ကချင်ပြည်နယ် မန်စီမြို့နယ် နောင်ကျွှမ်းရွာသား စိုင်းလှဝေအသက် (၃၃) နှစ်သည် မတ်လ (၂ဝ) ရက်နေ့တွင် ဒေသခံ မူးယစ်ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါနေ့ နံနက်ပိုင်း (၆) နာရီကျော်ခန့်၌ မူးယစ်ရဲလှည့်ကင်းအဖွဲ့က နမ့်ခမ်းမြို့နယ် နောင်မွန်းကျေးရွာ ဝါးရုံ တောအနီးတွင် စိုင်းလှဝေပါ ရွာသားသုံးဦးအား တွေ့ရှိရာမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် စိုင်းလှဝေအား ထိမှန်သေ ဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူ၏ တူတော်စပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။၊
“နမ့်ခမ်းမူးယစ်အဖွဲ့ ကွင်းဆင်းတော့ နောင်မွန်းရွာ ဝါးရုံတောထဲမှာ ဘိန်းစား ၃ ယောက်ပေါ့ အဲလို ထင်ပြီးဝိုင်းခံ လိုက်ရတယ် အဲတော့သူတို့ ၃ ယောက်က ဝါးတောထဲကနေ လယ်ကွင်းဘက်ကို ထွက်ပြေးသွားတယ် ရဲထဲက တစ် ယောက်က သေနတ်နဲ့ပစ်တော့ စိုင်းလှဝေကိုထိပြီး သေသွားတယ်” လို့ ပြောသည်။
သေဆုံးသွားသူ စိုင်းလှဝေ၏ ရုပ်အလောင်းအား နမ့်ခမ်းမြို့နယ် ဆေးရုံသို့ သယ်ဆောင်သွားကာ ရင်ခွဲစစ်ဆေး မှုများ ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်အကြာတွင် မိဘများထံပြန်လည် လွဲပြောင်း ပေးအပ်ခဲ့ကြောင်းနှင့် နစ်နာကြေး အဖြစ် ကျပ်ငွေ (၃)သိန်း အလျှော်ပေးခဲ့ကြောင်း သူက ပြောသည်။
သေဆုံးသူ၏ မိဘများမှာ အဘ ချင်းခမ်းစွိုက် အိုက်ထွန်းနှင့်အမိ နန်းစွိုက်ငင်းလျှှံ တို့ဖြစ်ကြပြီး အမိတစ်ဦးတည်း သာ ယခုထိ အသက်ရှိနေထိုင်လျှက်ရှိကြောင်း သိရသည်။
ရှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် ကချင်ပြည် မန်စီမြို့နယ်တို့သည် နယ်စပ်ခြင်းထိကပ်လျှက်ရှိပြီး မူးယစ် ဆေးရောင်းဝယ် ဖေါက်ကားမှု ထူပြောသောနေရာ လည်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
တာဝန်ရှိ မူးယစ်ရဲတပ်ဖွဲ့ဝင်များက ယခုလို မူးယစ်ဆေးသုံးစွဲသူဟု သံသယဖြစ်ခံရရုံဖြင့် သေနတ်ဖြင့် အသေပစ်သတ် လိုက်သော်လည်း ရောင်းဝယ်ဖေါက်ကားသူများကိုမူ နှိမ်နှင်းခြင်းမရှိဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။
နောက်ထပ် ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ သူက ဟုတ်မှန်ကြောင်း အခုလိုပြောသည် “မန်ဝိန်းကြီး ဘက်မှာ ပစ်သတ်ခံရတယ်” ဟု သူကပြောသည် ၊၊