ဘင်္ဂလာဒေချ့် နိုင်ငံသား ၁၁၄ ဦးနှင့် မြန်မာနို်င်ငံသား ၅၂ ဦး စစ်တွေ အကျဉ်းထောင်မှ လွှတ်

ဘင်္ဂလာဒေချ့် နိုင်ငံသား ၁၁၄ ဦးနှင့် မြန်မာနို်င်ငံသား ၅၂ ဦး စစ်တွေ အကျဉ်းထောင်မှ လွှတ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ အကျဉ်းထောင်မှ ဘင်္ဂလာဒေချ့် နိုင်ငံသား ၁၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၅၂ ဦးတို့ လွှတ်မြောက်လာကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံသား ၅၂ ဦးထဲတွင် ၄၈ ဦးမှာ သမ္မတ လွှတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်မြောက်လာသူများ မဟုတ်ဘဲ အယူခံဖြင့် လွှတ်မြောက်လာသူများ ဖြစ်ကြောင်း သိရသည်။ ကျန် ၄ ဦးထဲတွင် မြန်မာနိုင်ငံသား (၃) ဦးနှင့် နိုင်ငံခြားသား တစ်ဦး ဖြစ်ကြောင်း သိရသည်။

မြန်မာ သမ္မတ ဦးသိန်းစိန်မှ အကျဉ်းသား ၅၁၇ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့် ကျေညာပြီးနောက် စစ်တွေ ထောင်မှ ဘင်္ဂလာဒေချ့် နို်င်ငံသားများနှင့် မြန်မာနိုင်ငံသားများ လွှတ်မြောက်လာကြခြင်း ဖြစ်သည်။

“မနေ့က လွတ်ငြိမ်းချမ်းသာမှုနဲ့ တော်တော်များများ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။  ပြီးရင် ညမထွက်ရ အမိန့်နဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ လူ ၅၀ နီးပါးကို ပြန်လည် လွှတ်ပေးလိုက်တယ်လို့ကြားပါတယ်” ဟု ရခိုင် ပြည်နယ်လွှတ် တော် စစ်တွေအမတ်  ဦးအောင်မြကျော်က နိရဥ္စရာသို့ ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ထုတ်ပြန်ခဲ့ပြီး ပထမဆုံး ၂၀၁၂ ဇန္နဝါရီလ ၃ရက်နေ့တွင် အကျဉ်းသား (ကျား) ၆၀၈၇ဦးနှင့် အကျဉ်းသူ (မ)  ၅၆၉ဦး စုစုပေါင်း ၆၆၅၆ဦးကို လွှတ်ပေးခဲ့ပြီး ဇန္နဝါရီလ ၁၃ရက်နေ့ကအကျဉ်း သား စုစုပေါင်း ၆၅၁ဦးကို ထပ်မံ လွှတ်ပေးခဲ့သည်ဟု သိရသည်။ ဇူလိုင်လ ၃ ရက်နေ့ တွင် အကျဉ်းသား ၃၇ဦး၊ အကျဉ်းသူ ၄၆ ဦး အသီးသီးလွှတ်ပေး ခဲ့သည်။

AAPP စာရင်းအရ နိုင်ငံရေး အကျဉ်းသားများ ၉၀ ဦးခန့် လွတ်မြောက်လာပြီး  ထိုအထဲတွင် မန္တလေးထောင်မှ သိန်းထွန်းအေး ခေါ် ရခိုင်ကြီးဆိုသူ တစ်ဦး လွှတ်မြောက်လာကြောင်း သိရသည်။

Most read this week