ညောင်ရွှေဟော်နန်းအား နအဖစစ်အစိုးရက ဗုဒ္ဓပြတိုက်အဖြစ် ပြောင်းလဲ

ညောင်ရွှေဟော်နန်းအား နအဖစစ်အစိုးရက ဗုဒ္ဓပြတိုက်အဖြစ် ပြောင်းလဲ
ညောင်ရွှေမြို့ (ယခင်ညောင်ရွှေစော်ဘွားဟော်နန်း) သမိုင်းပြတိုက်ကို ဗမာစစ်အစိုးရက ဗုဒ္ဓပြတိုက်အဖြစ် ပြောင်းလဲလိုက် ကြောင်း ဒေသခံသတင်းရပ်ကွက်က ဆိုသည်။ လွန်ခဲ့သော မေလ ၂၀၀၈ ခုနစ်က နန်းတော်တွင်း၌ခင်းကျင်းပြသထားခဲ့သော သျှမ်းစော်ဘွားများ၏ ...

ညောင်ရွှေမြို့ (ယခင်ညောင်ရွှေစော်ဘွားဟော်နန်း) သမိုင်းပြတိုက်ကို ဗမာစစ်အစိုးရက ဗုဒ္ဓပြတိုက်အဖြစ် ပြောင်းလဲလိုက် ကြောင်း ဒေသခံသတင်းရပ်ကွက်က ဆိုသည်။

လွန်ခဲ့သော မေလ ၂၀၀၈ ခုနစ်က နန်းတော်တွင်း၌ခင်းကျင်းပြသထားခဲ့သော သျှမ်းစော်ဘွားများ၏ အသုံး အဆောင်လက် ၀တ်တန်ဆာများဖြစ်သည့်ဝတ်ရုံများ၊ ယွန်းထည်ပစ္စည်းများ၊ ရှေဟောင်းလက်နက်ကြီးများနှင့် စော်ဘွားပလ္လင်များအပါ အဝင် ရှေးဟောင်းပစ္စည်းများ မရှိတော့ဘဲ ဘုရားဆင်းတုတော်များကိုသာတွေ့မြင်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပစ္စည်းတွေဘယ်ရောက်ကုန်လဲတော့မသိဘူး။ အခုအဲဒီမှာ သူတို့ယူလာတဲ့ ဘုရားဆင်း တုတော်တွေ ဘဲရှိတယ်” ဟု သူက ဆိုသည်။ “အဲဒီဘုရားတွေ အရင်ကမမြင်ဖူးဘူး၊ ဘယ်ကယူလာတာလဲမသိဘူး” ဟု ဆက်၍ပြောသည်။ ဟော်နန်းအတွင်းရှိ မူလရှေးဟောင်းပစ္စည်းများကို အာဏာပိုင်တို့ နေပြည်တော်သို့သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

မူလသျှမ်းဘာသာအဓိပ္ပါယ် ယောင်ဟွေ့ (ချိုင့်ဝှမ်းရှိုစပါးကျီ) မှ ညောင်ရွှေဟု ဗမာမှုပြုအသံဖလှယ်လိုက် သော၎င်းမြို့သည် သျှမ်းစော်ဘွားများအုပ်ချုပ်သည့် ပြည်နယ်မြို့တော်များအနက် ရှေးအကျဆုံးမြို့တစ်မြို့ဖြစ်သည်။ ခရစ်နှစ် A.D 1369 ကတည်းက တည်ထောင်ခဲ့သော သျှမ်းစော်ဘွားပြည်နယ်တခု၏ ခေတ် အဆက်ဆက် မိရိုးဖလာအဖိုးတန်ရှေးဟောင်း ပစ္စည်း ထားရှိရာ အဆိုပါ ယောင်ဟွေ့ ဟော်နန်းကို မဆလခေတ်ကတည်းက သမိုင်းပြတိုက်အဖြစ် ပြောင်းလဲခဲ့သည်။

ယောင်ဟွေ့နယ်ကိုအုပ်စိုးခဲ့သော နောက််ဆုံးမင်းမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ပထဦးဆုံး သမ္မတဖြစ်သူ သတိုးမဟာ သရေစည်သူ စဝ်ရွှေသိုက်ဖြစ်၏။ ၎င်း၏ကြင်ယာတော်ကား သျှမ်းပြည်တပ်မတော် အက်စ်အက်စ်အေ ကိုဦးဆောင်တည် ထောင်ခဲ့သူ မဟာဒေဝီစဝ်နန်းဟိန်းခမ်း ဖြစ်သည်။

အလားတူပင် သျှမ်းပြည်မြောက်ပိုင်း သီပေါစော်ဘွားစဝ်ကြာဆိုင်၏ ဟော်နန်းကိုလည်း စစ်အာဏာပိုင်များက မည်သူမှ မဝင်ရ အမိန့်ဖြင့်ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။