ကေအဲန်ယူကို ဆက်လက် ထိုးစစ်ဆင်

ကေအဲန်ယူကို ဆက်လက် ထိုးစစ်ဆင်
by -
ခွန်အောင်မြတ်
မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီကေ ပူးပေါင်း တပ်သည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ တပ် မဟာ(၇) ထိန်းချုပ်ရာ နယ်မြေရှိ တပ်စခန်းများကို လက်နက်ကြီးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ယနေ့ ဆက် လက် ပြုလုပ် ...

မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီကေ ပူးပေါင်း တပ်သည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ တပ် မဟာ(၇) ထိန်းချုပ်ရာ နယ်မြေရှိ တပ်စခန်းများကို လက်နက်ကြီးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ယနေ့ ဆက် လက် ပြုလုပ်သည်။

နံနက် ၈ နာရီ အချိန်မှစ၍ မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် ပူးပေါင်းတပ် ဖွဲ့တို့သည် ကေအဲန်ယူ၏ တပ်မဟာ (၇) စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်နေသည်ဟု ကေအဲန်ယူ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေ က ပြောသည်။

“ဒီမနက်ပစ်တယ်။ ရှစ်နာရီကနေ ကိုးနာရီ၊ ကိုးနာရီ ဆယ်မိနစ်ကနေ ကိုးနာရီခွဲ၊ ကိုးနာရီအထိ တော့ တချက်ချင်းပေါ့ဗျာ၊ တချက် တချက်ပေါ့။ ကိုးနာရီဆယ်မိနစ် ကနေပြီးတော့ ကိုးနာရီခွဲ အထိကတော့ စောစောက ပြောပုံအရတော့ အကြီးရော အသေးရော တခါထဲ ဒလကြမ်း ဗုံး ကုန်း ၀ုန်း ဂွမ်းနဲ့ ဆော် တယ်။ မိနစ် နှစ်ဆယ်လောက် ကြာတယ်ပေါ့။ အဲဒါပြီးတော့ တိတ်သွား တယ်လို့ ပြောတာပဲ။ အဲဒီက နေ လှမ်းပစ် ပစ်တဲ့အခါမှာတလုံးတောင် ထိုင်းထဲကျသွားတယ်လို့ ပြောတယ်။ အသေးစိတ်ကတော့ မသိရသေးပါဘူး။”

ကရင်ပြည်နယ် လိုင်းဘွဲ့မြို့နယ်အတွင်းရှိ တပ်မဟာ(၇)၏ တပ်စခန်းများကို ဇွန်လ ၂ ရက် နေ့မှ ယနေ့အထိ လက်နက်ကြီးကျည် နေ့စဉ် အနည်းဆုံး အလုံး (၃၀) ကျော် ပစ်ခတ် တိုက်ခိုက်ရာ ဆယ်ရက်အတွင်း ကျည် အလုံးပေါင်း ၄၀၀ ခန့် ရှိပြီး ထိုင်းနယ်မြေအတွင်းသို့ ၈ လုံး ကျရောက်သည်ဟု ဗိုလ်မှူးစောလှငွေက ပြော သည်။

“ရင်ဆိုင်တိုက်ပွဲကတော့ ရန်သူက လက်နက်ကြီးနဲ့ပစ်၊ ပြီးတော့ ဒီကေဘီအေက တက်လာ တော့ ကျုပ်တို့တပ်ဖွဲ့တွေက အကုန်လုံးပဲ အုပ်ထုတ်လိုက်၊ အလောင်းကောက်ပြီးတော့ လူနာ သယ်ပြီးတော့ နောက်ဆုတ်လိုက်။ နောက်တနေရာကနေ အပေါက်တွေ ချောင်းလိုက်။ ဗုံးတက် နင်းလိုက်၊ နောက်တ ခါ အပေါက်တွေ ချောင်းလိုက်၊ ပိုင်လို့ရှိရင် ဒီကနေ ဆော်လွတ်လိုက်နဲ့ သူတို့တဘက်က သေနေတာ ပေါ့ဗျာ။ သူတို့ကတော့ ဒီနေ့အထိဆိုရင်တော့ ဘာပဲ ပြောပြော အသေတော့ ၂၀-၃၀ ပတ်ဝန်းကျင် တော့ ရှိမှာပေါ့။ ဒဏ်ရာရတာက ၆၀ လောက်ဆို ရာဂဏန်း ကပ်နေပြီထင်တယ်။”

ကေအဲန်ယူဘက်မှ လက်နက်ကြီးကျည်စ ထိမှန်၍ သုံးဦး ဒဏ်ရာရရှိပြီး အသေအပျောက် မရှိသေးဟု ပြော သည်။

မြန်မာစစ်အစိုးရက ၂၀၁၀ မတိုင်မီ ကေအဲန်ယူကို အမြစ်ပြတ်ချေမှုန်းရန် ဒီကေဘီအေ ကို ညွှန်ကြားထားသည် ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

မြန်မာစစ်အစိုးရတပ်၏ တပ်မ ၂၂ ၊ ဒီကေဘီအေက ၉၉၉၊ ၃၃၃၊ ၅၅၅ တပ်တို့ တပ်အင်အား ၁၀၀၀ ကျော်သည် တပ်မဟာ (၇) ထိန်းချုပ်နယ်မြေကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာကို စွန့်၍ ထိုင်းနိုင်ငံအတွင်းသို့ ကရင်ကျေးရွာသား ၄၀၀၀ ခန့် ထွက်ပြေး ရောက်ရှိလာပြီး ယာယီစခန်းသုံးခုတွင် ခိုလှုံနေကြသည်။

နယ်စပ်လုံခြံုရေးအတွက် ထိုင်းစစ်တပ်က အင်အားတိုးမြင့်ချထားလျှက်ရှိသည်။

Most read this week