတို့လဲ မတ်ချ် ၂ ရက် ကစပြီးလက်ခံ နေပြီလို့ပြောတယ်၊ လောလောဆယ် နိုင်ငံသားအသိအမှတ်ပြု လျှောက်လွှာ တင်သူတွေ အတွက်တော့ တပြားမှ ကုန်စရာမလိုဘူး။” ဟု ချင်းမိုင်အခြေစိုက် အလုပ်သမား ရှာဖွေခန့်ထားရေး ဌာန မှ တာဝန်ရှိ တဦးကဆို၏။

နိုင်ငံကူး လက်မှတ်အတွက်စာရင်း သွားသွင်းထားကြသည့် ရွှေ့ပြောင်းအလုပ်သမားများမှာ ဗမာပြည်နိုင်ငံသား စီစစ်ရေး ကဒ် ရှိ သူရောမရှိသူပါ မိမိကိုယ်ရေး ရာဇဝင်မှန် ထုတ်ဖေါ်ဖြည့်စွက်ခြင်း မရှိဟုဆိုကြသည်။ ၂၀၀၆ - ၂၀၀၇ နှစ်တွင် လည်း ယခု ကဲ့သို့ နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်ဗွီဇာ ထုတ်ပေးရန် အကောင်အထည်ဖော်သော်လည်း လောဝ် နှင့် ကမ္ဘောဒီး ယားတို့သာ အောင်မြင်သွားပြီး မြန်မာအလုပ်သမားများကတော့ ယခုထိ ပြဿနာ သောင်းခြောက် ထောင် ကြံုတွေ့ နေရဆဲဖြစ် သည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ချင်းမိုင်တွင် ၁၀ နှစ်နီးပါး အလုပ်ကြမ်းဘဝ လုပ်ကိုင်သူတဦးက- “ဟိုတုန်းကလဲ အဲလို တခါ လာကောက်ဖူးတယ်။ ကျနော့်မှာဗမာမှတ်ပုံတင်မရှိဘူး။ မိဘအမည်နေရပ်ဒေသ အမှန်သွားဖြည့်ပြီး ပို့ပေးရင် စိတ်မချရဘူး။ ဗမာစစ်သားတွေ အိမ်ကိုသွားပြီး ဟိုညစ်ဒီညစ် လုပ်မှာစိုးရိမ်တယ်။ အများစုကတော့ မှတ်ပုံတင်ရှိ လည်းမရှိဘူးလို့သွားပြော ကြမယ်လို့ပြောတယ်”ဟုဆို၏။

၄င်းနှင့်ပတ်သက်၍ နန်းဟိန်းခမ်းက -“အိမ်ကိုသွားပြီး စစ်အစိုးရမဟုတ်တာလုပ်မှာတော့မထင်ဘူး။ ထိုင်းဘက်ကလဲပြော ထားတယ်၊ နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီးတခုခုဖြစ်ရင် ထိုင်းအစိုးရဆီတိုင်ကြားနိုင်တယ်လို့ပြောတယ်။ ဘာလို့လဲဆို တော့ ရွှေ့ပြောင်းအလုပ်သမား ပြဿနာအခက်အခဲမဖြစ်အောင် ထိုင်းကတာဝန်ယူဆောင်ရွက်ခဲ့တာဘဲ” ဟုဆိုသည်။

ထိုင်းနိုင်ငံ တရားဝင်အလုပ်သမားကဒ်မှ နိုင်ငံကူးလက်မှတ် အလုပ်လုပ်ခွင့်ဗီဇာ ပြောင်းလုပ်ရာတွင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း ၃ မြို့နယ်၌လက်ခံ လုပ်ပေးမည်ဖြစ်သဖြင့် လျှောက်ထားသ ူအားလုံးအတွက် ထိုင်းအာဏာပိုင်များ ခရီးသွား လက်မှတ် ထုတ်ပေးမည်ဟုဆို၏။ မြန်မာဘက်ခြမ်း၌ ကျပ်ငွေ ၃,၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး၊ ထိုင်းဘက်၌ ဘတ်ငွေ ၅၀၀၊ ထို့အပြင် မိမိအလုပ်လုပ်ရာ မြို့နယ်အလုပ်သမားခန့်ထားရေးဌာန၌ ဘတ် ၃,၈၀၀ ကုန်ကျ မည် ဖြစ်ကြောင်း၊ မြန်မာဘက် တွင် နိုင်ငံတော်ဝင်ငွေခွန် တနှစ်ဘယ်လောက်ထပ်ထည့်ရမည်ကိုတော့ မသိရကြောင်း နန်းဟိန်းခမ်း ကဆိုပါသည်။

ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် ထိုင်းနိုင်ငံသည် ယခုနှစ် ၂၀၀၉ တွင် အလုပ်လက်မဲ့လူဦးရေ ၂ သန်းထိရှိနိုင်ပြီး အများအားဖြင့် တခြားတိုင်းပြည်မှလာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်မည်ဟုဆိုသည်။