Arakan စကားလုံးကို မသုံးရန် ပြန်ကြားရေးဝန်ကြီးဌာနမှ ရခိုင်အသံဂျာနယ်အား ဖိအားပေး

Arakan စကားလုံးကို မသုံးရန် ပြန်ကြားရေးဝန်ကြီးဌာနမှ ရခိုင်အသံဂျာနယ်အား ဖိအားပေး
by -
နိရဥ္စရာ

ရခိုင့်အသံဂျာနယ် ထုတ်ဝေခွင့်ကို ၂၀၁၅ ခုနှစ် အတွက် သက်တမ်းတိုးရာတွင် ဂျာနယ်အမည် The Voice of Arakan ၌ Arakan ဆိုသော စကားလုံး အစား Rakhine ဆိုသော စကားလုံး အသုံးအနှုန်းကို ပြောင်းလဲ သုံးစွဲရန် ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ခံ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန (ရန်ကုန်) မှ သတိပေး ပြောကြားထားကြောင်း သတင်း ရရှိသည်။

ရခိုင်အသံဂျာနယ်ကို အင်္ဂလိပ်အမည် The Voice of Arakan ဖြင့် ဂျာနယ်ထုတ်ဝေ လာခဲ့သည်မှာ ယခုဆိုလျှင် အတွဲ ၂၊ အမှတ် ၈ သို့ ရောက်ရှိနေပြီး အမှတ် ၂၊ အတွဲ ရ နောက်ပိုင်းမှ စ၍ Arakan စကားလုံးကို ပြောင်းလဲသုံးစွဲရန် ဖိအားပေးလာခြင်း ဖြစ်ကြောင်း သိရသည်။

The-Voice-of-Arakan

The Voice of Arakan အစား  The Voice of Rakhine ဟု အစားထိုး သုံးစွဲ ရန်ဖိအားပေးမူ အပေါ် ရခိုင့်အသံ အယ်ဒီတာချုပ် မြတ်နိုးသာမှ လက်မခံနိုင်ကြောင်း ပြောဆိုသည်။

“ The Voice of Arakan နာမည်ကို ဆက်လက်သုံးစွဲမယ်။ ရခိုင်လိုခေါ်ရင်တော့ ရခိုင့်အသံလို ့ခေါ်တယ်။  အင်္ဂလိပ်လိုခေါ်ရင်တော့ The Voice of Arakan ခေါ်တယ်။  ရခိုင်လို ဘာသာပြန်တဲ့အခါ Arakan လို ့ဘာသာပြန်တယ်။ ရခိုင်လို ့ ဘာသာမပြန်ဘူး။ နိုင်ငံ တကာကလည်း ရခိုင်ကို အင်္ဂလိပ်လို သိထားတာက Arakan လို ့သိထားတယ်။ ဒါကြောင်းမို ့လို ့ကျွန်မတို ့ Arakan လို ့  လိုပဲ ထပ်မံ သုံးစွဲသွားမယ်ဟု’’ ရခိုင့် အသံအယ်ဒီတာချုပ် မြတ်နိုးသာမှ နိရဥ္စရာသို ့ပြောသည်။

Arakan ဟူသော စကားလုံးမှာ ရခိုင်အမျိုးသားပိုင် ဝေါ်ဟာရဖြစ်ကြောင်း၊ ယင်းစကားလုံးကို မသက်ဆိုင်သူ လူမျိုးခြား ဘာသာခြား တစ်ချို ့မှ သူတို့ မူပိုင် ဖြစ်ရန် ကြိုးစားနေကြောင်း၊ ထိုသို့ တရားမဝင်သုံးစွဲခြင်းအပေါ် ရခိုင်အမျိုးသားတို ့က ပြင်းပြင်းထန်ထန် ကန့် ကွက်မှုများလည်း ရှိနေကြောင်း၊ သို့အတွက် Arakan ဆိုသော စကားလုံးမှာ ရခိုင်အမျိုးသာပိုင် စကားလုံးဖြစ်ပြီး ယင်းစကားလုံးမှာ  ပြည်ထောင်စု အားလည်း တစ်စုံတစ်ရာ ထိခိုက်မူမရှိ သဖြင့် ဆက်လက် သုံးစွဲရန် ရည်ရွယ်ရခြင်း ဖြစ်ကြောင်း သူမက ဆိုသည်။

The Voice Of Arakan ဂျာနယ် ထုတ်ဝေခွင့် သက်တမ်းတိုးကာလ တစ်လ စောင့်ရမည်ဖြစ်ပြီး အဆိုပါစကားလုံးကို သုံးခွင့် ရရှိရေး အတွက် ပြန်ကြားရေး ၀န်ကြီးရုံးဌာနသို့ တိုက်ရိုက် လျှောက်သွားရ မည်ဖြစ်ကြောင်း သိရသည်။

“ အခုတော့ ရန်ကုန်မြို့၊ ၀င်္ကဘာလမ်းမှာရှိတဲ့ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနကို သက်တမ်းတိုးဖို့ တင်ထားပါတယ်။ တစ်လလောက်တော့ စောင့်ကြည့်ရမှာပဲ။ တစ်လပြည့်လို့ အကြောင်းမပြန်ဘူးဆိုရင်တော့ ၀န်ကြီးရုံးထိ တင်ရမယ်ပေ့ါနော်။ သူတို ့ကတော့ အမူတွဲ လက်ခံထားတယ်။ ကျွန်မတို ့ကတော့   The Voice of Arakan လို ့ ပဲဆက်လက်သုံးသွားမယ်။  The Voice of Rakine လို ့ မသုံးဘူး။ တကယ်လို ့များ သူတို ့က The Voice of Arakan ဆိုတဲ့စကားလုံးကို  လုံးဝမသုံးရ။ထုတ်ဝေခွင့်ကို မပေးဘူး ဆိုလို  ့ရှိရင်လည်း လူထုရဲ့ သဘောထားဆန္ဒကို ကောက်ယူသွားမယ်။ Arakan ဆိုတဲ့စကားလုံးကို ရခိုင်လူထုရဲ့ဆန္ဒသဘောထားနဲ ့အညီ တသားတဲ့ သုံးစွဲ သွားမယ်” ဟု သူမက ဆက်လက်ပြောကြားသည်။

Arakan ဆိုသော စကားလုံးမှာ ယခုမှ ပေါ်ပေါက်လာသော စကားလုံး မဟုတ်ဘဲ ရခိုင်ဘုရင်လက်ထက် ကတည်းက ယင်းအသုံး အနုန်း မှာ ရှိနေခဲ့ကြောင်း၊ အနောက်နိုင်ငံသားများက ရခိုင်လူမျိုးများအား Arakan ဟု လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းက ခေါ်ဝေါ် လာခဲ့သော ဝေါဟာရ ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ခံ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန အနေဖြင့် ယခုကဲ့သို့ ဖိအားပေးလာခြင်း မှာ ရခိုင့်အသံဂျာနယ် အတွဲ (၂)၊ အမှတ် (၇)တွင် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးရခြင်းနှင့် ပတ်သက်ပြီး သမိုင်းအချက်များကို ဖေါ်ထုတ်တင်ပြ၍ ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

Most read this week