ကချင်ပြည်နယ်တွင် အဖိုးတန်ကျွန်းသစ်နှင့်အခြားသစ်မာမျိုးစုံ ရောင်းဝယ်မှုများကျယ်ကျယ်ပြန့်ပြန့် ပြီးသစ်တော ခုတ်ထွင်မှုများလည်း ကြီးထွားနေဆဲဖြစ်ကြောင်းသိရသည်။
ဧရာဝတီမြစ်အရှေ့ခြမ်း ဆင်ဘိုမြို့နယ်အောက်ဘက်ရှိ ပထမမြစ်ကျဉ်းတစ်ဝိုက်နှင့် မံစီမြို့နယ်များ၌် ၎င်းမြစ်အ နောက်ဘက်ခြမ်း မိုးညှင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်ကြားသစ်တောများ အင်းတော်ကြီးရေအိုင် တစ်ဝိုက် သစ်တော ကြီးများတွင် သစ်ထုတ်လုပ် ရောင်းဝယ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
ယခုအခါ ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးလာပြီး စီးပွားရေးကြပ်တည်းလာသဖြင့် သစ်အရောင်းအဝယ် လုပ်ငန်း များတွင်ကုမ္ပဏီကြီးများသာမက ဒေသခံများပါတစ်ပိုင်တစ်နိုင် ပါဝင်လုပ်ကိုင်နေကြကြောင်း ဒေသခံသစ်လုပ် ငန်းရှင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောကြားသည် ၊၊
“ရွာလုံးကျွတ် ကျွန်းပဲလုပ်နေကြတယ်၊ အလုပ်အကိုင်မရှိလို့လုပ်ကြတာပါ၊ အမြတ်ကတော့ ဘာမှရတာမဟုတ် ပါဘူး၊ ပေးပြီးကမ်းပြီး လုပ်ရတာဆိုတော့သိပ်မကျန်ဘူး” ဟု ဒေသခံသစ်ကုန်သယ်ကပြောသည်။
မကြာသေးမှီက မြန်မာ့စီးပွားရေးလောက၌ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် ထူးထရေးဒင်းကုမ္ပဏီက သစ်တော ထိန်းသိန်းရေးလုပ်ငန်းအတွက် ထူးဖေါင်ဒေးရှင်းဖွဲ့စည်းပြီး ဆောင်ရွက်မည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ သျှမ်းသံ တော်ဆင့်က ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်မှ ဥက္ကဌဦးအောင်ဝါအား မေးမြန်းရာ သူ့အမြင်ကိုအခုလိုထုတ် ဖေါ်ပြောသည်။
ယခင်က သစ်ခုတ်ရောင်းချမှု လုပ်ငန်းတွင် ကုမ္ပဏီအငယ်လေးများသာလုပ်ကိုင်ကြသော်လည်း ယခုအခါ ကုမ္ပဏီ အကြီးများကပါ ဝင်ရောက်လုပ်ကိုင်နေသဖြင့် သစ်ခုတ်မှုလျော့ကျသွားစရာမရှိကြောင်း၊ မြစ်ချောင်းများနှင့် သ ဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများနှင့်စစ်အာဏာပိုင်များ၏လုပ်ရပ်များကို စောင့်ကြည့်နေသည့် ကချင်လူမှု့ဖွံ့ဖြိုး ရေးကွန်ယက်မှ ဦးအောင်ဝါက ပြောသည် ။
“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ပူတာအိုဘက်မှာ တိရိစ္ဆာန်ဥယျာဉ်တွေလုပ်နေတာတွေ ရှိတယ်။ ဒါမျိုးတွေနဲ့ နိူင်ငံတကာကိုမက်လုံးပေးပြီး အကူအညီရအောင်
ဟန်ပြလုပ်နေတာဖြစ်တယ်။ တကယ်တမ်းထူးကုမ္ပဏီ ကိုယ်တိုင်သစ်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတော့ တစ်ဘက်ကသဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်း မယ်ဆိုတာ အောင်မြင်ဖို့သိပ်မမြင်ပါဘူး” ဟုပြောသည်။
“သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်းရှိ ထူးကုမ္ပဏီပိုင်သစ်လုံးအပုံကြီးတွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့လောက်နီး နီးရှိသည်ဟုလည်း” ထိုင်းနိုင်ငံခရီးသွားတဦးက ပြောသွားသည် ။
သစ်မှရရှိသည့် အကျိုးအမြတ်များကို နအဖအာဏာပိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူများ တရုတ်သစ်ကုမ္ပဏီများကသာ ခံစားကြရပြီး ဒေသခံလူထုအတွက် အကျိုးခံစားခွင့်မရှိကြောင်းကိုလည်း သူက ထောက်ပြပြောဆိုသည် ၊၊
“သစ်ခုတ်နေတဲ့အပိုင်းမှာက အရင်က တရုတ်ကုမ္ပဏီ သေးသေးလေးတွေပဲဝင်တယ်။ ခုကကုမ္ပဏီအကြီးတွေပါ ဝင်ရောက်လုပ်ကိုင်နေတယ် နအဖကနေဒီသစ်လုပ်ငန်းက ဝင်ငွေအများအပြားရနေတယ်၊ သူတို့ကိုယ်တိုင် လုပ်စ ရာမလိုဘူး လက်ငြိုးထိုးရောင်းစားပြီးမှကန်ထရိုက်တွေပေးလိုက်တယ်၊ အမြတ်အစွန်းတွေအများကြီးရတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ သစ်လုပ်ငန်းပိတ်ဖို့ဆို တာခက်နေတယ် ” လို့ သူကပြောသည် ၊၊
ကချင်ပြည်နယ်တွင် သစ်ခုတ်မှုအပါအဝင် သယံဇာတတူးဖေါ်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဆိုးဝါးစွာဖြစ်ပေါ်နေပြီး ဒေသခံလူထုအဖို့ ဆိုးကျိုးများနှင့် ရာသီဥတုပြောင်းလဲ ဘေးဒုက္ခများ သိသိသာသာ ခံစားနေရသည်။
အထူးသဖြင့် ဖားကန့်ဒေသသည် အပူအအေးမညီမျှမှုများနှင့် မိုးများခြင်းမိုးခေါင်ခြင်းများ ဖြစ်ပေါ်လျှက်ရှိကာ ဥရုချောင်းရေလည်း ရေစီးလမ်းကြောင်းများ ပျောက်ကွယ်လျက်ရှိကြောင်း သိရသည်။
သျှမ်းပြည်ရှိ အင်းလေးကန်ပြီးလျှင် ဒုတိယအကြီးဆုံးဖြစ်သည့် အင်းတော်ကြီးအိုင်သည် သစ်တောများ ဆုံးရှုံံးမှု ကြောင့် အနာဂတ်အဖို့စိုးရိမ်ဘွယ်ရာရှိနေကြောင်း ဥက္ကဌ ဦးအောင်ဝါက ပြောကြားခဲ့သည်။