ဘင်္ဂလီဒုက္ခသည် စခန်းသို့ ယမ်းများပို့ဆောင်သူ (၂) ဦး ဖမ်းဆီးခံရ

ဘင်္ဂလီဒုက္ခသည် စခန်းသို့ ယမ်းများပို့ဆောင်သူ (၂) ဦး ဖမ်းဆီးခံရ
by -
နိရဥ္စရာ

လွန်ခဲ့သည့် မေလ(၂) ရက်နေ့က ငှက်ချောင်း ဘင်္ဂါလီ ဒုက္ခသည်စခန်းသို့ ယမ်းနှင့် ဒီဇယ်ဆီများကို ဟွန်ဒါစက်လှေဖြင့် ပို့ဆောင်ရန် သယ်ဆောင်လာသူ ဆင်ပိုက်ရွာသား ရခိုင်နှစ်ဦးအား စိုင်းတုတ် ကျေးရွာသားများက ပိတ်ဆို့ဖမ်းဆီး၍ပေါက်တောမြို့နယ်ရဲစခန်းသို့ အပ်နှံလိုက်ကြကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ယမ်းနှင့်ဒီဇယ်ဆီများသယ်ဆောင်လာသူနှစ်ဦးမှာ ဆင်ပိုက်ရွာသား ဦးမောင်သိန်းထွန်း(အသက်-၄၂)နှစ်နှင့် မောင်အေးခင်(အသက်၂၁)တို့ဖြစ်ကြကြောင်း၊ ယင်းတို့ကို စိုင်းတုတ်ရွာအနီး မြစ်ထဲတွင် စိုင်းတုတ် ရွာသားများက ဟွန်ဒါစက်လှေ နှစ်စင်းဖြင့် ပိတ်ဆို့ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ရွာသားများပြောသည်။

(ယမ်းနှင့် ဒီဇယ်ဆီများသယ်ဆောင်လာသူများကို ဖမ်းမိစဉ်) ဓာတ်ပုံ-မင်းသူရိန်

ယင်းဆင်ပိုက်ရွာသားများထံမှ မုန့်နှင့် စားစရာများ ထည့်လာသော ဆာလာအိတ် (၁၇)အိတ်၊ သကာခြင်း တောင်း (၃)တောင်း၊ အဝါရောင်လေးထောင့်ပုံးဖြင့်ထည့်လာသော ဒီဇယ်ဆီ(၄)ပုံးနှင့် အလေးချိန် တစ် ပိဿဿ     ခန့်ရှိ ယမ်းစိမ်း(၂)ထုပ်ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

သိမ်းဆည်းရရှိသော ယမ်းနှင့် ဒီဇယ်ဆီများကို စိုင်းတုတ်ရွာ အုပ်ချုပ်ရေးမှူးဦးမောင်နုဖြူ က ဦးဆောင်ကာ ရဲစခန်းသို့ အပ်နှံခဲ့သည်။

၄င်းတို့ နှစ်ဦးအားပေါက်တောမြို့နယ်ရဲစခန်း (ပ)၆၈/၂၀၁၄၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မ(၅)အရ အမှုဖွင့် အရေးယူထားကြောင်း ပေါက်တောရဲစခန်းမှ အတည်ပြုပြောကြားသည်။

Most read this week