မြို့နယ်က ပယ်ချသည့် စစ်တွေ ဆန္ဒ ဖော်ထုတ်ခွင့် ပြည်နယ် ၀န်ကြီးချုပ် ခွင့်ပြုချက် လိုမည်ဟုဆို

မြို့နယ်က ပယ်ချသည့် စစ်တွေ ဆန္ဒ ဖော်ထုတ်ခွင့် ပြည်နယ် ၀န်ကြီးချုပ် ခွင့်ပြုချက် လိုမည်ဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆန္ဒပြရန် ခွင့်ပြုချက် တောင်းခံမူကို မြို့နယ် အဆင့်က ပယ်ချ လိုက်သဖြင့် ပြည်နယ် အဆင့်ကို ထပ်တင်ထားရာ ပြည်နယ် ၀န်ကြီးချုပ်၏ ခွင့်ပြုချက် လိုအပ်မည် ဖြစ်ကြောင်း ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းမှ ခွင့်ပြုချက် တောင်းခံသူများကို ပြောဆိုလိုက်သည်ဟု သိရသည်။

ဒုတိ်ယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ရခိုင်ပြန်လည် ထူထောင်ရေး ကိစ္စ စစ်တွေတွင် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ပြောကြားနေစဉ်။ (ဓါတ်ပုံ- မြဝတီ)

“ကျွန်မတို့က ဘင်္ဂလီ လူမျိုးတွေ အတွက် အိမ် ၄၀၀၀ နီးပါးကို တူရကီအစိုးရမှ တာဝန်ယူ တည်ဆောက် ပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒ ဖေါ်ထုတ်ပွဲ လုပ်မယ်ဆိ်ုပြီး မြို့နယ် အဆင့်ကို တင်ပါတယ်။ ဒါကို ပယ်ချလိုက်တဲ့ အတွက် ပြည်နယ်ကို ဒီလ ၁ ရက်နေ့က ထပ်တင်ပါတယ်။ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ပြောတာက  ဒီကိစ္စမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် အပေါ် မူတည်ကြောင်းနဲ့ ပြည်နယ် ၀န်ကြီးချုပ်ဆီက ခွင့်ပြုချက် လိုမယ်လို့ ပြောပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့်သူ ဒေါ်မညိုအေးက ပြောသည်။

၎င်းပြင် ဗိ်ုလ်မှူးကြီး ထိန်လင်းမှ တူရကီ အကူအညီဖြင့် မွတ်ဆလင် ဒုက္ခသည်များ အတွက် အိမ် ၄၀၀၀ တည်ဆောက်မည့် အစီအစဉ််ကို သူတို့ မသိရှိသေးကြောင်း ပြောဆိုသည်ဟု သူမက ပြောသည်။

“အာဏာပိုင်တွေနဲ့ ကျမတို့ မနေ့ကတွေ့ပါတယ်။ အဲဒီမှာ သူတို့ (အာဏာပိုင်)တွေက ဒီအိမ် ဆောက်မယ့် ကိစ္စကို သူတို့ မသိသေးလို့ပြောတယ်။ ဒါပေမယ့် လျှောက်လွာကို ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပေးလိုက်မယ်လို့ ပြောပါတယ်။ သူတို့မှာလည်း အမိန့်ပေးပိုင်ခွင့် မရှိဘူးလို့ ဗိုလ်မှူးကြီး ထိန်လင်းက ပြောပါတယ်”  ဟု ဆိုသည်။

တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီကနေ ၁၁ နာရီအထိ ပြည်နယ်အစိုးရရုံးတွင် ပြုလုပ်ခဲ့ရာ  ပြည်နယ် ရဲမှူးကြီး ဦးနေမျိုး၊ ရခိုင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်၊ ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီမှ အတွင်းရေးမှူး ဖွဲ့အဝင် ဦးခိုင်ပြည်စိုး၊ြမြို့မိမြို့ဖ ၆ယောက်၊  ဆန္ဒပြ ခွင့်တောင်းထားသူ ခေါင်းဆောင် ဒေါ်ညိုအေးနှင့် တခြား နှစ်ဦးတက်ရောက်ခဲ့သည်။

အာဏာပိုင်များမှ ဘင်္ဂလီများကို အိမ်ဆောက်မည့် ကိစ္စကို သူတို့အနေဖြင့် မသိရှိကြောင်း ပြောသော်လည်း တူရကီ ကိုယ်စားလှယ်နှင့် ကန်ထရိုက်အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ဆောက်လုပ်မည့် ပုံများကိုပါ သူတို့ ရရှိထားကြောင်းကို ဆွေးနွေးပွဲတွင် ပြန်လည် ဆွေးနွေးခဲ့သည်ဟု ဒေါ်ညိုအေးက ပြောသည်။

တူရကီအစိုးရမှ  တာဝန်ယူဆောက်လုပ်ပေးမည့် နေအိမ်များကို စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြားနှင့် မြောက်ဦးတို့တွင် ဆောက်လုပ်ပေးမည်ဖြစ်ပြီး အိမ်တလုံးအတွက် ကျပ်ငွေ သိန်း ၂၀ ခန့် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒ ထုတ်ဖော်ခွင့်တွင် သူတို့ တောင်းဆိုမည့် အချက်များကို တင်ပြထားရာ ထု်ိအထဲတွင် ဒေသခံ တိုင်ရင်းသားများ၏ ဆန္ဒကိုလေးစားပါ၊ ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒမပါဘဲ ဒေသအရေး မဆုံးဖြတ်ပါနှင့်၊ နိုင်ငံသားမဟုတ်သူများကို အိမ်ဆောက်မပေးပါနှင့်၊ ခိုးဝင်သူများကို ခိုးဝင်သူအဖြစ် ဆက်ဆံပါ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် စီစစ်ပြီး နိုင်ငံသားမဟုတ်သူများကို ယာယီနေရာတွင် ထားသင့်သည် ဆိုသည့်အချက်များကို တင်ပြထားခြင်း ဖြစ်သည်ဟု သူမက ဆိုသည်။

ဆန္ဒထုတ်ဖော်ပွဲကို မတ်လ ရ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားသည့် အတွက် ယခုရက်ပိုင်းအတွင် တစုံတရာ တာဝန်ရှိသူများမှ အကြောင်းပြန်ကြားမည်ဟု မျှော်လင့်ကြာင်း ဒေါ်ညိုအေးက ဆက်ပြောသည်။

“အခုတော့ ဘာမှအကြောင်းပြန်တာ မရှိသေးဘူး။ ကျမတို့က ရ ရက်နေ့ တာကတ်ထားတဲ့အတွက် မနက်ဖန် လောက်ဆိုရင် တစုံတရာအကြောင်းကြားလိမ့်မယ်လို့ မျော်လင့်ပါတယ်။ အခု ခွင့်ပြုချက် တင်တာကလည်း ပြည် သူတွေ ကိုယ်စား တင်ထားတာဖြစ်တဲ့အတွက် အာဏာပိုင်တွေက ခွင့်ပြု လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က  စစ်တွေတပ်နယ် ရမ္မာဝတီ ဧည့်ရိပ်သာတွင် နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် စစ်တွေ မြို့မိမြို့ဖ(၁၆)ဦးတို့ တွေ့ဆုံစဉ် ကလည်း နိုင်ငံသား ဟုတ် မဟုတ် မစိစစ်ဘဲ ဘင်္ဂလီများကို အိမ်မဆောက်ပေးရန် မြို့မိမြို့ဖများက တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

Most read this week