မွေးရပ်မြေပြန် သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ ့ရ ရခိုင် ရဟန်းတော်အား ဒေသခံများ ဂုဏ်ပြုကြိုဆို

မွေးရပ်မြေပြန် သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ ့ရ ရခိုင် ရဟန်းတော်အား ဒေသခံများ ဂုဏ်ပြုကြိုဆို
by -
နိရဥ္စရာ

သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရပြီး မိမိ မွေးရပ်မြေ ရသေ့တောင်သို့  ပြန်လာသော ဒေါက်တာ အသျှင် ဉာဏုတ္တရအား မြို့သူ မြို့သားများက အခမ်းအနား ပြုလုပ်ကာ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။

Dr.-Ashon-Nyanuttara

ဒေါက်တာ အသျှင်ဉာဏုတ္တရသည် သိရီလင်္ကာနိုင်ငံ ကေလဏိယ တက္ကသိုလ်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပါရဂူဘွဲ ့ရရှိခဲ့ပြီး၊ နိုဝင်္ဘာလ ၃၀ ရက်နေ့က သူ၏ မွေးရပ်မြေ ရသေ့တောင်မြို ့သို့ ပြန်လာရာ ပြည်သူများက ရခိုင် မင်္ဂလာ စည်တော်များ တီးခတ်ပြီး ခမ်းနားစွာဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့သည်။

ဒေါက်တာ အသျှင်ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ ့ (Ph.D.) ရရှိခဲ့ပြီးနောက် မလေးရှား၊ စင်္ကာပူ နိုင်ငံများသို ့ ခရီး လှည့်လည် ကြွရောက်ခဲ့ကြောင်း၊ ၎င်းနောက်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို ့သို ့ နိုဝင်ဘာလ ၁၈ ရက်နေ  ့တွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန်မှ တဆင့် သူ၏ မွေးရပ်မြေ ဇာတိမြို့ ရသေ့တောင်သို့ ပြန်လာရာ စစ်တွေမြို ့မှ ဓညဝတီ သင်္ဘောဖြင့် ကြွရောက်ခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

ရာနှင်ံ ချီသော  ကြည်ညို သဒ္ဓါ စေတနာ တရားရှိသူ မြို့သူ မြို ့သားများက ၀မ်းပန်းတသာ ဂုဏ်ယူစွာဖြင့် ကြိုဆိုခဲ့ကြသည်။

လာရောက်ကြိုဆိုသူများသည် ဒေါက်တာ အသျှင် ဉာဏုတ္တရ၏ ဂုဏ်သတင်းကြောင့် တွေ ့လို မြင်လိုကြသည့်  အတွက် လာ ရောက်ကြိုဆိုသူများလည်း ရှိသကဲ့သို ့ ဗုဒ္ဓဘာသာဝင် ရခိုင် လူမျိုးများ ပီပီ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုဟု ဆိုသော မင်္ဂလာ တရားတော်နှင့်အညီ ကြိုဆို ခဲ့ကြခြင်း ဖြစ်သည်ဟု လည်း ဒေသခံ တစ်ဦးက ပြောသည်။

၎င်းပြင် ဒေါက်တာ အသျှင်ဉာဏုတ္တရသည် အသက် ငယ်ငယ်ရွယ်ရွယ်နှင့် ပါရဂူဘွဲ ့ကို ရရှိခဲ့သည့်အတွက် သူ၏ ကြိုးစား အားထုတ်မှုကို ဒေသခံများက ချီးကျူး ထောပနာ ပြုခဲ့ကြသည်။ ၄င်းပြင် ဒေါက်တာ အသျှင်ကလည်း သူ ့အား ယခုကဲ့သို ့ ကြိုဆိုဂုဏ်ပြု ကြသည့်အတွက် အထူးပင်ဝမ်းသာမိကြောင်း ဖွင့်ဟမြွက်ကြားသည်။

ဒေါက်တာအသျှင် ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ ့ ရသည့် ပထမဆုံးသော ရခိုင် ရဟန်းတော် တစ်ပါးလည်း ဖြစ်သောကြောင့် ရခိုင်လူမျိုးတို ့၏ ဂုဏ်၊ ရခိုင်ပြည်နယ်၏ ဂုဏ်၊ ရသေ့တောင်မြို ့၏ ဂုဏ်ကို ဆောင်ယူ နိုင်သော ပုဂ္ဂိုလ်ထူး တစ်ပါးလည်းဖြစ်သည်ဟု ဆိုသည်။

ဒေါက်တာ အသျှင်ဉာဏုတ္တရသည် နိုင်ငံရပ်ခြားတွင် ပညာသွားရောက်သင်ကြားတတ်မြောက်ခဲ့သော်လည်း တိုင်းတပါး တွင် မနေဘဲ မိမိမွေးရပ်မြေသို ့ ပြန်လာကာ သူတတ်ကျွမ်းထားသော ပညာရပ်များဖြင့် ရခိုင် မျိုးဆက်သစ် ရဟန်းတော်များ၊ လူငယ်များ၏ ဖွံ ့ ဖြိုးတိုးတက်ရေး အတွက်  သဲတပွင့် အုတ်တချပ်အဖြစ် အကျိုးပြု သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ သို့အတွက် ဒေါက်တာ အသျှင် ဉာဏုတ္တရ၏ စေတနာ အပေါ်  မြို ့သူ မြို ့သား၊ နယ်သူ နယ်သား၊ လူငယ်လူရွယ်များအားလုံးက အထူး စိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရသည်။

ဒေါက်တာ အသျှင်ဉာဏုတ္တရကို ရခိုင်ပြည်နယ် ရသေ့တောင်မြို ့တောင်ရင်းတန်းရပ်ကွက်၌ အဖ (ဦးသာထွန်းအောင်) နှင့် အမိ ဒေါ်လှစောညိုတို ့ထံမှ ၁၉၈၃-ခု ဒီဇင်ဘာလ (၂၀)ရက် (အင်္ဂါနေ ့)တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၁၂)ဦးအနက် (၉)ဦးမြောက် ဖြစ်သည်။ သာသနာဘောင်သို ့ ၁၃၆၁-ခု တန်ခူးလဆန်း (၃)ရက် ကြာသပတေး နေ ့တွင် ၀င်ရောက် ခဲ့သည်။

ယခုအခါ ဒေါက်တာအသျှင် ဉာဏုတ္တရ ထူထောင်ထားသော `ကိန်းသာဓမ္မကျောင်း´ ရသေ့တောင်မြို ့၊ တောင်ရင်းတန်းရပ်ကွက်တွင် သီတင်းသုံးလျှက် ရှိသည်။

Most read this week