မှတ်ပုံတင်လုပ်ပေးမည့် ၀န်ထမ်းများ UWSA နယ်မြေအတွင်း ၀င်ခွင့်မရသေး

မှတ်ပုံတင်လုပ်ပေးမည့် ၀န်ထမ်းများ UWSA နယ်မြေအတွင်း ၀င်ခွင့်မရသေး
ရှမ်းပြည်(မြောက်ပိုင်း) ပန်ဆန်းအခြေဆိုက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် ၀ပြည် သွေးစည်း ညီညွတ်ရေးပါတီ (ခေါ်) UWSPက  ဗမာစစ်အာဏာပိုင်းများ ၄င်းနယ်မြေအတွင်း နိူင်ငံသားစီစစ်ရေး ကဒ်ပြုလုပ်ခြင်းကို တားမြစ်ထားကြောင်း သိရ ...

ရှမ်းပြည်(မြောက်ပိုင်း) ပန်ဆန်းအခြေဆိုက် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ၀ပြည် သွေးစည်း ညီညွတ်ရေးပါတီ (ခေါ်) UWSPက  ဗမာစစ်အာဏာပိုင်းများ ၄င်းနယ်မြေအတွင်းနိူင်ငံသားစီစစ်ရေး ကဒ်ပြုလုပ်ခြင်းကို တားမြစ်ထားကြောင်း သိရသည်။

အာဏာပိုင်များက ၀အဖွဲ့နှင့်မဟာမိတ်လုပ်ထားသည့်  မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (ခေါ်) MNDAAအဖွဲ့နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော်(ခေါ်)NDAAအပစ်ရပ်လက်နက်ကိုင်အဖွဲ့နယ်မြေ များ တွင် ဖေဖေါ်ဝါရီလဆန်းပိုင်းမှစတင်ကာ  နိူင်ငံသားစီစစ်ရေးကဒ်များပြုလုပ်ပေးနေသော်လည်း ၀ နယ်မြေ အတွင်း ၀င်ရောက်ခွင့်ကိုမူ တားမြစ်ခံထားရခြင်းဖြစ်သည်။

လတ်တလောအချိန်တွင် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက ၀န်ထမ်းများဝင်ရောက်ခွင့်ကိုတားမြစ်ထားသော် လည်း  နောက်ပိုင်းတွင် ၀င်ခွင့်ပြုမည်မပြုမည်ကို ပြန်လည်စဉ်းစားမည်ဟု အကြောင်းပြန်ထားကြောင်းဒေသတွင်း သတင်းများအရ သိရသည်။

နယ်စပ်တွင် နှစ်ပေါင်းများစွာနေထိုင်လာသည့် စစ်ရေးအကဲခတ်ဦးအောင်ကျော်ဇောအားသျှမ်းသံတော်ဆင့်က မေးမြန်း ရာတွင် အဆိုပါ သတင်းမှန်ကန်ကြောင်း အခုလိုပြောသည်။

“ဟုတ်တယ် ကိုးကန့်နဲ့ မုံးလားလည်းအဲဒီလိုလုပ်တာပဲ။ ၀အဖွဲ့တစ်ခုပဲလက်မခံသေးတာ ၀နယ်ကတော့ပေးမလုပ်ဘူး။ သူတို့ (နအဖ) ၀င်ခွင့်မရဘူး။ ဧပြီလ (၁ရ)ရက်နောက်ပိုင်းမှကျနော်တို့စဉ်းစားမယ် လို့အကြောင်းပြန်ထားတယ် ” လို့ သူကပြောသည်။

ထိုသို့နယ်မြေဝင်ခွင့်မပေးရခြင်းမှာ လာမည့်ဧပြီလ(၁ရ)ရက်နေ့တွင် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA/ UWSP ထူထောင်ခြင်း အနှစ် 20 ပြည့်မှ ပွဲလုပ်မည်ဖြစ်ပြီး နောက်ပိုင်းမှ တစ်ခုခုအကြောင်းပြန်မည်ဖြစ်ကြောင်း သိရသည်။

“မှတ်ပုံတင်လုပ်တယ်ဆိုတာ ရွေးကောက်ပွဲအတွက်ပြင်တာပေါ့။ အရင်တစ်ခေါက်တုန်းကလည်းလုပ်ပေးပြီးပြီ ရွေးကောက်ပွဲအတွက်ဆိုတော့သူတို့က(၀) သဘောတူနိူင်မယ်မထင်ဘူး ” ဟု သူကပြောသည ။

ကိုးကန့်အဖွဲ့နယ်မြေတွင် ဖေဖေါ်ဝါရီလဆန်းပိုင်းကတည်းကစတင်၍  ၀န်ထမ်းအင်အား (၁၅၀)ကျော်ဖြင့်နိုင်ငံသား စီစစ်ရေးကဒ်များပြုလုပ်ပေးနေခြင်းဖြစ်ပြီးယနေ့အထိလုပ်ပေး နေဆဲဖြစ်ကြောင်း ချင်းရွေဟော်ဒေသခံကုန်သည် တစ်ဦးကပြောသည်။

ယခုလို ကိုးကန့်နယ်မြေအတွင်းနိူင်ငံသားစီစစ်ရေးကဒ်လုပ်ပေးသည်ဆိုသော်လည်းကဒ်ပြားများယနေ့တိုင်ရရှိခြင်း မရှိသေးကြောင်း အဆိုပါဒေသခံပြောပြချက်အရ သိရသည်။