မြန်မာစစ်အစိုးရတပ်များ လှုပ်ရှားမှုများကြောင့် ချင်းရွှေဟော်ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်

မြန်မာစစ်အစိုးရတပ်များ လှုပ်ရှားမှုများကြောင့် ချင်းရွှေဟော်ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်
ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်တွင် ယခုရက်ပိုင်းတွင်း မြန်မာ စစ်အစိုးရတပ်များ လှုပ်ရှားနေမှုကြောင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်။ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ...

ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်တွင် ယခုရက်ပိုင်းတွင်း မြန်မာ စစ်အစိုးရတပ်များ လှုပ်ရှားနေမှုကြောင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းရှိရာ ချင်းရွှေဟော်မြို့တွင် အခုလ(၂၂)ရက် နေ့က စ၍ စစ်အစိုးရ တပ်သားများ လှုပ်ရှားသွားလာမှု များပြားလာသဖြင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိ လာသည်။

လည်ပတ်စည်း အနီရောင်တပ်ဆင်ထားသည့် မြန်မာစစ်အစိုးရတပ် စစ်သားများ အင်အား လေး၊ငါးရာခန့် ချင်း ရွှေဟော်မြို့ အတွင်းနှင့် မြို့ပြင်တွင် ရွေ့ပြောင်းသွားလာနေသဖြင့် (ဝ)ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် တိုက်ပွဲဖြစ်တော့ မည်လားဆိုသည့် စိုးရိမ်မှုများ ရှိလာနေသည်ဟု ချင်းရွှေဟော်မြို့နေ နယ်စပ်ကုန်သည်တဦးက ပြောသည်။

“ဒီမှာက အဲလိုစစ်သားတွေက ဟိုသွားဒီသွားလုပ်လာလေ၊ ဒီကလူတွေက လှုပ်လှုပ်ရွရွဖြစ်လေ၊ ကော လဟလ တွေလည်း အမျိုးမျိုးထွက်နေတော့လေ။ ဝမြောက်ပိုင်းက နန့်တစ်ဘက်ကိုဘဲ (ဝ)တပ်တွေ ကားအစီး(၄ဝ) နဲ့ ရောက်နေ တယ်ဆိုတဲ့ သတင်းက ဒီမှာ ထွက်နေတယ်။ အဲလိုအချိန်မှာ စစ်သား တွေက လည်ပတ်အနီတွေနဲ့ တွေ့နေတော့ ပိုလန့်ကုန်တာပေါ့။ ကျနော်တို့ကော၊ အလုပ်သမားတွေ ကော နယ်စပ်ဖြတ်တဲ့ ပတ်စ်ပို့ အနီစာအုပ် တွေ မနေ့ကဘဲ သွားလုပ်ထားရတယ်၊ တကယ်တိုက်ကြရင် တရုတ်ဘက်ကို ဝင်ပြေးဖို့ပေါ့။ ”

ယခုလို ဒေသအတွင်း စိုးရိမ်ပူပန်မှုများရှိလာနေ၍ ကုန်သွယ်မှုများပင် လုပ်ဖို့ မဝံ့မရဲဖြစ်လာနေရကြောင်း ၎င်းက ဆက်ပြောသည်။

“ဟိုတခါဖြစ်တုန်းက ဂိုဒေါင်တွေထဲက ပစ္စည်းတွေ အားလုံး ပျောက်သွားတယ်။ အချိုမုန့်တွေ၊ ယိုးဒ ယား အချိုရည်ဘူးတွေ ပါသွားတယ်၊ ဘာမှ ပြန်မရဘူး။ အခုက ပစ္စည်းတောင် သိုလှောင်ဖို့ ခက်နေ တယ်၊ တကယ် ဖြစ်လာရင် ဒီမှာ ရှိတဲ့ပစ္စည်းတွေ ထားခဲ့ရမှာ။ ဘာမှ ပြန်ရတော့မှာ မဟုတ်ဘူး။”

သြဂတ်လကုန်ပိုင်းက ကိုးကန့်ဒေသအတွင်း မြန်မာနိုင်ငံအမျိုးသားဒီမိုရေစီမဟာမိတ်တပ်ဖွဲ့ ခေါ် ကိုးကန့် တပ်ဖွဲ့နှင့် စစ်အစိုးရတပ်တွေအကြား အပစ်ခတ်ရပ်စဲရေးပျက်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် ဒေသအတွင်းမှ လူပေါင်း သုံးသောင်းကျော် တရုတ်ပြည်ထဲ ထွက်ပြေးခိုလှုံ ခဲ့ရသည်။ အဆိုပါကာလအတွင်း ချင်းရွှေဟော်မြို့ရှိ နယ်စပ် ကုန်သည်များ၏ ဂိုဒေါင်များ အတွင်းရှိ ပရိဘောဂပစ္စည်းများ၊ ကွန်ပြူတာ၊ တီဗွီနှင့် ကုန်ပစ္စည်းများ ပျောက်ဆုံးမှုများ ရှိခဲ့သည်။

Most read this week