မြန်မာနယ်စပ် အနီးမှ ဘိန်းခင်းများ ဘင်္ဂလာဒေချ့် စစ်တပ်က ဖျက်ဆီး

မြန်မာနယ်စပ် အနီးမှ ဘိန်းခင်းများ ဘင်္ဂလာဒေချ့် စစ်တပ်က ဖျက်ဆီး
by -
နိရဥ္စရာ

မြန်မာနယ်စပ် အနီး တောင်တန်းများ ၀ိုင်းရံနေသာ မြေကွက်များပေါ်တွင် စိုက်ပျိုးထားသော ၈ ဧက နီးပါးခန့်ရှိ  ဘိန်းခင်းများကို ဘင်္ဂလာဒေချ့် စစ်တပ်က ဖျက်ဆီးလိုက်ကြောင်း သတင်း ရရှိသည်။

poppy-feild

နှစ်ပတ်ကြာပြုလုပ်ခဲ့ပြီး ယမန်နေ့က အဆုံးသတ်ခဲ့သော ဘင်္ဂလာဒေခ်ျ့ စစ်တပ်၏ ဘိန်းစိုက်ခင်းများ နှိမ်နှင်းရေး စစ်ဆင်ရေး အတွင်း ထိုသုုိိ့ ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင််း ဘင်္ဂလာဒေချ့် စစ်တပ် တာဝန် ရှိသူများက သတင်းထောက်များသို့ ပြောကြားသည်။

ဘိန်းစိုက်ခင်းများကို  စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင််ခရိုင်မြို့မှ ကီလိုမီတာ ၆၀ ခန့် အကွာတွင် တည်ရှိသော ရမ္မက်ကြီးအုပ်စု အတွင်းရှိ ပန်းဇီးရီ၊ လင်းကြေး၊ မော်တုတ်၊ ဘုလှပါရာ၊ ဒူလှ ပါရာ ဒေသများတွင် စိုက်ပျိုးထားသည်ဟု ဆိုုသည်။

အဆိုပါ ဒေသသည် ရခိုင်အခေါ် ရေကြိုင်ချောင်း (ဘင်္ဂလီ အခေါ် ဆင်ကူးရီဗာ) အဖျားပိုင်းတွင် တည်ရှိပြီး မြန်မာနိုင်ငံနှင့် ကပ်ရပ်တည်ရှိသည်။ ၎င်းဒေသ၍ နေထိုင်သူ အများစုမှာ ရခိုင်၊၊ မာရမာနှင့် မြိုလူမျိုးများ ဖြစ်ကြပြီး နှစ်နိုင်ငံ နယ်စပ်အကြား ပြောင်းရွှေ့နေထိုင်သူများ ဖြစ်ကြသည်။

ဘိန်းခင်းများ ဖျက်ဆီးခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် ယခု ပြုလုပ်သော ဘင်္ဂလာဒေချ့် စစ်တပ်၏ ဘိန်းခင်း ဖျက်ဆီးရေး စစ်ဆင်ရေးမှာ နှစ်စဉ် ပုံမှန် ပြုလုပ်နေကျ  ဖြစ်ကြောင်း ရမ္မက်ကြီး စျေးတန်းမှာ ဦးထွီးသာစိန်က ပြောသည်။

“ နှစ်စဉ် ဘိန်းစေး ခြစ်ချိန်မှာ အခုလို လာပြီး ဖျက်ဆီးတတ်ပါတယ်။ ဒီနှစ်မှာတော့ ရေကြိုင်ချောင်း တလျှောက် စိုက်ထားတဲ့ ဘိန်းခင်းတွေကတော့ အကုန်လုံး အဖျက်ခံရတယ်။ စစ်သားတွေ မရောက်နိုင်တဲ့ တောနက်တွေ ထဲမှာ စိုက်ထားတဲ့ ဘိန်းခင်း နည်းနည်းပါးဘဲ ကျန်ပါတယ်” ဟု ဆိုသည်။

အများစု ဒေသခံများမှာ အထူး ဆင်းရဲကြပြီး အလုပ်အကိုင်လည်း မရှိကြသဖြင့် ဘိန်းအနည်းအပါး စိုက်ပျိုးကြပြီး ၀င်ငွေ ရှာကြသည်ဟု သူက ဆိုသည်။

ယခုအခါ သူတို့ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာခဲ့ကြသော တောင်ယာ စိုက်ပျိုးမူကိုလည်း သစ်တောများ ပြုန်းတီးသည်ဟု ဆိုကာ အစိုးရက ခွင့်မပြုသဖြင့် အဆိုပါ နယ်စပ် ဒေသတွင် နေထိုင်သူများမှာ စားဝတ်နေရေးမှာ အထူးအခက်အခဲ ကျရောက်နေကြသည်ဟု သိရသည်။

ဘင်္ဂလာဒေချ့် အာဏာပိုင်များမှ ဒေသခံများကို ဘိန်းမစိုက်ပျိုးရန်၊ တခြား အသက်မွေးဝမ်းကျောင်းမူကို လုပ်ကိုင်ရန်နှင့် ကလေးများ၏ ပညာရေးကို တိုးမြှင့်ရန် ကမ်းလှမ်းမူများ ပြုလုပ်ထားသည်ဟု ဆိုသည်။

Most read this week