လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေး အကျဉ်းသားများအတွက် ဘောင်ခတ်ထားဆဲ

လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေး အကျဉ်းသားများအတွက် ဘောင်ခတ်ထားဆဲ
by -
စိုင်းအောင်
နာမည်ဆိုးနှင့် ကျော်ကြားလှသော မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် အလုပ်ကြမ်း ရဲဘက်စခန်းများမှ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူ(၆၃၁၃) ဦးကို ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(၁) အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ဗမာ စစ်အာဏာပိုင်များက ဖေဖေါ်ဝါရီလ(၂၀) ရက်နေ့တွင် ထုတ်ပြန် ...

နာမည်ဆိုးနှင့်ကျော်ကြားလှသော မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့်အလုပ်ကြမ်းရဲဘက်စခန်းများမှနိုင်ငံရေးအကျဉ်းသား အကျဉ်းသူ(၆၃၁၃) ဦးကိုကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရလွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ဗမာစစ်အာဏာပိုင်များက ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

ထိုသို့ထုတ်ပြန်ပြီးနောက်တစ်ရက် ညနေပိုင်းမှစတင်၍ထောင်နှင့်အလုပ်ကြမ်းစခန်းအသီးသီးမှှအကျဉ်းသား/ သူ တစ်ယောက်ချင်းစီ၏ကိုယ် ရေးဆိုင်ရာနှင့်ပြစ်မှုဆိုင်ရာအသေးစိတ်အချက်အလက်များကိုတိကျစွာစီစစ်၍ လွတ်မြောက် ခွင့်ပေးလျက်ရှိသော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသော နိုင်ငံရေးအကျဉ်းသား/သူ ၂ ဒါဇင်ခန့်သာ ပြင်ပလောကသို့ ပြန်လည်လွတ်မြောက်ခွင့်ရရှိခဲ့သည်။

ဗမာစစ်အာဏာပိုင်များက သာမန်ရာဇဝတ်ပြစ်မှုများဖြင့် ထောင်ဒဏ်ကျခံနေရသူအမြောက်အများကို သက်ညှာစွာ စဉ်းစားဆုံးဖြတ်နိုင် သော်လည်းယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကိုတော့ အကန့်အသတ် ဘောင်အတွင်း ကသာ ဆုံးဖြတ်နေသဖြင့် စကာတင် ရွေးချယ်ခံရသော နိုင်ငံရေးအကျဉ်းသားလက်တစ်ဆုပ်ခန့်သာမလွတ်ချင် လွတ်ချင်နှင့် လွတ်မြောက်လာနိူင်ခဲ့ခြင်းဖြစ်သည်။

ဗမာစစ်အာဏာပိုင်များက ၄င်းတို့နှင့်သဘောထားမတိုက်ဆိုင်သူများကို နိုင်ငံရေးအရ ဆန့်ကျင်ဘက်အုပ်စုဟုခွဲခြား သတ်မှတ်ထားရှိကာ တိုင်းရင်းသားအခွင့်အရေးဆောင်ရွက်နေသူများ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက်ဆောင်ရွက် နေသူပေါင်း (၂၀၀၀)ကျော်ကို မည်ကာ မတ်တတ် တရားရုံးများဖြင့် ဥပဒေပုဒ်မ အမျိုးမျိုးတပ် စွဲချက်တင် ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားခြင်းလည်း ဖြစ်သည်။

၄င်းတို့စိတ်ထားများတွင် လူဟူသော အသိလေးတချက်မျှလောက် ၀င်ရောက်မည်ဆိုလျင်ပင်  တရားမျှတမှုနှင့်အဓမ္မ အကောင်းနှင့်အဆိုးကိုမှန်ကန်စွာ ခွဲခြားနိူင်မည်ဖြစ်ပြီး ကိုးကွယ်ရာ ဘာသာတရား ရှုထောင့်အရပင်လျင် အချုပ်အနှောင် တွင်း ကျရောက်နေသည့် အပြစ်မဲ့သူများအား ကုန်စင်အောင် လွတ်မြောက်ခွင့် ပြုလိုက်ခြင်းသည် နတ်လူသာဓုခေါ် မည်ပင် ဖြစ်လေသည်။

ယခုသော်ထို သို့မဟုတ် အချုပ်အနှောင်ခံနေရသည့် မိသားစုများဒုက္ခမရောက်ရောက်အောင်စိတ်ဆင်းရဲဒုက္ခအပေါင်း ကျရောက်စေရန် တမင်ရည်ရွယ်ချက်ထား၍ နယ်ဝေးထောင်များသို့ပို့ဆောင်ခြင်းဖြစ်ပြီး လိုင်စင်ရလူသတ်နေခြင်း သာဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ သာမန်လွတ်ငြိမ်းချမ်းသာခွင့်ရသည့် အကျဉ်းသားစာရင်းတွင် မပါ၀င်စေရန်နှင့်လွတ်ငြိမ်းချမ်း သာခွင့်ထဲပါ၀င်နေ လျှင် ပြည်ထဲရေးဝန်ကြီးနှင့်ထောင်ညွွှန်ချုပ်တို့ထံ ပြန်လည်တင်ပြကြရပြီး၄င်းတို့ကအတည်ပြုချက် ရမှသာ အဆိုပါနိူင်ငံရေးအကျဉ်းသားများ ကိုလွတ်မြောက်ခွင့်ပြုနေခြင်းဖြစ်သည်။

