စစ်တွေ ဆတ်ရိုးကျချောင်းတွင် အမည်မသိ အမျိုးသားအလောင်း တစ်လောင်းတွေ ့ရှိ

စစ်တွေ ဆတ်ရိုးကျချောင်းတွင် အမည်မသိ အမျိုးသားအလောင်း တစ်လောင်းတွေ ့ရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျချောင်းတွင် သေဆုံးနေသော အမည်မသိ အမျိုးသားအလောင်း တစ်လောင်းအား ရဲတပ်ဖွဲ့မှ တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

ယင်းအလောင်းအား အောက်တိုဘာလ ၂၆ရက် နေ ့လယ် ၂ နာရီ အချိန်တွင် စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး အနီးရှိ ဆိတ်ရိုးကျချောင်းနံဘေး ရွံ  ့အိုင်ပေါ်တွင်ရေနစ်ပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။

News-Photo

စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဦးညွန့်ဝင်းမှ ရဲသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့ပြီးနောက် ယင်းအလောင်း အားတွေ့ရှိခဲ့သည်ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သွားရောက်စစ်ဆေးချိန်တွင် အလောင်းမှာ မှောက်လျက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ စွပ်ကျယ် အင်္ကျီ အဖြူနှင့် လုံချည်ခါးတောင်းကျိတ်ဝတ်ဆင်လျှက် တွေ့ရှိရကြောင်း၊ ၀ဲဘက်မျက်နှာနှစ်ခုတွင် ရေသတ္တဝါများကိုက်ထား၍ ပွန်းပဲ့ ဒဏ်ရာနှင့် အခြားပြင်ပ ဒဏ်ရာ အနှံ့အပြားကို တွေ ့ရှိရကြောင်း၊ အလောင်းအား ပတ်ဝန်းကျင်သက်သေများနှင့် အတူ စစ်ဆေးချက် ယူပြီး စစ်တွေဆေးရုံကြီးသို့ ခွဲစိတ်ရန် တင်ပို့ခဲ့ကြောင်း၊ လူသေအမျိုးအစားမှာရေနစ်သေဆုံးမူ ဖြစ်ကြောင်း  ရဲမှ ပြောဆိုသည်။

သေဆုံးသူမှာ အသက်(၄၀) အရွယ်ခန် ့ရှိသည်ဟု ခန် ့မှန်းရကြောင်း၊ ယခုအခါ  သေမှုူသေခင်း အမှတ်စဉ် ၃၈/၁၄အမူဖွင့်သည်ဟု ရဲက ဆက်လက် ပြောဆိုသည်။

၎င်းအမျိုးသား အလောင်းအား  စစ်တွေ ဆေးရုံကြီး ရင်ခွဲရုံသို ့ပို ့ပြီနောက် နာရေးကူညီမှုအသင်းမှ အောက်တိုဘာလ ၂၇ ရက်နေ့ နေ ့လယ် ၂နာရီတွင် သဂြိုလ် လိုက်သည်ဟု သိရသည်။

အလားတူ လွန်ခဲ့သော တစ်လခန့်ကလည်း ၀က်ရူးပြန်ရောဂါအခံရှိသူ တစ်ဦး အရက်သေစာ အလွန် ့အကျွံ သောက်စားမူးယစ်ပြီး ဆတ်ရိုးကျ ချောင်းနံဘေးတွင် ယခုကဲ့သို ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

Most read this week