အမျိုးသမီး လူငယ် ခေါင်းဆောင်များ သင်တန်း ရန်ကုန်တွင် ပြုလုပ်

အမျိုးသမီး လူငယ် ခေါင်းဆောင်များ သင်တန်း ရန်ကုန်တွင် ပြုလုပ်
by -
နိရဥ္စရာ

Arakkha Foundation မှ ကြီးမှူး ပြုလုပ်သော တတိယ အကြိမ်မြှောက် လူငယ် အမျိုးသမီး ခေါင်းဆောင်များ အရည်အသွေး မြှင့်တင် သင်တန်းကို ရန်ကုန်မြို့တွင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

နှစ်ပတ်ကြာမြှင့်မည့် အဆိုပါ  သင်တန်းကို ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်တွင် ပြုလုပ်နေပြီး သင်တန်းသို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ရန်ကုန်၊ ဧရာဝတီတိုင်း အမာမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့မှ ရခိုင်အမျိုးသမီး သင်တန်းသူ ၂၀ တက်ရောက်နေကြောင်း သိရသည်။

Guest-Speaker-Daw-Nilar-Thein-88-Generation

အမျိုး သမီး ခေါင်းဆောင်မူ စွမ်းရည် အများကြီး လိုအပ်နေဟု သုံးသပ်မိရာမှ ယခု သင်တန်းကို လုပ်ဖြစ်ခြင်း ဖြစ်သည်ဟု သင်တန်းကို ဦးဆောင်နေသူ ဒေါ်ထုမေက နိရဥ္စရာသို့ ပြောသည်။

“အာရက္ခ” ဖောင်ဒေးရှင်းက  ပထမ အကြိမ် လုပ်သွားတဲ့ သင်တန်းမှာ ကျမတို့ Gender ကို အဓိက ထားပြီး ခေါ်လိုက်တဲ့ အခါမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ကွာဟချက် သိပ်မရှိဘဲနဲ့ အမျိုးသားရော အမျိုးသမီးရော ပို့နိုင်ပါတယ်။ ဒုတိယ အကြိမ် လုပ်တဲ့အခါ ရခိုင်ပြည်နယ် တောင်ပိုင်းကို အဓိကထား ခေါ်တော့  အမျိုး သမီးလေး တစ်ယောက်ဘဲ ပါလာတယ်။ ရခိုင်ပြည် ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေမှာ အမျိုးသမီး ခေါင်းဆောင်မှု စွမ်းရည် အများကြီး လိုအပ်တယ် ဆိုတာကို သတိထား မိတဲ့ အတွက်ကြောင့် ဒီတစ်ခေါက် “အာရက္ခ” သင်တန်းမှာ အမျိုးသမီးကို ဦးစားပေးပြီး ခေါ်လိုက် တာ ဖြစ်ပါတယ်။”

Daw-Nilar-Myaing-Lecture-time

သင်တန်းကို ယခု ၁၂ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး Arakkha Foundation နာယက ဦးအေးသာအောင်၊ Local Resource Center မှ ဒါရိုက်တာ ဒေါ်နီလာမြိုင်၊ ၈၈ ကျောင်းသား အဖွဲ့ ကိုယ်စားလှယ် ဒေါ်နီလာသိန်းနှင့် ALD မှ အမျိုးသမီး ခေါင်းဆောင် ဒေါ်တင်မေအောင် တို့မှ  တက်ရောက် အမှာစကား ပြောကြားခဲ့ကြသည်။

အမျိုးသမီး စွမ်းရည်မြင့် သင်တန်း ပြုလုပ်ခြင်းဖြင့် အမျိုးသမီးများ အတွက် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဒေါ်ထုမေက ဆက်ပြောသည်။

“ အမျိုးသမီးတွေအတွက် အကျိုးကျေးဇူးတွေကတော့ ခေတ်အဆက်ဆက်လို့ ပြောရမယ်ထင်ပါ တယ်။ အထူးသဖြင့် ဒီဘက် ကျမတို့ခေတ်မှာ ရခိုင်ပြည်နယ်မှာ အမျိုးသမီး ဦးဆောင်မှု အခန်း ကဏ္ဍဟာ မရှိသလောက်ပါဘဲ။  နောက်တခုက လျှော့ရဲနေတယ်လို့ထင်ရပါတယ်။ ဆိုတော့ ဒီခေါင်းဆောင်မှု သင်တန်းကို လုပ်ပေးခြင်းအားဖြင့် အမျိုးသမီးများရဲ့ ကိုယ်ပိုင်ခေါင်းဆောင်နှိုင်မှု ဆိုတဲ့ဟာကို ပုံဖော်နိုင်မယ်။ ပြီတော့ ကိုယ့်ဟာကို ယုံကြည်မှုရှိ လာမယ်။ ရခိုင်ပြည်နယ်ရဲ့ဖွွံ့ဖြိုးမှုမှာ ပါ၀င် ဆောင်ရွက်လာနိုင်မယ်။ ဥပမာအားဖြင့် သူတို့တွေဟာ ခေါင်းဆောင် အမျိုးသမီး တွေ ဖြစ်လာကြတဲ့ အချိန်မှာ နိုင်ငံရေး စိတ်ဝင်စားရင် နိုင်ငံရေးမှာခေါင်းဆောင်၊ စီးပွားရေး စိတ်ဝင်စားရင် စီးပွားရေးမှာ ခေါင်းဆောင်၊ လူမှုရေး စိတ်ဝင်စားရင် လူမှုရေးမှာ ခေါင်းဆောင်၊ ပြီးတော့ ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးဖို့အတွက် တနေရာရာက ပါ၀င်လာနိုင်ကြမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

Women-Empowerment-Program-Day

ယနေ့တွင် စာရေးဆရာမ ဂျူးကိုယ်တိုင် သင်တန်းသို့ လာရောက်ပို့ချမည် ဖြစ်ပြီး  တခြား ပို့ချမည့် သူများမှာလည်း နယ်ပယ် အသီးသီးမှ အတွေ့အကြံုရှိသူများနှင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်ဟု ဆိုသည်။

သင်တန်းတွင် တခြား ပို့ချမည့်သူများမှာ ဒေါ်နီလာမြိုင်၊ ဒေါ်ထုမေ၊ ဒေါ်ရွှေဇင်တင်၊ ဦးကျော်ဝင်းခိုင်၊ ဦးအောင်မျိုးဦး၊ ဦးကျော်မောင်၊ ဦးဟေမာန်ဦး၊ ဒေါ်အိအိဇင်၊ ဒေါ်တင်တင်မော်၊ ဦးကျော်မြင့်၊ ဒေါ်လှလှစော၊ ဦးအေးသာအောင်၊ ဦးလှမြင့်၊ ဒေါ်ရွှေဇင်ထိုက်နှင့် ကရင်အမျိုးသမီး အဖွဲ့မှ တစ်ဦးတို့ ဖြစ်ကြသည်။

သင်တန်းအား မတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့ထိ  ပြုလုပ်သွားမည်ဟု သိရသည်။

Most read this week