မြောက်ဦး နန်းရာကုန်းထက်မှ စိတ်ကြွးဆေးပြား လေးသိန်းကျော် သိမ်းဆည်းရမိ

မြောက်ဦး နန်းရာကုန်းထက်မှ စိတ်ကြွးဆေးပြား လေးသိန်းကျော် သိမ်းဆည်းရမိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ နန်းရာကုန်းပေါ်မှ စိတ်ကြွဆေးပြား (၄) သိန်းကျော် သိမ်းဆည်းရမိကြောင်း မြောက်ဦးရဲတပ်ဖွဲ့မှ အတည်ပြု ပြောကြားသည်။

“နန်းရာကုန်းပေါ်ကနေ ယာဘားဆေးပြား ၄၁၂၀၀၀ (လေးသိန်း တစ်သောင်း နှစ်ထောင်)  ကို ဖမ်းဆီးမိခဲ့ပါ တယ်။ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တစ်သောင်း နှစ်ထောင် သုံးရာနဲ့ ခြောက်ဆယ် ဖိုးရှိပါတယ်” ဟု မြောက်ဦးနယ်ထိန်း တပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

mrauk-u-palace-entrance

ယင်းစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိပုံနှင့် ပတ်သက်၍လည်း သူက “ အဲဒီဆေးပြားတွေကို လေးတန်း ငါးတန်းအရွယ် ကျောင်သားတွေက နန်းရာကုန်းပေါ် တက်ဆော့ ကစားရာကနေ အထုပ်တွေကို တွေ့ရှိတာ ဖြစ်ပြီး ရှေးဟောင်း သုတေသန ဌာနကို အကြောင်းကြားတယ်။ ရှေးဟောင်းသုတေသနကနေ ရဲကို အကြောင်း ကြားတဲ့ အတွက် သက်ဆိုင်ရာကနေ ဖမ်းဆီး သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။ တချို့ကတော့ မိုးရေထဲမှာ ပစ်ထားတဲ့ အတွက် ပျက်စီးနေပါပြီ” ဟု ဆိုသည်။

သို့သော်လည်း ပိုင်ရှင်များကိုမူ ဖမ်းဆီးမိခြင်း မရှိသေးကြောင်း၊ မြို့နယ်မှူး၊ စခန်းမှူးတို့မှ ပိုင်ရှင်များကို စုံစမ်း ဖေါ်ထုတ်နေကြောင်း၊ စစ်ဆေးတုန်းဖြစ်၍ ယင်းစိတ်ကြွဆေးပြားများ မည်သို့ မည်ပုံ နန်းရာကုန်းပေါ်သို့ ရောက်ရှိနေသည်ကို မသိရှိရသေးကြောင်း သူက ပြောဆိုသည်။

ယခုကဲ့သို့ စိတ်ကြွဆေးပြား အမြောက်အများကို မြောက်ဦးမြို့တွင် ယခင်က ဖမ်းဆီးမိခြင်း မရှိခဲ့ဘူးကြောင်း၊ ၂၀၁၂ ခုနှစ်က တစ်ကြိမ် ဖမ်းမိခဲ့သော်လဲ ဆေးပြား အရေအတွက်မှာ (၁၇၀၀၀) ကျော်သာ ရှိကြောင်း သိရှိရ သည်။

Most read this week