မြန်မာငါးဖမ်းစက်လှေနှစ်စီးနှင့် လူ ၁၅ ဦးကို ဘင်္ဂလာရေတပ်မှဖမ်းဆီ

မြန်မာငါးဖမ်းစက်လှေနှစ်စီးနှင့် လူ ၁၅ ဦးကို ဘင်္ဂလာရေတပ်မှဖမ်းဆီ
by -
မဇ္စျိမ

ဘင်္ဂလားဒေ့ချ်နိုင်ငံ ရေပိုင်နက်အတွင်း ၀င်ရောက်ငါးဖမ်းသည့် မြန်မာဘက်မှ ငါးဖမ်းစက်လှေ ၂ စီးနှင့် လူ ၁၅ ဦးကို ဘင်္ဂလာဒေချ့် ရေတပ်မှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မြန်မာ ငါးဖမ်းစက်လှေ နှစ်စီးကို ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက နစ်မြစ်ဝရှိ စိန့်မာတင်ခေါ် အုန်းကျွန်းအနီး ၀င်ရောက်ငါးဖမ်းနေစဉ် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများကို ကိုးကားပြီး ကော့စ်ဘာဇားသတင်း တပုဒ်တွင်ဖော်ပြသည်။

ဖမ်းမိသည့် စက်လှေနှစ်စီးတွင် ရေလုပ်သား ၁၅ ဦးပါ၀င်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သတ်ပြီး စိန့်မာတင်အခြေစိုက် ဘင်္ဂလာရေတပ်မှ အရာရှိတစ်ဦးက အတည်ပြုပြော ဆိုသည်။

ဖမ်းဆီးရမိသည့် စက်လှေနှင့်ရေလုပ်သားများကို တက်ကနက် ဆိပ်ကမ်းသို့ ယူဆောင်လာပြီး တရားဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဟု ပြောသည်။

Most read this week