မူဆယ်တွင် (၄၃)ကြိမ်မြောက် မဟာသတိပဌာန် ညီလာခံပွဲကြီး ကျင်းပ

မူဆယ်တွင် (၄၃)ကြိမ်မြောက် မဟာသတိပဌာန် ညီလာခံပွဲကြီး ကျင်းပ
by -
စိုင်းအောင်
သျှမ်းပြည်(မြောက်ပိုင်း) မူဆယ်မြို့ စယ်လန့်ကျေးရွာတွင်  သျှမ်းပြည်လုံးဆိုင်ရာ ကမ္မဋ္ဌာန်းတိုက် သာသနာ နုဂ္ဂဟ အဖွဲ့များ၏ ညီလာခံပွဲတော် ကြီးအား ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့ မှ (၂၆)ရက်နေ့အထိ (၅)ရက်ကြာ ကျင်းပကြောင်း သိရ ...

သျှမ်းပြည်(မြောက်ပိုင်း) မူဆယ်မြို့ စယ်လန့်ကျေးရွာတွင်  သျှမ်းပြည်လုံးဆိုင်ရာကမ္မဋ္ဌာန်းတိုက်သာသနာ နုဂ္ဂဟ အဖွဲ့များ၏ ညီလာခံပွဲတော် ကြီးအား ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့ မှ (၂၆)ရက်နေ့အထိ (၅)ရက်ကြာကျင်းပကြောင်း သိရသည်။

အဆိုပါညီလာခံကြီးသို့ သျှမ်းပြည်လုံးဆိုင်ရာ အနယ်နယ်အရပ်ရပ်မှ ဖိတ်ကြားခံရသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးအပါး (၃၀၀)ကျော်နှင့် ကမ္မဌာန်းတိုက် ကိုယ်စားလှယ်တော် (ရဝဝ၀)ကျော် ပါ၀င်တက်ရောက်ကြောင်း တက်ရောက်သူ အလှူရှင်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကြည်ညိုသဒ္ဒါတရားထက်သန်သည့် တရုပ်နိုင်ငံဘက်မှ ဗုဒ္ဓဘာသာဝင် သျှမ်းလူမျိုးများနှင့်ဒေသခံပြည်သူများနှင့်ကပါ သွားရောက်တရားနာ ယူကြသဖြင့် ကြိတ်ကြိတ်တိုး စည်ကားပြီး ပရိတ်သတ်ဦးရေ တစ်သောင်းခွဲကျော်ခန့် ရှိကြောင်း သူက ပြောပြသည်။

ညီလာခံကြီးကျင်းပချိန်တွင်အစီအစဉ်(၆)ခုပါ၀င်ပြီး ပထမဆုံးအနေဖြင့် နမောသဿ သုံးကြိမ်ရွတ်ဖတ်သရဇ်စျာယ်ကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။

အခြား အစီအစဉ်များတွင်  သတိပဋ္ဌာန်ကမ္မဋ္ဌာန်းတရားတော် ဥက္ကဌမှအဖွင့်အမှာ စကားပြောကြားခြင်းဖြစ်ပြီး  ညီလာခံကြီးစတင် ပေါ်ပေါက် လာပုံအကြောင်းနှင့် သတိပဋ္ဌာန်ကမ္မဋ္ဌာန်းတရားတော်၏ စည်းကမ်းချက်များ ၀ိနည်းတော်များ အကြောင်းကိုလည်း အကျယ်တဝင့် ဟောပြော သွားကြောင်းဆိုသည်။

တက်ရောက်လာကြသည့် ရဟန်းရှင်လူ ကိုယ်စားလှယ်တော်ကြီးများနှင့် ဧည့်သည်တော်သာသနာနုဂ္ဂဟအဖွဲ့ဝင်များ ကလည်း မိမိတို့ ဆွေးနွေး လိုသည် များကို တင်ပြဆွေးနွေးကြ ကြောင်း သိရသည် ။

နောက်ဆုံးအစီအစဉ်အနေဖြင့် ဗုဒ္ဓသာသနာစိယံသိတ်သတုရွတ်ဖတ်သရဇ်စျာယ််ကာ ရေစက်ချအခမ်းအနားဖြင့် အခမ်းအနား ရုတ်သိမ်း ကြောင်း ဆိုသည် ။

မဟာသတိပဋ္ဌာန် ညီလာခံကြီးအား သျှမ်းပြည်ရှိကမ္မဋ္ဌာန်းကျောင်းတိုက်ရှိရာအရပ်များတွင် နှစ်စဉ်နယ်လှည့်ကျင်းပခဲ့ရာ ယခု(၄၃)ကြိမ် မြောက် အခမ်းအနားကို မူဆယ်မြို့နယ် စယ်လန့်စံပြကျေးရွာ ကမ္မဋ္ဌာန်းတိုက်၌စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်သည်။