မြဝတီ-မဲဆောက် နယ်စပ်ချစ်ကြည်ရေး တံတားပိတ်

မြဝတီ-မဲဆောက် နယ်စပ်ချစ်ကြည်ရေး တံတားပိတ်
by -
အားမီ
ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့်မဲဆောက် အဓိက ကူးသန်းသွားလာနေသည့် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားနှင့် အခြားဂိတ်များကို ယနေ့နံနက်တွင် ဖြတ်သန်းသွားလာခွင့် ပိတ်...

ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့်မဲဆောက် အဓိက ကူးသန်းသွားလာနေသည့် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားနှင့် အခြားဂိတ်များကို ယနေ့နံနက်တွင် ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သည်။

ထိုင်းအာဏာပိုင်က မဲဆောက်ဘက်ရှိ သောင်းရင်းမြစ်ကမ်းရိုးအား ရေတိုက်စားမှုတားဆီးနိုင်ရန် ကာရံထားသည် ကို မြန်မာအာဏာပိုင်က လက်မခံသဖြင့် ချစ်ကြည်ရေးတံတားကို ပိတ်လိုက်ခြင်းဖြစ် သည်ဟု အာဏာပိုင်နှင့် နီး စပ်သူ ဒေသခံတဦးက ယခုလိုပြောသည်။

“ဒုတိုင်းမှူးက တက်လာတာလေ။ မနေ့က။ ၁၀ ဂိတ်နားမှာရေကာ လုပ်တာလေ။ ယိုးဒယားက ပြန် လုပ်တာ။ ပြန်လုပ်တော့ မြန်မာပြည်က လက်မခံဘူးလေ။ လက်မခံတော့ တံတားတွေ ပိတ်လိုက်တာ။ အခုဟာကရေကာ တာကြောင့် သူတို့ပိတ်တာပေါ့နော်။”

ထိုင်းနိုင်ငံဘက်မှ ယင်းသို့ ကာရံလိုက်ပါက မြန်မာနိုင်ငံဘက်အခြမ်းတွင် ရေတိုက်စားမှု ပိုမိုလာမည်ဖြစ်သော ကြောင့် ကန့်ကွက်သည့်အနေဖြင့် ယခုကဲ့သို့ တံတားပိတ်ခြင်း ဖြစ်သည်။

ယမန်နေ့တွင် ယာဉ်များကို ဖြတ်သန်းခွင့်ပိတ်ခဲ့ပြီး ယနေ့နံနက်ပိုင်းမှစတင်၍ လူများပါ ဖြတ်သန်း သွားလာခွင့် ပိတ်လို်ုက်သည်ဟု မြဝတီဒေသခံ တဦးက ယခုလိုပြောသည်။

“မနေ့ ၁၁ နာရီထဲကကားတွေပိတ်လိုက်တာ၊ လူတွေကတော့သွားနေတာဆိုတော့ လူတွေကို မပိတ် သေးတာ။ မနေ့ကလေ။ မနေ့ ၁၁ နာရီထဲက ကားတွေကိုပိတ်လိုက်တယ်။ ပိတ်ပြီးတော့ ဒီနေ့ မနက် ပိုင်းကို လူလည်းပိတ်၊ ကားလည်းပိတ်ထားလိုက်တယ်။ ဆက်ပြီးတော့ ပိတ်ထားလိုက်တယ်။ ဒီတခါက တော်တော်ထူးခြားတယ်။ လူတွေပါ အကုန်ပိတ်တာ။”

မြန်မာအာဏာပိုင်ဘက်မှ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပိတ်သည့်အပြင် ဖားအံ-မြဝတီ ပြေးဆွဲနေသည့် ကားများကိုလည်း ပိတ်ထား သည်ဟု ဒေသခံတဦးကပြောသည်။

“တောင်ပတ်လမ်းပါပိတ်ထားတယ်။ပေးမတက်ဘူး။ မနက်တုန်းကတော့ပေးသွားတယ်၊ကားတွေလည်း ပိတ်ထားလိုက်တယ်။ တောင်ပေါ်လမ်း ပေးမသွား ဘူးလေ။ ကားတွေကို မြဝတီဖက်ကို လုံးဝပေးမတက် သေးဘူး၊”

နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားပြန်လည်ဖွင့်လှစ်ရေးအတွက် နှစ်ဘက် အာဏာပိုင်များ ဆွေးနွေး ညှိနှိုင်းနေသည် ဟု ၎င်းက ယခုလို ဆက်ပြော သည်။

“ရုံးမှာရှိတဲ့လူတွေအကုန်လုံး အရာရှိတို့ဘာတို့၊ အားလုံးအစည်းအဝေးလုပ်ကြတယ်။ နောက်ပြီး မဲ ဆောက် ဖက်ကလည်း မနက်တုန်းက လာဆွေးနွေး ကြတယ်။ မနက်က သူတို့လူကြီးအချင်းချင်း ညှိကြ တယ်၊ ပြီေးတာ့မှ ၁ နာရီခွဲမှာ ထပ်ခေါ်တာပေါ့နော်၊”

အလားတူ ယနေ့နေ့လည် ၁၂နာရီအချိန်ခန့်က ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူနှင့် ကပ်လျှက်ရှိသည့် ဖာနစ် နံ ပါတ် ၅ လမ်းကိုလည်း မြန်မာ အာဏာပိုင် ဖက်မှ ပိတ်ပင် လိုက်သည်။

ထိုင်းမြန်မာနှစ်နိုင်ငံ နယ်စပ်သဘောတူညီချက်အား မြန်မာအာဏာပိုင်ဖက်က ဖောက်ဖျက်သည်ဟု စွပ်စွဲကာ ထိုင်းနယ်စပ်တာဝန်ရှိသူများက တားဆီးသည့်အတွက် မြန်မာဖက်မှ ပိတ်လိုက်သည်ဟု ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“ထိုင်းနဲ့ ဗမာ no men (ကန့်သတ်လမ်း) ဆိုတာရှိတယ်ဗျာ။ အဲဒီနေရာမှာက ဘယ်သူမှဘာမှကို မ ဆောက်ရဘူး။ အဲတာ ဗမာကနေလာပြီးတော့ ကွန်ကရစ်လောင်းတယ် အဲဒီလမ်းကို။ အဲတာကို ထိုင်း က သွားတားတယ်။ နှစ်နိုင်ငံနယ်နိမိတ် မသတ်မှတ်ရသေးဘူး။ ကွန်ကရစ်လောင်းလို့ မရဖူး ဆိုပြီး သွား တားတယ်။ အဲတာ ဗမာက မကျေနပ်လို့ ပိတ်ချလိုက်တယ်။”

ယခုလို ထိုင်းနှင့်မြန်မာနှစ်နိုင်ငံ နယ်စပ် ပြဿနာဖြစ်ပေါ်သည့် အခါတိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်း များကို ပိတ်ပင်လေ့ရှိသည်ဟု နယ်စပ်အရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

Most read this week