စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့့်များ တပ်ဆင်မည်

စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့့်များ တပ်ဆင်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ယာဉ်ကြောရှုပ်ထွေးသည့်နေရာသုံးခုတွင် မီးပွိုင့်များစတင်တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုတပ််ဆင်ပေးမည့်နေရာသုံးခုမှာ စစ်တွေမြို့ရှိ ဦးဥတ္တမလမ်းနှင့် လမ်းမကြီးလမ်းဆုံ၊ ကုန်သည်လမ်းနှင့် လမ်းမကြီးလမ်းဆုံနှင့် လောကာနန္ဒာစေတီအနီးရှိ လမ်းဆုံတို့ဖြစ်ကြကြောင်း သိရသည်။

ယခုအခါ စစ်တွေမြို့တွင် မော်တော်ကားများ၊ ဆိုင်ကယ်များများပြားလာပြီး ယာဉ်ကြောရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမှုကြောင့် ယခုကဲ့သို့မီးပွိုင့်များတပ်ဆင်ပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Kondan-road-in-Sittwe

ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့ရှိ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးသို့ နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယင်းရုံံးမှ တာဝန်ရှိသူတစ်ဦးက “ဒီကိစ္စက ကျွန်တော်တို့့နဲ့မသက်ဆိုင်ပါဘူး။ စည်ပင်ကိုပဲ မေးလိုက်ပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်စည်ပင်ရုံးကိုဆက်သွယ်မေးမြန်းရာ ယင်းမှတာဝန်ရှိသူတစ်ဦးက “ဒီကိစ္စက လျှပ်စစ်ဌာနနဲ့ပဲဲ ဆိုင်ပါတယ်။ လျှပ်စစ်ကိုမေးပြီးမှ ကျွန်တော်တို့ အတည်ပြုပြောလို့ရမှာပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲဲ့၏အစီအစဉ်ဖြင့်တပ်ဆင်ပေးမည့်အဆိုပါမီးပွိုင့်များမှာ ဘဏ္ဍာရေးအခြေအရ ဒီဂျီတယ်မီးပွိုင့်များမဟုတ်သေးဘဲ ရိုးရိုးမီးပွိုင့်များသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယခုနောက်ပိုင်း ယာဉ်များရှုပ်ထွေးလာနေပြီး မီးပွိုင့်စနစ်များမရှိသည့် အတွက် ယာဉ်မတော်တဆမှုများလည်း ပိုမိုဖြစ်ပွားလာနေသည်ကိုတွေ့ရကြောင်း မြို့ခံများက ပြောသည်။

သို့သော် ယာဉ်မတော်တဆမှုများပိုမိုဖြစ်ပွားနေရခြင်းမှာ ယာဉ်မောင်းသူများ၏ အရက်သေစာသောက် စားမူးယစ်ကာ စည်းကမ်းမဲ့စွာမောင်းနှင်ကြမှုများကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း အမှတ်(၅) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး(စစ်တွေ)မှှ ရဲအုပ်မောင်မောင်ထွန်းက သုံးသပ်ပြောသည်။

ယခုတပ်ဆင်ရန်ပြင်ဆင်နေသည့် မီးပွိုင့်များကို မည်သည့်အချိန်တွင်စတင်တပ်ဆင်ပေး သွားမည်ဆို သည်ကို ရခိုင်ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

Most read this week