မောင်တော ဘူးသီးတောင် ဆယ်တန်း စာစစ်ဌာနများ လုံခြံုရေး တင်းကျပ်မည်

မောင်တော ဘူးသီးတောင် ဆယ်တန်း စာစစ်ဌာနများ လုံခြံုရေး တင်းကျပ်မည်
by -
နိရဥ္စရာ

မတ်လ ၁၃ ရက်နေ့တွင် စတင်မည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၏ ဆယ်တန်း စာမေးပွဲ စာစစ်ဌာနများကို လုံခြံုရေး တင်းကျပ်သွားမည်ဟု သတင်း  ရရှိသည်။

Schoolရခိုင်ကျောင်းသားများနှင့် ဘင်္ဂါလီကျောင်းသားများအကြား စာမေးပွဲ ဖြေဆိုရာတွင် တစ်စုံတစ်ရာ မလိုလားအပ်သော  ပြဿနာများ မပေါ်ပေါက်စေရန် အတွက် လုံခြံုရေးကို တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မောင်တောမြိုမှ ကျောင်းဆရာတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ လုံခြံုရေးကို ခါတိုင်းနှစ်တွေနဲ့ မတူဘဲ တိုးချပြီး စာမေးပွဲကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ နယ်တွဲဘက် ကျောင်းတွေက ကျောင်းသားတွေလည်း လာကြမယ်ဆိုတော့ တစ်စုံတစ်ရာ ပြဿနာ မပေါ်ပေါက်ရအောင် လုံခြံုရေး  တပ်ဖွဲ့ဝင် အင်အားကို တိုးချပြီး စာမေးပွဲကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ်ရှိ အလယ်သံကျော် တွဲဖက် အ ထ က၊ တောင်ပြို တွဲဘက် အ ထ ကနှင့် ကြိမ်ချောင်းတွဲဘက် အ ထ က ကျောင်းမှ ကျောင်းသားများအားလုံးမှာ မောင်တောမြို့အတွင်းရှိ အ ထ က ၁ ကျောင်းတွင် ဖြေဆိုရမည် ဖြစ်သဖြင့် မောင်တောတွင် အထကတွင်သာမက တခြား အရေးကြီးသော နေရာများတွင်ပင် စာမေးပွဲ စစ်သည့် နေ့ရက်များ အတွင်း လုံခြံုရေးကို တိုးမြှင့်ထားမည်ဟု သိရသည်။

အစောပိုင်းတွင် ရခိုင်နှင့် ဘင်္ဂလီ ကျောင်းသားများကို လုံခြံုရေး အရ ခွဲခြားပြီး သီးသန့်စီ စစ်ဆေးသွားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ခွဲမစစ်တော့ဘဲ ကျောင်းတစ်ခုတည်းတွင် ခုံနံပတ်အလိုက် စစ်ဆေးသွားမည်ဟု ဆိုသည်။

တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၁၃ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်သော်လည်း မောင်တောမြို့တွင် လျှပ်စစ်မီး နေ့စဉ်မရသဖြင့် ကျောင်းသားများ စာဖတ်ရန် အခက်အခဲ ဖြစ်နေကြသည်ဟုလည်း ကျောင်းသားတစ်ဦးက နိရဥ္စရာသို့ ပြော သည်။

မောင်တောမြို့တွင် မြို့ပေါ်ရပ်ကွက် ၄ ခုရှိရာ အမှတ် ၁နှင့် အမှတ် ၂ ရပ်ကွက်ကို တစ်နေ့၊ အမှတ် ၃နှင့် အမှတ် ၄ ရပ်ကွက်ကို တနေ့စီ ခွဲပြီး လျှပ်စစ် မီးပေးကြောင်း သိရသည်။

တစ်နေ့ ညနေ ၆ နာရီခွဲမှ ၁၀ နာရီအထိသာ ရရှိ သဖြင့် စာမေးပွဲ နီးချိန်  အတွင်း ရပ်ကွက်အားလုံးကို တပြိုင်နက်တည်း မီးပေးရန် ကျောင်းသားမိဘများက လိုလားနေကြသော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာက စီစဉ် ဆောင်ရွက်ပေးခြင်း  မရှိသေးကြောင်းသိရသည်။

Most read this week