ထိုသို့ဆိုလျင် လွတ်မြောက်ခွင့်စာရင်းတွင်ပါ၀င်ပြီး အထက်က အတည်ပြုချက်မရသဖြင့် ကံဆိုးသွားရရှာသည့် အကျဉ်းသားဦးရေ မည်မျှရှိနေမည်နည်းထိုအမေးကို သူတို့သာလျင်အဖြေပေးနိုင်ပါလိမ့်မည်။

မြန်မာနိုင်ငံတွင် ဗမာစစ်တပ်အုပ်ချုပ်လေ ကတည်းက ထောင်နှင့်ကင်းသည့်မိသားစုဟူ၍ မရှိတော့ဟုပင် ပြောစမှတ် ပြုလာရသည် နိုင်ငံရေး လုပ်သူက နိုင်ငံရေးကြောင့်ထောင်ကျပြီး နိုင်ငံရေးကြောက်သည့် စီးပွားရေးသမားကုန်သည်  ပွဲစား ၀န်ထမ်းမှအစ ရဟန်းသံဃာအဆုံး တော်တော်များများကလည်း ထောင်နန်းစံနေရသည်အခြားတစ်ဘက် တွင်တော့ စစ်အာဏာပိုင်နှင့်နီးစပ်သူကလူသတ်မှု၊ ဘိန်းမှု၊ အကြမ်းဖက်မှု၊ ကုန်ကုန်ပြောရလျှင်ဘာပဲလုပ်လုပ် ယနေ့တိုင်လွတ်ငြိမ်းချမ်းသာခွင့်ရနေကြဆဲဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ကို မျော်လင့်ချက်ကြီးစွာထား၍ မိသားစုဝင်များက ထောင်ဗူးဝများတွင်အစာရည်စာများ ယူဆောင်၍ မိမိတို့အိမ်သားများ ပြန်လည်လွတ်မြောက်လာလေမလားဟု မောပန်းကြီးစွာရင်တမမနှင့်စောင့်မျှော် ရှာနေကြသည်။ သို့သော်နေသာကုန်သွားသည် မျှော်သူကပေါ်မလာတော့၍ စိတ်မကောင်းကြီးစွာ ပြန်ခေါက်ခဲ့ရသည့် မိသားစုများက ထုနှင့်ဒေးရှိနေသည်။
 
ယခု တိုင်းပြည်အုပ်ချုပ်နေသူတွေက အစိုးရမဟုတ်ဘူး အဆိုးရဖြစ်ကြောင်းပါတဲ့ထောင်ထဲကလွတ်ငြိမ်းချမ်းသာ ခွင့်ပေးလို့ ပြန်လည် လွတ်မြောက် လာသူအများစုကတော့ တပ်မတော်အက်ဥပဒေအရအရပ်ဘက်အကျဉ်းထောင် များတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် စစ်ပြေးများ စစ်စည်းကမ်းဖေါက်ဖျက်သည့် စစ်မှုထမ်းများနှင့် နိူင်ငံတော်ပစ္စည်း အလွဲသုံးစားလုပ်မှု ဖြင့်ထောင်ကျခံနေရသည့် ၀န်ထမ်းများပါ ၀င်ကြောင်း ထောင်ဝန်ထမ်းအသိုင်းအဝိုင်းကပြောပြကြ သည်။

နိုင်ငံရေးအကျဉ်းသားများကဲ့သို့ ဗမာစစ်အုပ်စု၏ အဓိကပစ်မှတ်အဖြစ်ထားခံရသူတွေကတော့တချိန်ကတန်ခိုးသြဇာ ကြီးမားခဲ့သည့် ဗိုလ်ချုပ်ခင်ညွှန့် ခေါင်းဆောင် စစ်ထောက်လှမ်းရေးအုပ်စုဝင်များ ဖြစ်ကြောင်းလည်းထောင်အာဏာပိုင် အသိုင်းအဝိုင်းက သိရသည်။

အလှူအတန်းပေးခြင်း၌တွင်ပင် သဒ္ဒါစိတ်စေသနာမပါ၀င်ပဲ ကြွားဝါလိုသည့်ဆန္ဒဖြင့်ပေးကမ်းပါက ကုသိုလ်အရာ မမြောက်ပဲ အပြစ်ဖြစ်တတ် သည်ကိုဆင်ခြင်ကြည့်လျှင် အကျဉ်းသားများအားလွတ်ငြိမ်းချမ်းသာခွင့်ပေးသည်ဆိုသည့် နာမည်ကောင်းရရုံသက်သက်ဖြင့် နတ်လှူသာ ဓုခေါ်ခံရမည်မဟုတ်ပဲ စစ်မှန်သောစေသနာသဒ္ဒါတရားဖြင့်မတရား ထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ အားလုံးကို ချွင်းခြက်မရှိလွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်မှသာ အများသူငါလက်ခုတ်သြဘာပေးကြမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။