ပုဏ္ဏားကျွန်းမြို့တွင် မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီး ရပြီ

ပုဏ္ဏားကျွန်းမြို့တွင် မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီး ရပြီ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် ဒီဇင်ဘာလ ၁ ရက်နေ့ညနေပိုင်းမှစတင်ကာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီ ရရှိနေပြီဖြစ်ကြောင်း သိရသည်။

မဟာဓာတ်အားလိုင်းမှဓာတ်အားများကို ၂၃ဝ ကေဗွီအေရှိသော ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံမှ တဆင့် ပုဏ္ဏားကျွန်း မြို့ပေါ်သို့ ဒီဇင်ဘာလ ၁ ရက်နေ့၊ ညနေ ၆ နာရီမှစတင်ကာ လျှပ်စစ်မီး ၂၄ နာရီ စတင်ဖြန့်ဖြူးပေး ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

DSCN4091

“ ကျွန်မတို့မြို့မှာ မဟာဓါတ်အားလိုင်းက လျှပ်စစ်မီးရပြီ။ ညနေ ၆ နာရီက စရတာ။ တစ်မြို့လုံး လည်း ဝမ်းသာနေကြပါတယ်”ဟု ပုဏ္ဏားကျွန်းမြို့ခံ ဒေါ်အေးအေးဝင်းက နိရဥ္စရာသို့ ယနေ့ ညနေပိုင်းက ပြောသည်။

ယင်းသို့ ပုဏ္ဏားကျွန်းမြို့ပေါ်တွင် လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးမည့်ကိစ္စကို ပုဏ္ဏားကျွန်းမြို့အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့ညနေပိုင်းက သက်ဆိုင်ရာက မြို့ပေါ်တွင် အသံချဲ့စက်များဖြင့်လှည့်လည်ကြေညာခဲ့ ကြောင်းလည်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။

“အခုလို မီးရလို့ မြို့သူမြို့သားတွေ ဝမ်းသာမဆုံးတော့ဖြစ်ကြတာပေါ့။ အိပ်မက်တစ်ခုကနေ လန့်နိုး လာသလိုခံစားရတယ်”ဟု ပုဏ္ဏားကျွန်းမြို့ခံ ဦးစံရွှေကျော်က ဆိုသည်။

ယခုကဲ့သို့ လျှပ်စစ်မီး ၂၄ နာရီရရှိခြင်းဖြင့် မြို့နယ်တွင်း စက်မှုလက်မှုလုပ်ငန်းများနှင့် တပ်ိုင်တနိုင် လုပ်ငန်းများတွင်ကျယ်လာမည်ဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်နေကြသည့်ဒေသခံများအတွက် အလုပ်အကိုင်အခွင့် အလန်းများပေါ်ပေါက်လာမည်ဟုယုံကြည်ကြောင်းလည်း မြို့ခံများက သုံးသပ်ပြောဆိုကြသည်။

“အစိုးရအနေနဲ့ ပြည်သူတွေအပေါ် အကြွေးတွေအများကြီးတင်ထားရှိနေတဲ့အထဲ အဲဒီထဲက တစ်ခု လောက်ကိုပဲ အခုလို ပေးဆပ်တာလို့မြင်တယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ရခိုင်တွေအတွက် အများကြီးလုပ်ပေး ဖို့လိုသေးတယ်”ဟု ဦးစံရွှေကျော်က ပြောသည်။

ယင်းသို့လျှပ်စစ်မီးပေးနိုင်ရန် မဟာဓာတ်အားလိုင်းမှဓာတ်အားများသည် ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံသို့ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်းက စတင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် လျှပ်စစ်မီး ၂၄ နာရီစတင်ရရှိခဲ့သည့်အပြင် ကျောက် တော်မြို့ နယ်ရှိ မဟာမြတ်မုနိဘုရားတွင်လည်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီးစတင်ရရှိခဲ့ကြောင်း သိရသည်။

Most read this week