“ဝ”မြောက်ဒေသအတွင်း မြို့နယ်၊ တိုက်နယ်အရာရှိများအား “ဝ” ဗဟိုမူဝါဒများကို ရှင်းပြ

“ဝ”မြောက်ဒေသအတွင်း မြို့နယ်၊ တိုက်နယ်အရာရှိများအား “ဝ” ဗဟိုမူဝါဒများကို ရှင်းပြ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၂) ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)က ချမှတ်ထားသည့် မူဝါဒ များနှင့်ပတ်သက်၍ ဒေသခံလူထုအားရှင်းပြနိုင်ရန် ဝသပ ခေါင်းဆောင်တဦးဖြစ်သူ ပေါက်ယူယိက မိုင်းမော ခရိုင် အတွင်းရှိ မြို့နယ်၊ တိုက်နယ်အဆင့် ခေါင်းဆောင်များကို လိုက်လံရှင်းပြ....

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၂) ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)က ချမှတ်ထားသည့် မူဝါဒ များနှင့်ပတ်သက်၍ ဒေသခံ လူထုအား ရှင်းပြနိုင်ရန် ဝသပ ခေါင်းဆောင်တဦးဖြစ်သူ ပေါက်ယူယိက မိုင်းမော ခရိုင် အတွင်းရှိ မြို့နယ်၊ တိုက်နယ်အဆင့် ခေါင်းဆောင်များကို လိုက်လံရှင်းပြနေသည်။

မကြာသေးမီရက်ပိုင်းကစ၍ ပေါက်ယူယိက မိုင်းမောသို့ ရောက်ရှိလာပြီး ခရိုင်အတွင်းရှိ မြို့နယ်၊ တိုက်နယ်အ ဆင့် ခေါင်းဆောင်များမှတဆင့် ပါတီ၏ မူဝါဒများကို ဒေသခံလူထုထံ ထပ်မံရှင်းပြနိုင်ရန် ဒေသတွင်းတာဝန်ရှိသူ များအား ရှင်းပြခဲ့သည်ဟု မိုင်းမောရှိ “ဝ”ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

“ဒေသခံလူထုတွေရဲ့ အကျိုးစီးပွားတွေ မပျက်စီးအောင် ဝတပ်ဖွဲ့က ကာကွယ်စောင့်ရှောက် သွားမယ် ဆိုတာကို ရှင်းပြပေးဖို့ ပါတီကေဒါတွေကို တွေ့ဆုံနေတာ။ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေ၊ လူထုတွေ ငြိမ်းချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမယ်၊ ကိုယ်လုပ်စရာ ရှိတာ ဆက် လုပ်ဖို့၊ စိုးရိမ် ကြောက်လန့်မှုမရှိဖို့ အားပေးရမယ်ဆိုပြီး ကေဒါတွေကို မှာတာပေါ့။” ဟု မိုင်းမောရှိ “ဝ” ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။  

ဝသပ ဥက္ကဌ ပေါက်ယူချန်းအား လာရိူးသို့လာရောက်ရန် မကြာသေးမီရက်ပိုင်းက အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် က ကမ်းလှမ်း ဖိတ်ခေါ်ထားပြီး ဝသပအနေဖြင့် ယခင်တင်ပြဆွေးနွေး ထားမှုအပေါ် နအဖဘက်က မတုံ့ပြန်ခဲ့၍ သွားရောက်မှာ မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

အရင် “ဝ”တွေဘက်က လျော့ပေါ့ပြီး တောင်းဆိုထားတဲ့ဟာတွေကိုလည်း နအဖဘက်က ဘာမှ မတုံ့ ပြန်တော့ ထပ်ပြီးဆွေးနွေးဖို့ဆိုတာ မဖြစ်ဖို့ များနေတယ်။ အခုချိန်အထိတော့ တွေ့မယ်၊ မတွေ့နိုင်ဘူး မတုံ့ပြန်ဘူး။”

ဝသပ က ယခင်တောင်းဆိုချက်များဖြစ်သည့် နယ်ခြားစောင့်တပ်အား “ဝ”တပ်ဖွဲ့ဝင် ချည်းဖြင့်သာဖွဲ့စည်းရေး၊ “ဝ”တောင်ပိုင်း ဝမ်ဟုန် ဒေသအား “ဝ”စစ်ဒေသအဖြစ် သတ်မှတ်ရေးစသည့် အချက်များအစား နအဖတပ်ဖွဲ့ဝင် (၅)ဦး ထည့်သွင်းဖွဲ့စည်းရေး၊ အနားယူသူများနှင့် မသန်စွမ်း သူများအား (၅)နှစ်စာ ထောက်ပံ့ကြေးငွေ တလုံး တခဲတည်း ထုတ်ပေးရေးစသည့် အချက်များဖြင့် အစားထိုး တောင်းဆိုထားခဲ့သည်။

“ဝ”တပ်ဖွဲ့က ယခုလို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့်ပတ်သက်၍ နအဖနှင့် ဆွေးနွေးမှု မပြေမလည် ဖြစ်နေချိန်တွင် ၂ဝဝ၈ ဖွဲ့စည်းပုံအရ “ဝ”ကိုယ်ပိုင်အချုပ်ခွင့်ရ တိုင်းဒေသအတွင်းပါဝင်သည့် မိုင်းမောမြို့တွင် မြို့ နယ် အတွင်းရှိ “ဝ”နှင့်လားဟူ တိုင်းရင်းသား များဖြစ်သည့် ကျေးရွာပြည်သူ့စစ်များကို စုစည်းပြီး အမှတ်(၁ဝ၁ဝ) နယ်ခြား စောင့် တပ်ရင်းသစ်တခု ယခုလ(၂ဝ)ရက်နေ့က နအဖက ဖွင့်လှစ်ခဲ့သည်။

Most read this week