မြေပုံမြို့တွင် ညဉ့်အချိန် စစ်တပ်မှ သေနတ်ပစ်ခတ်၍ ပြည်သူများ အထိတ်တလန့် ဖြစ်ပွား

မြေပုံမြို့တွင် ညဉ့်အချိန် စစ်တပ်မှ သေနတ်ပစ်ခတ်၍ ပြည်သူများ အထိတ်တလန့် ဖြစ်ပွား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့်အချိန်တွင် စစ်တပ်မှ သေနတ် ပစ်ခတ်သဖြင့် မြို့သူမြို့သားများ အကြား  အထိတ်တလန် ့ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

“ ညဉ့်  ၈ နာရီကျော်လောက်မှာ သေနတ်သံတွေ ဆက်တိုက် ထွက်လာတော့ လူတွေက အထူးစိုးရိမ်သွား ကြပါတယ်။ ၁၀ ချက်ခန့် ဆက်တိုက် ဆက်တိုက် ပစ်ပါတယ်။ မြို့ထဲမှာ အခုလို ပစ်ခတ်တော့ တစ်မြို့လုံး လုံးဝ ငြိမ်သက် တိတ်ဆိတ် သွားခဲ့ပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။

သေနတ်သံမှာ မြေပုံမြို့ မွတ်ဆလင် ဗလီ အနားမှ ဆင့်ကာ ဆင့်ကာ ထွက်လာသဖြင့် လူများမှာကြောက်လန့် ပြီး ပြေးသူပြေး၊ ပုန်းသူ ပုန်းဖြင့် ရှုတ်ယှတ််ခတ်သွားခဲ့သည်ဟု ဆိုသည်။

“ ခုလို သေနတ်သံကို မကြားဖူးတော့ လမ်းမှာရှိတဲ့ သူတွေက ထွက်ပြေး၊ ဆိုင်တွေကို ပိတ်၊ မီးတွေ မှိတ်နဲ့ တမြို့လုံး ရှုပ်ယှတ်ခတ်သွားခဲ့ပါတယ်။ တညဉ့်လုံး လူတွေက ဘာဖြစ်သလဲဆိုတာကို အတိအကျ မသိတော့ အိပ်တောင် မပျော်ခဲ့ပါဘူး” ဟု ပြောသည်။

မနက်လင်းမှ စစ်သား တစ်ဦး အရက်မူးရာမှ သေနတ် ပစ်ခတ်ခြင်း ဖြစ်ကြောင်း  သိရသည်ဟု သူက ဆိုသည်။ သို့သော် တစ်စုံ တစ်ဦးမျှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိကြောင်း၊ စစ်သားများမှာ မြေပုံမြို့ထဲရှိ စျေးထဲ ဓမ္မာရုံနှင့် မြေပုံမြို့ ဗလီနားတွင် လုံခြံုရေး ယူထားကြောင်း သူက ဆက်ပြောသည်။

ယခုကဲ့သို့ လူအများ စိုးရိမ်စိတ်များ ၀င်နေချိန်တွင် မြို့ထဲတွင် စစ်တပ်မှ အချိန် မတော် သေနတ်ပစ်ခတ်သဖြင့် ပြည်သူများကို အထူး အထိ်တ်တလန့် ဖြစ်စေခဲ့ကြောင်း သတင်းများ ရရှိသည်။

Most read this week