ရိုဟင်ဂျာ ဆိုသူများအရေး လှုပ်ရှားသူ ပါကိစ္စတန် နိုင်ငံသား ဘင်္ဂလာဒေချ့်တွင် ဖမ်းဆီးခံရ

ရိုဟင်ဂျာ ဆိုသူများအရေး လှုပ်ရှားသူ ပါကိစ္စတန် နိုင်ငံသား ဘင်္ဂလာဒေချ့်တွင် ဖမ်းဆီးခံရ
by -
နိရဥ္စရာ

ရိုဟင်ဂျာ အရေးကို လှုပ်ရှားသူ  ပါကိစ္စတန် နိုင်ငံသား မိုဟာမတ် အာလာမ် ဆိုသူကို တခြား ဘင်္ဂလာဒေ့ချ်နိုင်ငံသား ၄ ဦးနှင့်အတူ ဘင်္ဂလာရဲ တပ်ဖွဲ့က စစ်တကောင်းမြို့တွင် ဖမ်းဆီးလိုက်ကြောင်း banglanews24 သတင်း တစ်ပုဒ်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ Global Rohigya Center (GRC) မှ ဒါရိုက်တာဖြစ်သူ မိုဟာမတ်အာလာမ် (၄၅) နှစ် ဖြစ်သည်။

ctg DB Arrest Global-Rohigya-Center

သူနှင့် အတူ တစ်ခြား အဖမ်းခံရသည့် ဘင်္ဂလာဒေချ့်နိုင်ငံသားများမှာ မိုဟာမတ်အာမိန် (၅၀)နှစ်၊ အဘဒူလ်မိုလ်ဇိ  (၃၀) နှစ်၊ ဆာလာမ်တ်အူလ္လာဟ (၄၅) နှစ်နှင့် ချောဖီလ်အူလ္လာ ၄၀ နှစ်တို့ ဖြစ်ကြောင်း ယင်းသတင်းတွင် ဖေါ်ပြသည်။

သူတို့ ၅ ဦးကို စစ်တကောင်းမြို့  ဟိုတယ်တစ်ခုမှ ယမန်နေ့ နေ့လည် ၁၂ နာရီခန့် တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မိုဟာမတ် အာလာမ်ဆိုသူမှာ ပါကိစ္စတန်နိုင်ငံ ကာရာချီးဒေသခံဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် သူ့ကိုယ်တိုင် နယ်သာလန်နိုင်ငံ အခြေစိုက် Global Rohigya Center (GRC) မှ ဒါရိုက်တာတစ်ဦး ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ပြောဆိုကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

သို့သော် ဖမ်းဆီးစဉ် သူ့ထံမှ ပါကိစ္စတန် နိုင်ငံကူးစာအုပ်ကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဆာလမ်တ်အူလ္လာဆိုသူမှာ ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ်မှဖြစ်ပြီး လက်ရှိတွင် စစ်တကောင်းခရိုင် လဟော်ဂါးရာတွင် နေထိုင်ကြောင်းသိရသည်။ သူ့ကို ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ဘာသာရေးအားသန်သည့် ဂျာမာ့စ် ပါတီ ခေါင်းဆောင်တစ်ဦး အဖြစ် ကော့စ်ဘာဇားရဲတပ်ဖွဲ့က သိရှိထားသည်ဟု ပြောဆိုကြောင်း သတင်းတွင် ရေးသားသည်။

တစ်ခြားတစ်ဦးဖြစ်သူ အဘဒူလ်မိုလ်ဇိ ဆိုသူမှာ ဆော်ဒီနိုင်ငံတွင်နေထိုင်သည့် ဘင်္ဂလာဒေ့ချ်နိုင်ငံ ကော့စ် ဘာဇားခရိုင် အိုခီးယားမြို့နယ်သားဖြစ်ကြောင်း သိရသည်။

နယ်သာလန်အခြေစိုက် Global Rohigya Center (GRC) မှ ပါကိစ္စတန် နိုင်ငံသား ၀န်ထမ်း တစ်ဦးကို လွန်ခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က ကော့စ်ဘာဇားခရိုင်အတွင်းရှိ ကောတော့ပလောင် ဒုက္ခသည်စခန်းကို အသွားတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

၎င်း ပါကိစ္စတန်နိုင်ငံသား ၀န်ထမ်းကို ဖမ်းဆီးချိန်တွင်လည်း ယမန်နေ့ကဖမ်းဆီးခံရသည့် အာဘ ဒူလ်မိုဇိ၊ ဆာလာမ်တိုအူလ္လာနှင့် ချောဖီလ်အူလ္လာတို့လည်း သူနှင့်အတူရှိနေခဲ့သည်ဟု ကော့စ်ဘာ ဇားခရိုင် ရဲတပ်ဖွဲ့ မှ ပြောဆိုကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

Most read this week