အလုပ်ရှင်နှင့် မန်နေဂျာ ကြောင့် မြန်မာအလုပ်သမား ၂၀၀ ကျော်အဖမ်းခံရ

အလုပ်ရှင်နှင့် မန်နေဂျာ ကြောင့် မြန်မာအလုပ်သမား ၂၀၀ ကျော်အဖမ်းခံရ
by -
ဇော်ကြီး
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရော်ဘာစက်ရုံတစ်ခုမှ မြန်မာအလုပ်သမား ၂၀၀ ကျော်ကို အလုပ်ရှင်က လက်မှတ်ပြု လုပ်ရန်ငွေရယူပြီး ဆောင်ရွက်မပေးသဖြင့် အလုပ်သမားများကို တရားမဝင်နေထိုင်မှုဖြစ် ...

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရော်ဘာစက်ရုံတစ်ခုမှ မြန်မာအလုပ်သမား ၂၀၀ ကျော်ကို အလုပ်ရှင်က လက်မှတ်ပြု လုပ်ရန်ငွေရယူပြီး ဆောင်ရွက်မပေးသဖြင့် အလုပ်သမားများကို တရားမဝင်နေထိုင်မှုဖြစ် ဒေသခံအာဏာပိုင်များ က ဖမ်းဆီးလိုက်သည်။

ရရောင်းခရိုင်၊ မက်ခါမြို့နယ် အတွင်းရှိ Makarkhit (မကာခစ်) ရာဘာစက်ရုံပိုင်ရှင် နှင့် မန်နေဂျာတို့သည် စက် ရုံုအလုပ်သမားများအား အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရန်အတွက် သက်ဆိုင်ရာသို့ ကျသင့်ငွေ မပေးချေ သဖြင့် အဆိုပါစက်ရုံလုပ်သားများအား ယခုလ ၃ ရက်နေ့က မြို့နယ် လူဝင်မှုကြီးကြပ်ရေး(လဝက)မှ ဖမ်းဆီး သွားသည်ဟု စက်ရုံလုပ်သား ကိုမိုးနိုင်က ယခုလိုပြောသည်။

“သူတို့ဒီမှာဘတ်(အလုပ်သမားမှတ်ပုံတင်) ရိုက်ထားပြီးတော့ သူတို့(အလုပ်ရှင်)ဘက်က ငွေသွားမချေ ထားသေးတော့ သူတို့ဘတ်က တရားမဝင်ဘူးဖြစ်နေတယ်အခုက။ တရားမဝင်တော့ ထောင်ထဲမှာကျ နေတယ်။ အားလုံးအဖမ်းခံရတာ ၂၂၀ ရှိတယ်။”

အဖမ်းခံရသူများထဲ၌ တရားမဝင်အလုပ်သမား ၁၅ ယောက်ခန့်ပါ၀င်ပြီး ကျန်လူအားလုံးမှာ အလုပ်သမားမှတ်ပုံ တင်ပြုလုပ်ထားဆဲ  ထောက်ခံစာ ကိုင်ဆောင်ထား သူများဖြစ်သည်။

အလုပ်သမားလက်မှတ်ပြုလုပ်စဉ်က ကုန်ကျငွေအားလက်ငင်းချေသူနှင့် အရစ်ကျချေသူဟူ၍ နှစ်မျိုးရှိပြီး အလုပ် သမားတစ်ဦးလျှင် ထိုင်းဘတ် ငွေ ၅၅၀၀ ကုန်ကျသည်။

ယခုအဖမ်းခံရသူများမှာ အရစ်ကျငွေပေးချေသူများသာဖြစ်သည်ဟု စက်ရုံအလုပ်သမား နောက်တဦးက ယခုလို ပြောသည်။

“ဒီနှစ်မှာ ဘတ် မရိုက်မနေရဆိုတော့ အကုန်လုံးရိုက်ကြတာပေ့ါနော်။ တချို့ကျတော့ ပိုက်ဆံအပြီး သွင်းနိုင်တဲ့သူတွေကျရင် ဘတ်အစစ်ရကြတယ်။ အပြီးမပေးနိုင်တဲ့သူကျတော့ အရစ်ကျပေးရတယ်။ တဝစ်(ဆယ့်ငါးရက်) ကို ငါးရာဆိုရင်ငါးရာ၊ တစ်ထောင်ဆိုရင် တစ်ထောင် ဖြတ်ယူတယ်။ အဲလို အရစ် ကျပေးတဲ့သူတွေပဲ အဖမ်းခံရတယ်။”

အဆိုပါစက်ရုံ၌ မြန်မာအလုပ်သမား ၄၀၀ ကျော်ရှိပြီး တရားဝင်အလုပ်သမားမှတ်ပုံတင် ကိုင်ဆောင်ထားသူ အ နည်းငယ်သာရှိ၍ ကျန်သူများအား စက်ရုံမန်နေဂျာမှ တာဝန်ခံ၍ လက်မှတ်လုပ်ပေးခဲ့သည်။

မြို့နယ် လဝက မှ လာရောက်ဖမ်းဆီးစဉ်က အလုပ်သမားများနှင့်အတူ စက်ရုံမန်နေဂျာလည်း အဖမ်းခံခဲ့ရပြီး နောက်တနေ့တွင် အလုပ်ရှင်မှ မန်နေဂျာတဦးတည်းကိုသာ အာမခံဖြင့် ပြန်လည် ထုတ်ယူခဲ့သည်။

အဖမ်းခံရသူများအား မြို့နယ်ရဲစခန်း၌ ၃ ရက်ထားပြီး အလုပ်ရှင်မှ လာရောက်မထုတ်ယူ သည့်အတွက် အကျဉ်း ထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားသဖြင့် အခက်အခဲများရင်ဆိုင်နေရ သည်ဟု ကိုမိုးနိုင်ကပြောသည်။

ထိုင်းနိုင်ငံ၌လာရောက် အလုပ်လုပ်ကိုင်သည့် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများအား ထိုင်းအလုပ်သမား ရေးရာဝန်ကြီးဌာနမှ တရားဝင်အလုပ်သမားမှတ်ပုံတင်ကို လွန်ခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကစတင်၍ ပြုလုပ် ပေးခဲ့သည်။

Most read this week