ရခိုင်ကျောင်းသား ရဲမင်းဦး ပျောက်ဆုံးနေ

ရခိုင်ကျောင်းသား ရဲမင်းဦး ပျောက်ဆုံးနေ
by -
နိရဥ္စရာ

ရခိုင်ကျောင်းသား လူငယ် ခေါင်းဆောင် ကိုရဲမင်းဦး ပျောက်ဆုံးနေမူနှင့် ပတ်သက်ပြီး မိသားစုနှင့် သူ၏လုပ်ဖေါ် ကိုင်ဘက်များ အကြား စိုးရိမ်မူ တိုးပွားနေသည်ဟု သိရသည်။

ကိုရဲမင်းဦးသည် စီးပွားရေးပညာရပ်ဖြင့် တက္ကသိုလ် တက်ရောက်သင်ကြားနေသော ကျောင်းသား တစ်ဦး ဖြစ်ပြီး ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) တွင်လည်း အတွင်းရေးမှူး  အဖြစ် တာဝန်ယူထားသည်ဟု သိရသည်။

Federation-student-unions-organising-committee

“သူ့အတွက် ကျွန်တော်တို့ အားလုံးက စိုးရိမ်နေကြပါတယ်။ ဒါကြောင့်  မနေ့က သတင်းစာ ရှင််းလင်းပွဲ လုပ်ပြီး သူပျောက်ဆုံးနေတဲ့ အကြောင်းကို တရားဝင် ပြည်သူတွေကို အသိပေးပါတယ်”  ဟု သတင်းစာ ရှင်းလင်းပွဲကို  ကမကထ ပြုလုပ် ကျင်းပသူ ကိုခင်မောင်လင်းက ပြောသည်။

သတင်းစာ ရှင်းလင်းပွဲအား ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ရွှေအရသာ စားသောက်ဆိုင်တွင် ယမန်နေ့ နေ့လည်ပိုင်း က ပြုလုပ်ခဲ့ပြီး သတင်းသမားများ တက်ရောက် သတင်း ယူခဲ့သည်ဟု သိရသည်။

ကိုရဲမင်းဦးအား အမည်မသိ လူတစ်စုမှ  ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဦးသာသနာ ကျောင်းတိုက် မှ မတ်လ ၂၅ ရက်နေ့ ညနေ ၉ နာရီတွင် ခေါ်ယူသွားခဲ့သည်။

“ည ၉ နာရီကျော်ကျော်လောက်အချိန်မှာ ကိုရဲမင်းဦးကို သူနဲ့ ရင်းနှီးတယ်လို့ ထင်ရတဲ့ မျက်နှာစိမ်း လူနှစ်ယောက်က လာရောက် ခေါ်ယူသွားပါတယ်။ သူ့ကို ကြေးသွန်း ဘုရားကြီး ရှေ့က ကြံရည်ဆိုင်ကို ပထမ ခေါ်ယူသွားပါတယ်။ အဲဒီမှာ နောက်ထပ် ငါးယောက်လောက်က စောင့်တယ်။ အဲဒီကတည်းက သူနဲ့ အဆက်အသွယ် မရလိုက်တော့ဘူး”  ဟု အဆိုပါ ကျောင်းမှ ရဟန်းတော်တစ်ပါးက ပြောသည်။

ကျောင်းထိုင် ဆရာတော် ဦးဉာဏကိိုယ်တိုင် သူတို့နောက်သို့ လိုက်လံပြီး အခြေအနေကို ကြည့်ရှု့ခဲ့သည်ဟု သူက ဆိုသည်။

“ကျွန်တော်တို့ အနေနဲ့ အခုအချိန်မှာ ကိုရဲမင်းဦးကို ဘယ်သူတွေ ခေါ်ယူသွားတယ်ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ အတိအကျ မသိဘဲနဲ့ ခန့််မှန်းပြီးလည်း မပြောနိုင်ဘူး”  ဟု ကိုခင်မောင်လင်းက ပြောသည်။

ယမန်နေ့ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာခဲ့သော ရခိုင်ရဟန်းတော်များနှင့် လူငယ်များက ကိုရဲမင်းဦး ပျောက်ဆုံးနေကြောင်းကို နိိုင်ငံတော် သမ္မတ၊ သမ္မတရုံးနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ အသိပေး တိုင်ကြားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

မတ်လ ၂၆ ရက်နေ့ နံနက် ၁၁းနာရီ ၁၅ မိနစ်တွင် ဗဟန်း ရဲစခန်းတွင် လူပျောက်မူ အမှတ် (၁၃/၂၀၁၃) ဖြင့် အမူဖွင့်ထားကြောင်း ကိုခင်မောင်လင်းက ပြောသည်။

Most read this week