မလေးရှားရှိ မြန်မာ အလုပ်သမားအဖွဲ့အား မြန်မာ အမျိုးသမီးရေးရာက တရားစွဲ

မလေးရှားရှိ မြန်မာ အလုပ်သမားအဖွဲ့အား မြန်မာ အမျိုးသမီးရေးရာက တရားစွဲ
by -
ဇော်ကြီး
မလေးရှားနိုင်ငံရှိ မြန်မာ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေး ကော်မတီ (BWRPC) ကို မြန်မာအလုပ်သမ များအား ထိန်းသိမ်းထားမှုဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးရေးရာက အမှုဖွင့် တရားစွဲဆိုခဲ့သည်။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီး ရဲစခန်းတွင် မိမိတို့အဖွဲ့အား အမှုဖွင့်ထား ...

မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအခွင့်အရေး ကာကွယ်ပေးရေးကော်မတီ (BWRPC) ကို မြန်မာအလုပ်သမ များအား ထိန်းသိမ်းထားမှုဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးရေးရာက အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီး ရဲစခန်းတွင် မိမိတို့အဖွဲ့အား အမှုဖွင့်ထား သည်ဟု (BWRPC) အဖွဲ့ အတွင်းရေးမှူး ကိုရဲမင်းထွန်းက ယခုလိုပြောသည်။

“ဒီမှာ ပထမ သံရုံးကလာတောင်းတယ်ဗျာ ကာယကံရှင်တွေက သဘောမတူတော့ ကျနော်တို့က ပေးလို့ မရဘူး။ NGO အဖွဲ့တွေကနေတဆင့် ပေးမယ်ဆိုတော့ သူတို့ကမယူဘဲ ပြန်သွားတယ်။ အခုကျနော်တို့ သတင်းရတာကတော့ မိဘနှစ်ဦးက အမှုဖွင့်ပြီးသွားပြီ သေချာတယ်။ ဗမာပြည်ကနေ ဖုန်းဆက်ပြီးပြောတာ။”

မလေးရှားအိမ်တွင်း အထည်ချုပ်လုပ်ငန်းတခုတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမ ၁၄ ဦးနှင့် ယောကျ်ားလေးတစ်ဦးသည် ဖေဖော်ဝါရီလဆန်းပိုင်းက အလုပ်ရှင်၏ စွန့်ပစ်မှုခံံခဲ့ရသည်ဟု မြန်မာအလုပ်သမ တစ်ဦးက ယခုလိုပြောသည်။

“သူဌေးက ညီမတို့ကို ကေအလ်(ကွာလာလမ်ပူ) နားမှာ သူ့ကားနဲ့ သူကိုယ်တိုင်ပဲ လိုက်ပို့တာ ငါးယောက်တဖွဲ့၊ ခြောက်ယောက်တဖွဲ့၊ လေးယောက်တဖွဲ့ လိုက်ပို့တာ သုံးခါခွဲပြီးပို့တာ လမ်းမှာ လွင့်ပစ်ခဲ့တယ်။”

လုပ်ငန်းခွင်အတွင်း သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်၍ အလုပ်လုပ််ရပြီး လုပ်အားခ အပြည့်မရသည့်အပြင် အလုပ်ခေါင်းများ၏ ကိုယ်ထိလက်ရောက် စော်ကားမှုများကို အလုပ်ရှင်အား တင်ပြခဲ့ရာ ၎င်းကလက်မခံဘဲ စွန့်ပစ်ခဲ့သည့်နောက် (BWRPC) အဖွဲ့မှ ကိုရဲမင်းထွန်းထံ ဆက်သွယ်ခဲ့သည် ဟု ၎င်းကဆက်ပြောသည်။

“ညီမတို့ရွာမှာ ကတည်းကပေါ့နော် အဲလိုအသိတွေအချင်းချင်း ဖုန်းနံပါတ်ပေးထားလို့လေ။ ဟိုရောက် လို့ အရေးကြီးရင် ဆက်သွယ်လို့ရတယ်ဆိုပြီး သူ့ကို(ရဲမင်းထွန်း) ဆက်သွယ်ခဲ့တာပါ။ လမ်းဘေး ဖုန်းနဲ့ပဲ ဆက်သွယ်ခဲ့တာပါ။”

၎င်းတို့အား (BWRPC) အဖွဲ့မှ စောင့်ရှောက်ထားပြီး မလေးရှားရှိ အမျိုးသမီးကူညီစောင့် ရှောက်ရေးအသင်း Tenaganita သို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပို့ပေးခဲ့သဖြင့် ယခုအခါ အခက်အခဲမရှိဟု ၎င်းက ဆက်ပြောသည်။

“အခုတော့ အကုန်လုံးက ကူညီပေးကြပါတယ်၊ စားဝတ်နေရေးက အစပေါ့နော် လုံခြံုမှု လည်းရှိပါ တယ် ကျမတို့နေရတာ။”

မြန်မာပြည်ရှိ အမျိုးသမီးစောင့်ရှောက်ရေးအသင်း၏ စွပ်စွဲပြောဆိုမှုအပေါ် (BWRPC) အဖွဲ့ အတွင်းရေးမှူး ကိုရဲမင်းထွန်းက “ကျနော်တို့သုံးသပ်တာက ဒီ သံတမန်နည်းနဲ့ပေ့ါနော်။ ဗမာပြည်က မိသားစုတွေက အမှုဖွင့်တယ်။ အဲဒီတော့ ဒီကလေးတွေကို ကျနော်တို့က ခေါ်ယူထားပါတယ်။ ပိတ်လောင်ထားပါတယ် ဆိုပြီးတော့ ကျနော်တို့အဖွဲ့အစည်းကို ဒီမလေးရှားမှာ ပြဿနာရှာလို့ရတယ်။” ဟုသုံးသပ်ပြောဆိုသည်။

ထိုအလုပ်သမများအား ကူညီပေးမှုကို အလုပ်ရှင်မှ မကျေနပ်၍ မလေးရှားရှိ (BWRPC) ရုံးသို့ ၀င်ရောက် ရိုက်နက်မှုတစ်ခု ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ပြီး အဖွဲ့ဝင်တဦး ပြင်းထန်စွာဒဏ်ရာရခဲ့သည်။
 

Most read this week