နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လူ ၆၀၀၀၀၀ ကျော်က လက်မှတ်ထိုး တောင်းဆို

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လူ ၆၀၀၀၀၀ ကျော်က လက်မှတ်ထိုး တောင်းဆို
by -
နွယ်လေး
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် နိုင်ငံပေါင်း တစ်ရာကျော်မှ ကောက်ခံရရှိသည့် ပြည်သူပေါင်း ၆ သိန်းခွဲကျော်၏  လက်မှတ်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ထံ ပေးပို့မည်ဟု နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ...

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် နိုင်ငံပေါင်း တစ်ရာကျော်မှ ကောက်ခံရရှိသည့် ပြည်သူပေါင်း ၆ သိန်းခွဲကျော်၏  လက်မှတ်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ထံ ပေးပို့မည်ဟု နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့ ဗန်ကောက်မြို့တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီက နိုင်ငံရေး အကျဉ်း သားလွတ်မြောက်ရေးအတွက် ကောက်ခံရရှိသည့် စာရင်းနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“နိုင်ငံတကာရှိ ပြည်သူလူထုအင်အားက ဒီလို  တောင်းဆိုမှုနောက်မှာရှိတယ်ဆိုတာ ပြချင်တဲ့ ရည်ရွယ် ချက် လဲပါပါတယ်။ လောလောဆယ် လက်မှတ် ၆သိန်းခွဲနီးပါး ကောက်ခံရရှိပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချူပ်ဆီ တိုက်ရိုက်ပေးပို့ဖို့အတွက် စီစဉ်နေပါတယ်။” ဟု နိုင်ငံရေးအကျဉ်းသား လွတ် မြောက်ရေး လှုပ်ရှားမှု ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နိုင်အောင်က ပြောသည်။

လက်မှတ်ရေးထိုး ပန်ကြားလွှာတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် မရှိမဖြစ်လိုအပ်သော ပထမအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီ မွန်း အနေဖြင့် ပုဂ္ဂိုလ်ရေး ဦးစားပေး အဖြစ် ဆောင်ရွက်ရန် တောင်းဆိုထားခြင်းဖြစ်သည်ဟု ၎င်းတို့ ထုတ်ပြန် သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာ့နိုင်ငံရေး လှုပ်ရှားတက်ကြွသူနှင့် မြန်မာ့အရေးကို ထောက်ခံသည့် နိုင်ငံပေါင်း ၃၂ နိုင်ငံမှအဖွဲ့အစည်း ပေါင်း ၂ဝဝ ကျော် ဦးဆောင်ပြီး မတ်လ ၁၃ ရက် နေ့မှ ရက်ပေါင်း ရဝ အတွင်း နိုင်ငံရေး အကျဉ်းသား လွတ် မြောက်ရေး အတွက် ပြည်သူလူထုမှ ထောက်ခံသည့် လက်မှတ်ရေး ထိုးတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

လာမည့် ဇူလိုုင်လ ၁၉ ရက်နေ့တွင် မြန်မာ့နိုင်ငံရေး လှုပ်ရှားတက်ကြွသည့် အင်အားစု အသီးသီးမှ ကောက်ခံရရှိ သည့် လက်မှတ်များကို သက်ဆိုင်ရာ အစိုးရထံ နိုင်ငံအလိုက် ပေးဆောင်သွားမည်ဟု သိရသည်။

“ဒီလောက်ရနေပြီ။ ဒီလောက် အင်အားစုက တောင်းဆိုတယ်။ ခုလို ဒေါ်အောင်ဆန်းစုကြည် ကိစ္စလို မျိုးဖြစ်နေတဲ့ချိန်မှာ ကုလသမဂ္ဂကလည်း စိုးရိမ်တယ်၊ စိတ်ပူတယ်၊ လွှတ်ပေးပါ ဆိုတဲ့ statement ထုတ်နေတာ မကဘဲ လက်တွေ့ကျကျ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာ မီးမောင်း ထိုးပြတဲ့ သဘော ပါပဲ” ဟု ဒေါက်တာနိုင်အောင်က ဆက်လက်ပြောသည်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီက ယင်းလက်မှတ်ရေးထိုး တောင်းဆိုမှုမှ တဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက် ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှ ဖိအားပေး ဆောင်ရွက်ရန် ရည်ရွယ်ထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁ဝဝ ကျော် ရှိသည့်အနက် တရားခုံရုံးက ထောင်ဒဏ် ၁ဝ၄ နှစ်အ ထိ ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခံခဲ့သည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၃၅ဝ ကျော် ရှိသည်ဟု ကြေညာ ချက်တွင် ပါရှိသည်။

Most read this week