နိုင်ငံခြား စီမံကိန်းမှ စွန့်ပစ် အညစ်အကြေးများကြောင့် လယ်မြေများ ပျက်စီး

နိုင်ငံခြား စီမံကိန်းမှ စွန့်ပစ် အညစ်အကြေးများကြောင့် လယ်မြေများ ပျက်စီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် နိုင်ငံခြားစက်ရုံများနှင့်် အလုပ်ရုံများမှ စွန့်ပစ်သော အညစ် အကြေး များကြောင့် အနီးအနား ဘေးပတ်ဝန်းကျင်ရှိ လယ်မြေများမှာ ထွန်ယက် စိုက်ပျိုး၍ မရအောင်ထိပျက်စီးနေ ကြောင်း သတင်း ရရှိသည်။

ပျားတဲ အိန္ဒိယ Punj Lloyd အလုပ်သမား စခန်းမှ စွန့်ပစ်သော အညစ်အကြေးများကြောင့် လယ်မြေများ ပျက်စီးနေသည်။ (ဓါတ်ပုံ- နိရဥ္စရာ)
ထိုသို့ လယ်မြေများ ပျက်စီးနေသည့် အထဲတွင် ကျောက်ဖြူမြို့နယ်မှ ပျားတဲ၊ ကပ်သပြေနှင့် စည်မော် စည့် ကျေးရွာများ ပါ၀င်ကြောင်း  သိရသည်။

ပျားတဲ အနီးတွင် အိန္ဒိယ PunjLloyd မှ အလုပ်သမားများ အတွက်် Camp  (စခန်း) တစ်ခု တည်ဆောက် ထားရာ အဆိုပါ Camp မှ အလုပ်သမားမျာ စွန့်ထုတ်ပစ်သော အညစ်အကြေးများနှင့် တခြား စွန့်ပစ် ပစ္စည်းများကြောင့် လယ်ဧက ၂၀၀ ခန့် ပျက်စီးနေကြောင်း လယ်သမားကြီး ဦးစံသာကျော်က ပြောသည်။

“ ဒီ အိန္ဒိယက PunjLloyd ကန့်အနားမှာ လယ်ဧက ၆၀၀ ရှိပါတယ်။ အခုတော့ ၂၀၀ ခန့်က လုံးဝ စပါးစိုက်လို့ မရတော့ပါ။ အဲဒီက ထုတ်လိုက်တဲ့ အညစ်အကြေးနဲ့ အဲဒီ အလုပ်ရုံ ပတ်ဝန်းကျင်ကနေ စီးကျလာတဲ့ ရွံ့နွံတွေ ဖုံးပြီး လယ်တွေ ပျက်စီးသွားပါတယ်” ဟု သူက ပြောသည်။

၎င်းပြင် အလုပ်ရုံ Camp မှ စွန့်ထုတ်ပစ်သော အညစ်အကြေးများ၏ အနံ့အသက်များမှာလည်း အထူးဆိုးရွား နေပြီး အနီးအနားတွင် လယ်ယာထွန်ယက် စိုက်ပျိုးသူများကို အထူး အနှောင့်အယှက် ဖြစ်စေသည်ဟု သူက ပြောသည်။

ယခုကဲ့သို့ လယ်မြေများ ပျက်စီးနေကြောင်းကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ တိုင်ကြားရာ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

၎င်းပြင် အထက်ကို တိုင်ကြားမူအတွက် ကျေးရွာသားများကို တချို့ အရာရှိများက စက်ရုံ အလုပ်ရုံတာဝန်ရှိ သူများနှင့် ပူးပေါင်းကာ  ခြိမ်းခြောက်မူများလည်း ရှိနေကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်ရှိ လယ်သမားအများစုမှာ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြုပ်နှံသော နိုင်ငံခြား ကုမ္ပဏီများ ကြောင့် လယ်မြေများ သိမ်းပိုက်ခံရ၍ အကြီးအကျယ် ဆုံးရှံုးနေရသည့် အပြင် ကျန်ရှိနေသောလယ်မြေများ တွင်လည်း နိုင်ငံခြားမှ လာရောက် တည်ဆောက်သော စက်ရုံ အလုပ်ရုံများ၊ ဂတ်စ် ရေနံပိုက်လိုင်းများနှင့် တစ်ခြား လမ်းများ ဖေါက်လုပ်နေမူကြောင့် ပျက်စီး ဆုံးရှံုး များ ရှိနေကြောင်း သိရသည်။

ဒေသဆိုင်ရာ အာဏာပိုင်များမှလည်း နိုင်ငံတော် စီမံကိန်းများ ဖြစ်သဖြင့် နိုင်ငံခြားမှ  လာရောက်လုပ်ကိုင် သည့် ကုမ္ပဏီများ အပေါ် တစ်စုံတစ်ရာ ဟန့်တား ပြောဆိုနိုင်ခြင်း မရှိသဖြင့် ဒေသခံ ပြည်သူများမှာ အဆိုပါ ကုမ္ပဏီများ၏ နိုင်ထက် စီးနှင်း ပြုလုပ်နေမူများကို ခါးစည်း ခံနေကြရကာ အားကိုးရာမဲ့ ဖြစ်နေကြသည်ဟု အမည် မဖေါ်လိုသူ လူမူရေး လုပ်နေသူ ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောဆိုသည်။

Most read this week