မြန်မာက လူသေ အလောင်း ၂၄ လောင်း ဘင်္ဂလာဒေချ့်ရေပြင်တွင် ရှာဖွေ တွေ့ရှိ

မြန်မာက လူသေ အလောင်း ၂၄ လောင်း ဘင်္ဂလာဒေချ့်ရေပြင်တွင် ရှာဖွေ တွေ့ရှိ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နိုင်ငံ တက်ကနက် ပင်လယ်ကမ်းခြေ တလျှောက် ရေထဲမှာ မျောပါလာတဲ့ လူသေ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေချ့်ရဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

အလောင်းတွေကို ကြည့်နေကြတဲ့ ဒေသခံ ဘင်္ဂလီ အမျိုးသားတွေ ( ဓါတ်််ပုံ- The Daily Ittefaq)

သူတိို့ရဲ့ ကိုယ်ပေါ်က မြန်မာကျပ်ငွေ (၄) သောင်းကို ရှာဖွေတွေ့ရှိတဲ့ အတွက် သူတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး  မြန်ဘက်ကနေ ဘင်္ဂလာဒေချ့် ရေပြင်ထဲကို မျောပါလာတဲ့ အလောင်းတွေ ဖြစ်တယ်လို့ ဘင်္ဂလာဒေချ့် အာဏာပိုင်တွေက ပြောပါတယ်။

အလောင်းတွေဟာ မနေ့က တက်ကနက်မြိို့နယ် နတ်မြစ်ကမ်းခြေ ဘာဟာချရ ( Bahachara) နဲ့ ဆားပြင် ( Sabrang) အကြား မျောပါနေတာကို တွေ့တဲ့ အတွက် ရွာသားတွေက ဘင်္ဂလာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

တက်ကနက််ရဲအဖွဲ့က သွားရောက် ဆယ်ယူရာမှာ မနေ့က အလောင်း ၂၂ လောင်းကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ရှာဖွေရာမှာ အလောင်း (၂) လောင်းကို ထပ်မံ တွေ့ရှိခဲ့ အတွက် အခုအချိန်ထိ စုစုပေါင်း အလောင်း ၂၄ လောင်းကို ရှာဖွေ ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဘင်္ဂလာဒေချ့် တာဝန်ရှိသူတွေက သတင်းဌာနတွေကို ထုတ်ဖေါ် ပြောဆို ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းတွေထဲမှာ ကလေး ၁၁ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကျန်တာတွေကတော့ အမျိုးသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အခု ဆယ်ယူရရှိခဲ့တဲ့ အလောင်းတွေဟာ မေလ ၁၃ ရက်နေ့က ပေါက်တောမြို့နယ် ငှက်ချောင်း မူဆလင် ဒုက္ခသည် စခန်းကနေ ဖရုံကာကျွန်းမှာရှိတဲ့ အနောက်ရဲ မူဆလင်ရွာကို မဟာစင် မုန်တိုင်း အန္တရာယ်ကို ရှောင်ကွင်းဖို့ သွားရာကနေ စက်လှေနစ်ရာမှာ ပါ၀င်သွားခဲ့တဲ့ သူတွေလို့ ခန့်မှန်း ရပါတယ်။

နစ်သွားတဲ့ စက်လှေမှာ မူဆလင် ဒုက္ခသည် ၁၃၈ ယောက်ပါ၀င်ပြီး ၄၃ သာ အသက်ရှင် ကျန်ရစ်ကာ ၉၅ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒီအလောင်းတွေကို မြန်မာဘက်ကို လွှဲမှာလား၊ ဘင်္ဂလာဒေချ့်မှာ သဂြိုလ်မှာလားဆိုတာကိုတော့ ခုလောလောဆယ်မှာ သဲကွဲစွာ မသိရသေးဘူးလို့ တက်ကနက် ဒေသခံ တစ်ဦးက နိိရဥ္စရာကို ပြောပါတယ်။

Most read this week