အလုပ်သမား မှတ်ပုံတင် ပြုလုပ်ထားဆဲ အဖမ်းခံရသူများ၏ လက်မှတ်လုပ်ခငွေ ပြန်မရ၍ အလုပ်သမားများ မကျေနပ်

အလုပ်သမား မှတ်ပုံတင် ပြုလုပ်ထားဆဲ အဖမ်းခံရသူများ၏ လက်မှတ်လုပ်ခငွေ ပြန်မရ၍ အလုပ်သမားများ မကျေနပ်
by -
ဇော်ကြီး
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရော်ဘာစက်ရုံမှ မြန်မာအလုပ်သမားများသည် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ထားဆဲ အဖမ်းခံရပြီး နယ်စပ်သို့ ပြန်ပို့ခံခဲ့ရပြီးနောက် အလုပ်ရှင်က ၎င်းတို့ ပြုလုပ်ထားသည့် အလုပ်သမား ...

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရော်ဘာစက်ရုံမှ မြန်မာ အလုပ်သမားများသည် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ထားဆဲ အဖမ်းခံရပြီး နယ်စပ်သို့ ပြန်ပို့ခံခဲ့ရပြီးနောက် အလုပ်ရှင်က ၎င်းတို့ ပြုလုပ်ထားသည့် အလုပ်သမားမှတ်ပုံတင််ကျန် ငွေအား ပြန်မပေးသည့်အတွက် အလုပ်သမားများ မကျေမနပ်ဖြစ်နေကြသည်။

အဖမ်းခံရသူများ၏ မိသားစုဝင်ဆွေမျိုးများအား အလုပ်သမားလက်မှတ်လုပ်ခ ကုန်ကျငွေကို အလုပ်ရှင်မ ှပြန်ပေး မည်ဟု ပြောထားသော်လည်း အလုပ်သမားအချို့ကိုသာပေးပြီး အများစုအား ပြန်မရသေးသဖြင့် မိသားစုဝင် များက မကျေမနပ်ဖြစ်နေကြသည်ဟု ယင်းစက်ရုံမှ အလုပ်သမား ကိုကုလားက ယခုလိုပြောသည်။

“အယောက် ၂၀၀ ကျော်အဖမ်းခံရတာကို လူ ၄၀ ကျော်လောက်ပဲပြန်ပေးသေးတယ်။ ကျန်တာ မပေး သေးဘူးခင်ဗျ။ အကုန်လုံးရှိတယ်။ သူတို့အမျိုးတွေလည်းရှိတယ်။ ညီအစ်ကို မောင်နှမတွေလည်းရှိ တယ်။ အဲတာလည်းသူတို့မပေးသေးဘူး။”

ရရောင်းခရိုင်၊ မက်ခါမြို့နယ် အတွင်းရှိ Makarkhit (မကာခစ်) ရာဘာစက်ရုံပိုင်ရှင် နှင့် မန်နေဂျာတို့သည် စက်ရုံု အလုပ်သမားများထံမှ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရန် ကျသင့်ငွေကို လွန်ခဲ့သည့် ဇူလိုင်လက ကောက် ခံခဲ့သည်။

ထိုငွေများအား အလုပ်ရှင်မှ သက်ဆိုင်ရာသို့  မပေးချေသဖြင့် အဆိုပါစက်ရုံလုပ်သား ၂၂၀  အား လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက  မြို့နယ်လူဝင်မှုကြီးကြပ်ရေး(လဝက)မှ ဖမ်းဆီးခဲ့သည်။

ထိုအလုပ်သမားများအား တရားမဝင်ဝင်ရောက်မှုဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန (လဝက)က ထိုင်းမြန်မာနယ် စပ်ရှိ မြဝတီမြို့သို့ ယခုလဆန်းပိုင်းမှစတင်၍ အသုတ်လိုက် ပို့ဆောင်ခဲ့ပြီး ယခုနောက်ဆုံးအသုတ်အဖြစ် လူ ၄၀ ကျော်သာ ကျန်ရှိသည်။

ထိုင်းလဝကမှ မြဝတီမြို့ရှိ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်(DKBA)၊ တပ်ရင်း အမှတ် ၉၉၉ ဂိတ်သို့ လွဲပြောင်းပေးခဲ့သည်။

ထိုဂိတ်တွင် အလုပ်သမားတစ်ဦးလျှင် ထိုင်းငွေ ၁၆၀၀ ဘတ်ဖြင့် ရွေးယူမှသာ မိမိဒေသသို့ ပြန်ခွင့်ရသည်ဟု ကို ကုလားက ဆက် ပြောသည်။

“နယ်စပ်ကိုပြန်ပို့တဲ့အခါကျတော့ ကိုးသုံးလုံးဂိတ်မှာပြန်ရွေးရတယ်လေ။တစ်ယောက်ကို ၁၆၀၀ နဲ့ ပြန် ရွေးရတယ်။ အဲဒါမှ ဗမာပြည်ကိုပြန်လို့ရတယ်။ နို့မို့ဆို မရွေးလို့ရှိရင် ဗမာပြည်ကို မပြန်ရဘူး။”

နယ်စပ်သို့ပြန်ပို့ခံရသည့် အလုပ်သမားများအား DKBA ကိုးသုံးလုံးဂိတ်တွင် ပိုက်ဆံပေး၍ ပြန်ရွေးရသည်မှာ မှန် ကန်ကြောင်း မဲဆောက်ရှိ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦအလုပ်သမားအဖွဲ့မှ ကိုမိုး ဆွေ က ယခုလိုပြောသည်။

“ဟုတ်ပါတယ်။ အဲတာ သတင်းမှန်ပါတယ်။ အလုပ်သမားတွေဖမ်းခံထိပြီး  အကူအညီ လိုလို့ ကျနော် တို့ဆီကိုလည်းရောက်လာတဲ့သူတွေရှိတယ်လေ။ ကျနော်တို့သိသလောက် ကတော့ ကိုးသုံးလုံးဂိတ်ကို သွန်တယ်။ အဲဒီမှာ ဘန်ကောက်ကလာတဲ့သူဆိုရင် အနည်းဆုံး ၁၅၀၀ လောက်ပေးရတယ်။”

အကယ်၍ ငွေပေးပြီးမရွေးနိုင်သူများအား DKBA တပ်အတွင်း အလုပ်ခိုင်းစေမှုခံရပြီး အချို့အား စစ်အစိုးရတပ် တွင်းဝင်ရောက်ရန် ခြိမ်းခြောက်ကာ မရသည့်အဆုံး ပြန်လွတ် ပေးသည်ဟု ကိုမိုးဆွေက ပြောသည်။

အဆိုပါစက်ရုံမှ အလုပ်သမားများသည် တရားဝင်အလုပ်သမားမှတ်ပုံတင်အား လွန်ခဲ့သည့် ဇူလိုင်လကတည်းက ပြုလုပ်ခဲ့သော်လည်း အလုပ်သမားလက်မှတ်နှင့် ဆေးကုသခွင့် လက်မှတ်များ လက်ဝယ်ကိုင်ဆောင်ခွင့် မရှိ သည့်အတွက် ထိုင်းအာဏာပိုင်တို့၏ ဖမ်းဆီး ခံရမည်ကို စိုးရိမ်နေကြသည်။

Most read this week