နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်သည့် မွန်အိမ်ထောင်စု (၉၀) ကျော်ရှိ

နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်သည့် မွန်အိမ်ထောင်စု (၉၀) ကျော်ရှိ
by -
ဇော်ကြီး
တနင်္သာရီတိုင်း ရေဖြူမြို့နယ်တဝိုက်ရှိ ကျေးရွာများမှ ကျေးရွာသားများ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုး ဖောက်မှုဒဏ်ကို မခံနိုင်သဖြင့် မွန်ကျေးရွာသားများ အိမ်ထောင်စု (၉၀)ကျော် နေရပ်စွန့်ခွာထွက်ပြေး ...

တနင်္သာရီတိုင်း ရေဖြူမြို့နယ်တဝိုက်ရှိ ကျေးရွာများမှ ကျေးရွာသားများ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုး ဖောက်မှုဒဏ်ကို မခံနိုင်သဖြင့် မွန်ကျေးရွာသားများ အိမ်ထောင်စု (၉၀)ကျော် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင် နေကြသည်။

ထိုဒေသများတွင် စစ်အစိုးရတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁)နှင့်  စကခ(၁၉)လက် အောက်ခံ တပ် ရင်း ၅၉၁ နှင့် ၅၈၃ တို့လှုပ်ရှားနေပြီး လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို မခံနိုင်၍ထွက်ပြေးလာခြင်းဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ အဖွဲ့ပြောခွင့် ရသူ နိုင်အိုးမွန်က ယခုလိုပြောသည်။

“အဓိကအကြောင်းရင်းက ပြည်သူ့စစ်တွေကောက်တယ်။ နောက်တစ်ခုက၊ ကျေးရွာတွေမှာ ရှိတဲ့ အ ခွန်အကောက်ကိစ္စတွေ၊ အဲတာတွေကိုမခံနိုင်လို့။ နောက်တစ်ခုက ပေါ်တာကိစ္စ။ ပေါ်တာ service မှာ ဆိုလို့ရှိရင် လူကိုရှေ့ကသွားခိုင်းပြီးတော့ မိုင်းရှင်းတဲ့ ပုံစံမျိုးလုပ်ခိုင်းတာ ရှိတယ်။ တချို့ကလည်း အဲလိုမျိုး မိုင်းတွေဘာတွေ နင်းမိတာရှိခဲ့တယ်လို့ပြောတယ်။ အဲတာတွေကိုကြောက်လို့ နေရပ်ရင်းမှာ မနေနိုင်လို့ ပြေးထွက်လာကြတယ်လို့ပြောတယ်။”

ရေဖြူမြို့မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသမှ မွန်ဒေသခံရွာသားများ  နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် အိမ် ထောင်စုပေါင်း (၉၀) ကျော်ရှိကြောင်း ထွက်ပြေးလာသူများကပြော သည်ဟု ၎င်းကဆက်ပြောသည်။

“အိမ်ထောင်စုက ကိုးဆယ်တစ်ရာဝန်းကျင်လောက်ရှိတယ်။ ဒေသခံတွေပြောတာက တစ်ရာ ကျော် တယ်လို့ပြောတယ်။ တချို့ကလည်းဗျာ တစ်ပတ်အတွင်းမှာ ပြောင်းလာတာ ဖြစ်သလို တချို့ကလည်း နောက်ဆယ်ရက်၊ ဆယ့်ငါးရက်လောက်ကြာတော့ နောက်တစ်သုတ်၊ တစ်သုတ် အဲလိုပြေးထွက်လာ တာတွေရှိတယ်။”

ယခုနှစ် ဇန္နဝါရီလ တတိယပါတ်မှစတင် ထွက်ပြေးလာကြပြီး ထွက်ပြေးလာသူများအနက် အချို့မှာ နယ်စပ်ဒေသ များသို့ရောက်ရှိလာပြီး အချို့မှာ တောတောင်များထဲတွင် ပုန်းအောင်း နေကြကြောင်းနှင့် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း လွန်ခဲ့သည့် ၂ ရက်ခန့်က နယ်စပ်သို့ရောက်လာသည့် နွားကုန်သည်များ အပြော အရသိရသည်။

ကျေးရွာသားများ ပုန်းအောင်းနေသည့်ဒေသသည် စစ်အစိုးရထိန်းချုပ်ရာ နယ်မြေဖြစ်သည့် အပြင် မွန်နှင့် ကရင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသည့်ဒေသများဖြစ်သဖြင့်  တိုက်ပွဲများ ဖြစ်ပွားလာပါက ၎င်းတို့အသက် အန္တ ရာယ်အတွက် စိုးရိမ်ရသည်ဟု နိုင်အိုးမွန်က ပြောသည်။

လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း အိုးအိမ်ပစ်၍ ပြောင်းရွှေ့ထွက်ပြေး လာသည့် အိမ်ထောင်စုပေါင်း နှစ်ထောင်ကျော်ရှိသည်ဟု အဖွဲ့မှတ်တမ်း များကဆိုသည်။

Most read this week