မြဝတီမြို့ ဒီကေဘီအေ အရာရှိတစ်ဦးအိမ်တွင် ဗုံးကွဲ

မြဝတီမြို့ ဒီကေဘီအေ အရာရှိတစ်ဦးအိမ်တွင် ဗုံးကွဲ
by -
ဇော်ကြီး
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ရှိ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်(DKBA) အရာရှိတစ်ဦး၏ နေအိမ် တွင် ယနေ့နံနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွား...

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ရှိ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်(DKBA) အရာရှိတစ်ဦး၏ နေအိမ် တွင် ယနေ့နံနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်။

မြဝတီမြို့ရှိ DKBA တပ်ရင်း(၉၉၉)မှ ဗိုလ်နေစိုး၏ နေအိမ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“ဒီကနေ့မနက် တစ်နာရီမှာ အမှတ်(၄) ရပ်ကွက် (၉၉၉) တပ်ရင်းက ဗိုလ်စိုး(ခေါ်)ဗိုလ်နေစိုး ရဲ့ နေ အိမ်ခြံဝင်းထဲကို လူဝင်သံကြားလို့ ထွက်အကြည့်မှာ ဗုံးကွဲပြီးတော့ အပြင်းအထန် ဒဏ်ရာရသွား တယ်။”

ယင်းကိစ္စဟုတ်မှန်ကြောင်းနှင့် အသေးစိတ်ကို မသိရသေးကြောင်း အမည်မဖော်လိုသည့် DKBA အရာရှိတစ်ဦး က ယခုလို အတည်ပြုပြောဆိုသည်။

“အိမ်မှာကွဲတယ်လို့ပြောတာပဲ။ အများကြီး မထိပါဘူး။ သူတစ်ယောက်ပဲထိသွားတာပါ။ တခြား ထိ ခိုက်ပျက်စီးမှုလည်းမရှိပါဘူး။ အတိအကျတော့ မသိသေးဘူး။ ကျနော်လည်း ခုမှ ခရီးကပြန်ရောက် လို့လေ။”

ဗုံးအမျိုးအစားကို မသိရသေးသလို အခြားထိခိုက်ပျက်စီးမှုလည်းမရှိပါ။ ပေါက်ကွဲစဉ်က ဗိုလ်နေစိုးနှင့် အလှမ်း ဝေးသဖြင့် ခြေထောက်အောက်ပိုင်း၌သာ ဒဏ်ရာရပြီး မြဝတီဆေးရုံ တွင် ကုသမှုခံယူနေသည်။

မည်သူ့ လက်ချက်ဖြစ်သည်ကို မသိရသေးသော်လည်း လွန်ခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ဗိုလ်နေစိုးနှင့် ဒေသခံ အာဏာပိုင်အဖွဲ့တို့ ရှေးဟောင်းဘုရား ဖမ်းဆီးမှုနှင့်ပတ်သက်၍ ပြဿနာဖြစ်သေးသည်ဟု မြဝတီမြို့ခံက ယခုလိုပြောသည်။

“သူတို့ ဖမ်းဆီးရေးအဖွဲ့ကတော့ စရဖတို့၊ ဒကစတို့၊ ကျောက်ကာဂိတ်မှာဖမ်းတာပဲ။ ဖမ်းတဲ့ အခါ ကျတော့ စောနေစိုးကပြောတယ်။ ဒီဥစ္စာတွေက ဥပဒေလမ်းကြောင်း အရ ဖြစ်ရမှာပါ ပြောတဲ့ခါကျ တော့ စရဖက ပြန်သွားတာလေ။ စရဖက ပြန်သွားပြီးနောက်မှာ ကျတော့ ရဲက ပြန်လာတယ်။ ရဲက ပစ္စည်းသိမ်းမယ်လုပ်တော့ စောနေစိုးကနေပြောတာ ဖမ်းရဲတဲ့ကောင် ဖမ်းကြည့်။ ဒီပစ္စည်းတွေက အ ကုန်လုံး အတုတွေချည်းပဲ။ ဖမ်းတဲ့ကောင်ကိုလည်း အကုန်လုံး ပစ်သတ်ပစ်မယ်လို့ သူ့တပည့် တွေကို အမိန့်ပေးတော့ ရဲလည်း မဖမ်းရဲဘဲ ပြန်သွားတယ်။”

DKBA တပ်ဖွဲ့အား စစ်အစိုးရမှ နယ်ခြားစောင့်တပ်ဖွဲ့ရေးနှင့်ပတ်သက်၍ ဖိအားပေးနေချိန် အဖွဲ့တွင်း သဘော ထားကွဲလွဲမှုများရှိနေသည့်အတွက် ယခုပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သူမည်ဝါ၏လက်ချက်ဖြစ်သည်ကို ခန့် မှန်းရန် ခက်ခဲသည်ဟု မြိို့ခံများက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ယခုလာမည့် မေလ(၁၀)ရက်နေ့တွင် DKBA နှင့် စစ်အစိုးရတပ် နှစ်ဖက်ခေါင်းဆောင်များ ကရင်ပြည်နယ်အတွင်း ထပ်မံတွေ့ဆုံ ရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေသော် လည်း သီးခြားအတည်ပြု၍ မရသေးပါ။

Most read this week