ချစ်ကြည်ရေးခရီးစဉ်ဖြင့် မြန်မာ့ရေတပ်သဘောင်္ စစ်တကောင်းသို့ ပထမဆုံးအကြိမ်ရောက်ရှိ

ချစ်ကြည်ရေးခရီးစဉ်ဖြင့် မြန်မာ့ရေတပ်သဘောင်္ စစ်တကောင်းသို့ ပထမဆုံးအကြိမ်ရောက်ရှိ
by -
နိရဥ္စရာ

လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အနေဖြင့်  မြန်မာ့ စစ်သင်္ဘော UMS မဟာ သီဟသူရ စစ်သင်္ဘောသည် ယမန်နေ့က စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ လာသည်ဟု ဘင်္ဂလာဒေချ့် အစိုးရက သတင်း ထုတ်ပြန်သည်။

Myanmar-ship-arrives-on-4-day-goodwill-visit-Bangladesh

သဘောင်္တွင် မြန်မာအရာရှိ ၁၅ ဦး အပါအဝင် သင်္ဘောသား ၁၂၁ ဦး လိုက်ပါ လာသည်ဟု သိရသည်။

ဘင်္ဂလာဒေချ့် ရေတပ်၏ ဖိတ်ကြားချက်အရ မြန်မာ ရေတပ် သဘောင်္သည် ဘင်္ဂလာဒေချ့်သို့  လာလည်ခြင်း ဖြစ်ပြီး ယခု ပြုလုပ်သော မြန်မာ ရေတပ် သဘောင်္၏  ချစ်ကြည် ခရီးစဉ်သည် နှစ်နိုင်ငံ အကြား ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုသည်။

မြန်မာ စစ်သင်္ဘောအား စစ်တကောင်း ရေတပ် စစ်ဌာနချုပ် ရေတပ် ဦးစီးမှူး ကပ္ပတိန် Gloam Sadek က ကြိုဆိုလက်ခံခဲ့သည်ဟု ဆိုသည်။

မြန်မာ ရေတပ် သင်္ဘော၏ လေးရက်ကြာ ခရီးစဉ် အတွင်း မြန်မာ ရေတပ် သင်္ဘောသာများ အနေဖြင့် ဘင်္ဂလာဒေချ့် ရေတပ် သဘောင်္ အများအပြားသို့ သွားရောက် လည်ပတ်ကြမည် ဖြစ်သလို ချစ်ကြည်ရေး အားကစားပြိုင်ပွဲများနှင့် ယဉ်ကျေးမူ ဖလှယ်ရေး အစီအစဉ်များကိုလည်း ပြုလုပ်ကြမည်ဟု သိရသည်။

UMS မဟာသီဟသူရ စစ်သင်္ဘောသည် ဇွန်လ ၁၁ ရက်နေ့တွင် စစ်တကောင်းဆိပ်ကမ်းမှ မြန်မာသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

Most read this week