တစ်နှစ်အတွင်း မြန်မာဘက်မှ ၀င်ရောက်လာသူ ၃၀၀၀ ကျော်ကို ဘင်္ဂလာက နှင်ထုတ်

တစ်နှစ်အတွင်း မြန်မာဘက်မှ ၀င်ရောက်လာသူ ၃၀၀၀ ကျော်ကို ဘင်္ဂလာက နှင်ထုတ်
by -
နိရဥ္စရာ

မောင်တောမြို့နဲ့ မျက်နာချင်းဆိုင် မှာ တည်ရှိတဲ့ ဘင်္ဂလာဒေချ့်နိုင်ငံ တက်ကနက်မြို့ အခြေစိုက် အမှတ် (၄၂)  BGB တပ်ရင်းက တနှစ်အတွင်း မြန်မာဘက်က ခိိုးဝင်လာသူ လူပေါင်း ၃၃၀၆ ဦီးကို သူတို့ တပ်ရင်း အနေနဲ့ မြန်မာဘက်ကို ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

bangladesh-myanmarတပ်ရင်း ထူထောင်တဲ့ ၁၁ နှစ်မြောက်ပြည့်နေ့ အခမ်းအနားမှာ တာဝန်ရှိိသူ တစ်ဦးဖြစ်သူ ကာမ်မရုလ် ဟာဆန်က သတင်းထောက်တွေကို ရှင်းလင်း ပြောကြားရာမှာ ခုလို ထည့်သွင်း ပြောကြားတာ ဖြစ်လို့ ဒီနေ့ထုတ် ကော့စ်ဘဇား နယူးစ်မှာ ဖေါ်ပြပါတယ်။

“ ဒီအရေအတွက်ဟာ ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက် ကနေ ၂၀၁၃ ခုနှစ်ဇွန်လ ၃၀ရက်နေ့အထိ ဖြစ်တယ်” လို့ သူက ပြောပါတယ်။

အခု မြန်မာဘက်ကို ပြန်ပြီးမောင်းထုတ်ခံရသူ ၃၃၀၆ ဦးဟာ မြန်မာဘက်က  ခိုးဝင်တဲ့ မွတ်ဆလင်တွေ ဖြစ်တယ်။ စုစုပေါင်း ဖမ်းဆီးမိသူ အရေအတွက် က ၃၃၁၆ ဦးဖြစ်တယ်။ အဲဒီထဲက  ၁၀ ဦးကိုတော့  ရဲလက်ကိုအပ်ပြီး အမှုဖွင့် တရားစွဲဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။

မလေးရှားကို လှေနဲ့  သွားတဲ့သူ စုစုပေါင်း ၁၇၃ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီအထဲမှာ လူပွဲစား ၈ ဦး ပါ၀င်တယ်လို့ ပြောပါတယ်။ အဲဒီအထဲက ၉၁ ဦးက တရားမစွဲဆိုနိုင်ခင်မှာ ထွက်ပြေး လွတ် မြောက်သွားကြတယ်လို့ ပြောပါတယ်။

တနှစ်အတွင်း မြန်မာနဲ့ နယ်စပ်က တဆင့် ဖမ်းဆီးရမိတဲ့ တရားမဝင် (မှောင်ခို) ပစ္စည်း တန်ဖိုးက တာကာ ၂၃ ကုဋေ ခုနှစ်သန်း ခြောက်သိန်း ရှစ်သောင်း ကိုးထောင် ခြောက်ရာ ရှစ်ဆယ် (မြန်မာကျပ်ငွေ ကုဋေ ၂၃၀ ကျော်) ဖိုးရှိပြီး အမှုပေါင်း ၁၃၅၄  ကို တရား စွဲဆိုနိုင်ခဲ့တယ်လို့ ပြောပါတယ်။  မှောင်ခိုသမား ၁၃၅ ယောက်ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။

သေနတ် ရ လက် အပါအဝင် လက်လုပ် သေနတ် ၅ လက်နဲ့ အခြားလက်နက် ပစ္စည်း မျိုးစုံ ၆ မျိုးကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စိတ်ကြွဆေးပြား အပါအဝင် မူးယစ်ဆေးဝါးတန်ဖိုး ၁၄ ကုဋေ ငါးသန်း ရှစ်သောင်း ကိုးထောင်ကိုးရာဖိုး  ဖမ်းဆီး မိပြီး အဲဒီအထဲမှာ စိတ်ကြွဆေးပြား ၄၈၃၆၃၃၊ အရက်မျိုးစုံ ၃၇၃၂၄ ပုလင်း၊ ဖန်စီဒိုင်  ၂၁၈ ပုလင်း၊ ချက်အရက် ၁၅၅၉ လီတာ၊ ဆေးခြောက် ၆၅ ကီလိုနဲ့ ဘိန်း  ၂၀၈ ကီလို တို့ ဖြစ်ပါတယ်။

Most read this week