ရခိုင်ရိုးပေါ်မှ ကျေးရွာများ ကျန်းမာရေး စောင့်ရှောက်မူမဲ့နေ

ရခိုင်ရိုးပေါ်မှ ကျေးရွာများ ကျန်းမာရေး စောင့်ရှောက်မူမဲ့နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်ဘက် အခြမ်း ရခိုင်ရိုးမပေါ်ရှိ ကျေးရွာသူ ရွာသားများမှာ ကျန်းမာရေး စောင့်ရှောက်မူ မဲ့နေသဖြင့် ကျန်းမာရေး ချို့ယွင်းမူနှင့် ကြံုတွေ့ရပါက အထူး ဒုက္ခရောက်နေကြသည်ဟု ရိုးပေါ်နေ  ဒေသခံ တစ်ဦးက ပြောသည်။

IMG_0588
ယခု ကျန်းမာရေး စောင့်ရှောက်မူမဲ့နေသော နေရာမှာ တောင်ကုတ်ရိုးလမ်းပေါ်တွင်် တည်ရှိသော ရခိုင်ပြည်နယ်ဘက်ခြမ်းမှ ကျေးရွာများ ဖြစ်ကြသည်။

“ ရွာတွေကတော့ ဆယ်အိမ်တစ်စု၊ နှစ်ဆယ် တစ်စု ဒီလို တည်ရှိပါတယ်။ တောင်ကုတ်ကနေ ၉  မိုင်၊ ၁၀  မိုင်ခန့်ဝေးတဲ့ နေရာတွေပါ။ ရခိုင်၊ ဗမာနဲ့ ချင်းစတဲ့ လူမျိုးတွေ နေထိုင်နေကြတဲ့ ကျေးရွာတွေပါ။ ဆေးခန်း ဆိုလို့ တခန်းမှ မရှိပါ။ နေမကောင်းဖြစ်ရင် အထူး ဒုက္ခရောက်ကြရပါတယ်” ဟု သူက ဆိုသည်။

ရခိုင်ဘက်ခြမ်း ရိုးပေါ်တွင် တည်ရှိသော ကျေးရွာများမှာ ကျောက်တံခါးကျေးရွာ (9) မိုင်၊ ရသေ့တောင် ဘုန်းကြီးကျောင်း (ရွာမဟုတ်ပါ)၊  (၁၀)မိုင်၊ မျောက်ငိုကျေးရွာ (ဆိုင်ခန်း- ၂ )ခန်းရှိ၊ ခွေးတောက်စခန်း၊ တန်းလျားကြီးရွာ၊ ရပ်တော်မူရွာ၊  တောချဲ့ ကျေးရွာ၊ ပတ်လည်ကျေးရွာ၊ စလူကျေးရွာ၊ နေပူတောင်၊ ပိန်းနွဲ့စန်း ကျေးရွာ၊ ဒိုးနွယ်စမ်း ၊ ရေပေါ်ကြီး၊ ညောင်လန်တော ၊ မြယာ၊ မိုက္ကရို (စခန်း)၊ ပွင်သစ်စကျေးရွာ၊ သပြေ ကျေးရွာကြီး (အိမ်ခြေ ၂၀ )၊ စွပ်ပျက်ရွာကြီး (အိမ်ခြေ- ၃၀ )၊ မိုးထိ တို့ ဖြစ်သည်။

“ တစ်ရွာနဲ ့တစ်ရွာက တော်တော် အလှမ်းဝေးတော့ ကျမ်းမာရေးနဲ ့ပတ်သက်တဲ ့ကိစ္စတွေဆိုရင် တော်တော် ဒုက္ခ ရောက်ကြ ရတယ်။ ရန်ကုန်-တောင်ကုတ် ကားလမ်း ဘေးနားမှာရှိတဲ့ ရိုးမပေါ်က ရွာတွေဆိုပေမယ့် ကျမ်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးပေး ခန်းတွေက တော်တော် ဝေးတယ်။ ရွာတိုင်းမှာ ချပေးရမယ်လို့ ဆိုလို တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနီးအနား ရွာတွေမှာ ဆေးခန်း ရှိမယ်ဆိုရင် ပိုကောင်းတာပေါ့”  ဟု ဒေသခံ တန်းလျားကြီးရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။

အစိုးရ မူလတန်း စာသင်ကျောင်းများမှာ တချို့ရွာများတွင် ရှိပြီး တချို့ရွာများတွင် အဌားဆရာများဖြင့် ပြသနေကြောင်း သူမက ပြောသည်။

စာသင်ကျောင်းရှိသော ကျေးရွာများမှာ ကျောက်တံခါးကျေးရွာ (9) မိုင်- မူလတန်း အငှားပြ ဆရာရှိ၊ တန်းလျားကြီးရွာ (မူလတန်း အငှားပြဆရာ ရှိ) ၊ ရပ်တော်မူရွာ (မူလတန်း ကျောင်းရှိ)၊ စလူကျေးရွာ (မူလတန်း ကျောင်းရှိ)၊ ဒိုးနွယ်စမ်း ကျေးရွာ (မူလတန်းကျောင်းရှိ)၊ ညောင်လန်တော (မူလတန်းကျောင်းရှိ) တို့ဖြစ် သည်။

ရခိုင်ရိုးမ ပေါ်တွင် နေထိုင်ကြသောာ ဒေသခံပြည်သူများမှာ တောင်ယာလုပ်ငန်းကို အဓိက ဦးစားပေး လုပ်ကိုင်ကြပြီး တချို့လည်း ထမင်းဆိုင်များ ဖွင့်လှစ်ရောင်းချကြပြီး တချို့မှာ သစ်လုပ်ငန်းများကိုလည်း တစ်ပိုင်တစ် နိုင်လုပ်ကိုင်ကြသည်ဟု ဆိုသည်။

Most read this week