အလိုတော်ပြည့်ဆရာတော် ရသေ့တောင်တွင် နိဗ္ဗာန်ယာဉ်နှင့် မီးသဂြိုလ်စက်လှူဒါန်း

အလိုတော်ပြည့်ဆရာတော် ရသေ့တောင်တွင် နိဗ္ဗာန်ယာဉ်နှင့် မီးသဂြိုလ်စက်လှူဒါန်း
by -
နိရဥ္စရာ

ပြည်တွင်းပြည်ပ သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်နေသော အလိုတော်ပြည့် ဆရာတော်ကြီး ဒေါက်တာ အရိယာဝံသသည် ရသေ့တောင်မြို့တွင် လိုအပ်နေသော နိဗ္ဗာန်ယာဉ် တစ်စီးနှင့် မီးသဂြို င်္စက် တစ်လုံးတို့ကို ယခုလ (၈) ရက်နေ့က အခမ်းအနားဖြင့် လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

ဆရာတော်ကြီးလှူဒါန်းသော နိဗ္ဗာန်ယာဉ်မှာ သိန်း (၁၂၀) တန်ဖိုးရှိပြီး ရသေ့တောင်မြို့ နာရေး ကူညီမူ အသင်းသို့ လှူဒါန်းခဲ့ကြောင်း၊ မီးသဂြိုလ်စက်အားလည်း ယင်းအခမ်းအနားတွင်ပင် လှူဒါန်းခဲ့ကြောင်း လက်ထောက်ဆရာတော် အရှင်ကုမာရမှ ရေးသားပေးပို့သော စာတွင် ဖေါ်ပြသည်။

၎င်းလှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့ ရသေ့တောင်မြို့ရှိ အလိုတော်ပြည့် ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဝင်ဆရာတော်  မဏိရတနာဆရာတော် (စစ်တွေ) နှင့် အတူ ပြည်နယ်သံဃာမဟာနာယက ဆရာတော်ကြီးများ၊  မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၂၁) ကျောင်းမှ ဆရာတော်များမြို့မိ/မြို့ဖ နယ်မိ/နယ်ဖ ပရိတ်သတ် ၅၀၀ ခန့် တက်ရောက်ခဲ့သည်ဟု ဖေါ်ပြသည်။

အလိုတော်ပြည့်ဆရာတော်ကြီးသည် ရခိုင်ပြည်နယ်တွင်သာသနာပြုလုပ်ငန်းများကိုသာမက လူမူရေး လုပ်ငန်းများကိုလည်း တစ်ဘက်တစ်လမ်းလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ယခုနှစ် ဇွန်လ (၈) ရက်နေ့ကလည်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ  ဒုက္ခသည်များ အတွက် ဆန်အိတ် (၁၀၀၀) နှင့် အဝတ်အထည်အစုံပေါင်း (၂၀၀၀) ကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့သည်ဟု သိရသည်။

၂၀၁၀ ခုနှစ် တိုက်ခတ်ခဲ့သော ရခိိုင်ပြည်နယ် ဂီရိမုန်တိုင်း ဒဏ်ခံရသော ဒုက္ခသည်များကိုလည်း ကျပ်သိန်းပေါင်း (၂၅၀၀) ကျော်တန်းဖိုးနှင့် ညီမျှသော အိုးခွက် ပန်းကန် အဝတ်အထည်များနှင့် အစားအသောက် များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခု ရသေ့တောင်မြို့အတွက် လှူဒါန်းသော နိဗ္ဗာယာဉ်နှင့် မီးသဂြိုင်္စက်မှာ မြို့အတွက် အကျိုးရှိသဖြင့် ဒေသခံများက ၀မ်းသာနေကြကြောင်း သိရှိရသည်။

အလိုတော်ပြည့် ဆရာတော်ကြီးမှာ ယခု သက်တော် (၇၀) ကျော်ပြီ ဖြစ်သော်လည်း ရခိုင်ဒေသဖွံ့ဖြိုးရေးကို နိုင်သည့်ဘက်မှ စွမ်းစွမ်း တမံဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

Most read this week