ဘင်္ဂလာတွင်တူးဖေါ်ထားသော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်ရှေးဟောင်လှေ ထိမ်းသိမ်းမှုအားနည်း၍ ပျက်စီးနေ

ဘင်္ဂလာတွင်တူးဖေါ်ထားသော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်ရှေးဟောင်လှေ ထိမ်းသိမ်းမှုအားနည်း၍ ပျက်စီးနေ
by -
နိရဥ္စရာ

ဘင်္ဂလာဒေ့ချ်နိုင်ငံ ဘောရီချာခေါ် အဝကျွန်းဒေသတွင် တူးဖော်ရရှိထားသည့် နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်အမျိုးသားတို့ အသုံးပြုခဲ့သော ရှေးဟောင်းလှေမှာ ယခုအခါ ထိမ်းသိမ်းမှုအားနည်းနေသည့်အတွက် ပျက်စီးနေကြောင်း သိရသည်။

အဆိုပါ ရှေ့ဟောင်းလှေကို ပင်လယ်ကမ်းခြေဒေသ တစ်ခုတွင် နစ်မြုပ်နေရာမှ ဘင်္ဂလာဒေ့ချ် စစ်တပ် အကူအညီဖြင့် ရှေ့ဟောင်းသု တေသနဌာနမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အဝကျွန်းဒေသမှ ကူဝါကာတာရွာအနီးရှိကုန်းပေါ်သို့ ပြောင်းရွေ့လာခဲ့ပြီး အများပြည်သူများ ကြည့်ရှု့နိုင်ရန် ပြသထားသည်။

neglect-wearing

ယင်းရှေးဟောင်းလှေကို လူအများအပြား လာရောက်လည့်ပတ်သော ပင်လယ်ကမ်းခြေအနီးတွင် ပြသထားသဖြင့် ကြည့်ရှု့သူ များပြားသော်လည်း လှေကိုအမိုးအကာမဲ့ ထားရှိသည့်အတွက် ပျက်စီးမှုများရှိ နေကြောင်း ဒေသခံများကပြောသည်။

အစိုးရအနေဖြင့် အဆိုပါလှေအား မပျက်စီးရအောင် ချက်ချင်းကာကွယ်ပေးသင့်သည့်ဟု ဒေသခံများက တောင်းဆိုနေကြသည်ဟုလည်း ဘင်္ဂလာသတင်းများတွင် ဖေါ်ပြသည်။

ရှေ့ဟောင်းသုတေသန လက်ထောက်ဒါရိုက်တာဖြစ်သူ Afroza Khan Mitaက အဆိုပါ ရှေ့ ဟောင်း လှေကြီးအား အမိုးလုပ်ပေးရန် စီစဉ်နေကြောင်းနှင့် အောက်တိုဘာလအတွင်း စတင်လုပ် ဆောင်နိုင် မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု Dailystar သတင်းစာတွင် ရေးသားထားသည်။

ယင်းရှေ့ဟောင်းလှေမှာ အလျှား ၅၂ ပေ၊ အနံ ၂၂ ဒသမ ၅ ပေရှိကြောင်းသိရသည်။

အဆိုပါလှေကို ဒေသခံများက ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် နစ်မြုပ်နေ သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၁၇၈၄ ခုနှစ်တွင် ဘိုးတော်ဘုရားမှ ရခိုင်နိုင်ငံကို သိမ်းပိုက်ပြီးနောက် ယခုတွေ့ရှိထားသည့် လှေအမျိုးအစား အများအပြားဖြင့် ရခိုင်အမျိုးသားများက အဝကျွန်းဒေသသို့ လာရောက်အခြေချ နေထိုင်ခဲ့ကြသည်ဟု ကူဝါကာတာရွာမှ အသက် ရ၀ ခန့်ရခိုင်လူကြီး တစ်ဦးမှ ပြောဆိုကြောင်း သတင်းတွင် ရေးသားသည်။

Most read this week