နို်င်ငံသား သက်သေခံကတ်ပြားပုံစံ စာရေးသား ဖြန့်ဝေရန်စီစဉ်သူ ဘင်္ဂလီတစ်ဦး ဖမ်းဆီးခံရ

နို်င်ငံသား သက်သေခံကတ်ပြားပုံစံ စာရေးသား ဖြန့်ဝေရန်စီစဉ်သူ ဘင်္ဂလီတစ်ဦး ဖမ်းဆီးခံရ
by -
နိရဥ္စရာ

နိုင်ငံသား သက်သေခံကတ်ပြားပုံစံပြုလုပ်ပြီး စာရေးသား ဖြန့်ဝေရန် စီစဉ်သူ ဘင်္ဂလီ လူမျိုးတစ်ဦးကို ဘူးသီးတောင်တွင် ရဲက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာနေ၊ ဂျာကဲရ်အာမက် (ဘ) ဖွေယော့စ် ၊ အသက်(၂၇)နှစ်ဖြစ်သည်။

00-11

သူသည် အောက်တိုဘာလ ၁၆ ရက်နေ့  ညနေ(၅း၃၀)အချိန်တွင် ဘူးသီးတောင်မြို့၊ မြို့မစျေးအနီးရှိ မိတ္တူဆိုင် တစ်ဆိုင်သို့ရောက်ရှိလာပြီး  နိုင်ငံသားစိစစ်ရေးကတ်ပြားပုံစံ စာတစ်စောင်အား စာရွက် (၄၀)ခန့် မိတ္တူကူးခဲ့သည်ဟု သိရှိရသည်။

မိတ္တူကူးသည့်  စာရွက်ရှေ့ဘက်တွင် အမှတ်-ဘသတ(နိုင်)၁၂၃၅၇၂၊ အမည် မောင်တင်ရွှေ(ခေါ်) ဂျာကဲရ်အမောက်၊ လူမျိုး/ဘာသာ ရခိုင်နှင့်ဗုဒ္ဓဘာသာ စသည်ဖြင့်ရေးသားထားပြီး အချက်အလက်များ မှာ နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံအတိုင်းရေးသားထားသည်ဟု ဆိုသည်။

ကျောဘက်တွင် အရပ် ၅ ပေ ၂ လက်မ ၊ သွေးအုပ်စု ရခိုင်သားကို အားပေးတဲ့အုပ်စု စသည်ဖြင့်ရေး သားဖေါ်ပြပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားပုံစံ ရေးသားကာ လက်ဗွေနှိပ် ထားသည်ကိုတွေ့ရှိရသည်။

ထိုသို့ မိတ္တူကူးနေသည်ကို စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များအဖွဲ့မှ မြို့မရဲစခန်းသို့  အကြောင်းကြား ရာမှ သူ့အား သက်သေခံစာရွက်များနှင့် အတူ ဘူးသီးတောင်  မြို့မရဲစခန်းမှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။

00-2

“ ခေါ်ယူစစ်ဆေးနေတဲ့ အဆင့်ပါ။ ဘာရည်ရွယ်ချက်တွေနဲ့ လုပ်သလဲပေါ့” ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြော သည်။

ဘူးသီးတောင်မြို့နယ် စည်း/ထိန်းအဖွဲ့မှ အတွင်းရေးမှူးဆရာတော် အရှင်နာယကမှ ယခုလုပ်ဆောင်မူနှင့် ပတ်သက်ပြီး သူ့အမြင်ကို ယခုလို သုံးသပ် ပြောပါသည်။

“ မွတ်ဆလင် တစ်ဦးကို ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာတဲ့ အဲသလို ရေးထားတာ။ ဒါက လူမျိုး၊ ဘာသာကို ထိခိုက်ညှိုးနွမ်းစေတဲ့ အပြုအမူလို့ပဲ သတ်မှတ်ပါတယ်။ နိုင်ငံသားကတ်ကို ပုံစံတူ ဆင်တူယိုးမှား အချက်အလက်တွေနဲ့ဆိုတော့ ဘာကိုရည်ရွယ်ပြီးလုပ်သလဲ၊ ဘယ်လို ပယောဂတွေပါသလဲဆို တာတော့ သေချာအောင် စုံစမ်းဖို့တော့လိုပါမယ်” ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် နိုင်ငံသားစိစစ်ရေး ပြုလုပ်ရန် စီစဉ်နေချိန်တွင် သွေးထိုးလှုံ့ဆော်မှု တစ်ခုခု လုပ်ရန် ရည်ရွယ်ပုံရသဖြင့် ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူရန်တိုက်တွန်းကြောင်း ဦးဇင်းက ဆိုသည်။

ဒေသခံ အချို့ကမူ  အဆိုပါလုပ်ရပ်ကို ရူးကြောင်ကြောင်လုပ်ရပ်အဖြစ် ထင်မြင်သူများရှိသော်လည်း အချို့က နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း၊ မိတ္တူဆိုင်တွင် တမင်လာရောက် ကူးယူခြင်းဖြင့် ပဋိပက္ခဖြစ်လာအောင် တမင်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်​ဟု သိရသည်။

Most read this week