ပုဏ္ဍားကျွန်း မျက်စိဝေဒနာရှင်များအတွက် ရခိုင်မိသားစုတစ်ခုမှ ကျပ်သိန်း ၅၀၀ လှူဒါန်း

ပုဏ္ဍားကျွန်း မျက်စိဝေဒနာရှင်များအတွက် ရခိုင်မိသားစုတစ်ခုမှ ကျပ်သိန်း ၅၀၀ လှူဒါန်း
by -
နိရဥ္စရာ

ကချင်ပြည်နယ် ဖါးကန့်ဒေသနေ ဦးမောင်သာထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့က ပုဏ္ဍားကျွန်းမြို့နယ် မျက်စိဝေဒနာရှင်များ မျက်စိအလင်း ရရှိရေး အတွက် ငွေကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

အလှူရှင် မိသားစုမှာ ပုဏ္ဏားကျွန်းမြို့နယ် ပြင်လျှားရှည်ကျေးရွာ ဇာတိဖြစ်ပြီး ဒေသအတွင်းက မျက်စိကွယ်နေသူများနှင့် မျက်စိ ဝေဒနာရှင်များအား ခွဲစိတ်ကုသမှု ပြူလုပ်နိုင်ရန် အတွက် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဦးမောင်သာထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့သည် မျက်စိ ဝေဒနာရှင်များ ပုဏ္ဍားကျွန်းမြို့တွင် မေ ၁ ရက်မှ ၄ ရက်အထိ မျက်စိ ကုသ ခွဲစိတ် ကုသစဉ် နေထိုင် စားသောက်စရိတ်များကိုလည်း  လှူဒါန်းခဲ့ကြောင်း သိရသည်။

မေ ၁ ရက်မှ ၄ ရက် အထိ ပြုလုပ်ခဲ့သော ပုဏ္ဍားကျွန်းမြို့ မျက်စိ ခွဲစိတ်ကုသမူတွင် မျက်စိ ဝေဒနာရှင် ၁၉၉၄ ဦးကို စမ်းသပ်ခဲ့ပြီး မျက်စိလူနာ ၃၉၈ ဦးကို ခွဲစိတ်ကုသ နိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်းပြင်  အထွေထွေ ဝေဒနာရှင်လူနာ ရ၆၁ ဦးနှင့်  အရေပြား  လူနာ ၄၃၄ ဦးတိုးအားလည်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ ဆေးရုံကြီင်္းတွင် ကုသပေးခဲ့သည်ဟု သိရသည်။

ယခုု မျက်စိ ခွဲစိတ် ကုသမူ အစီအစဉ်မှာ မျက်စိအလင်း အလှူကို ပြုလုပ်နေသော တိပိဋကစက္ခုပါလ အဖွဲ့၏ (၁၀)ကြိမ်မြောက် ဖြစ်ပြီး အဆိုပါ အဖွဲ့အား ၁၁ ပါးမြောက် ပိဋကတ်သုံးပုံ အာဂုံဆောင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (ရခိုင်ဆရာတော်)  အရှင်ဣန္ဒပါလ ဦးဆောင်သည်ဟု သိရသည်။

ပုဏ္ဍားကျွန်းမြို့တွင် မျက်စိအလင်းလှူပွဲကို မျက်စိပညာရှင် အကျိုးဆောင် မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာအေးထွန်းနှင့် မျက်စိခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရေပြားဆရာဝန် ဒေါက်တာ ဒေါ်ခင်မြလွင်နှင့် အထွေထွေသမားတော် ဆရာဝန်များက ကုသ ပေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

Most read this week