တူရကီ နို်င်ငံခြားရေး ၀န်ကြီး စစ်တွေရောက်၊ ဒုက္ခသည် စခန်းများကို သွားရောက်ကြည့်ရှု့

တူရကီ နို်င်ငံခြားရေး ၀န်ကြီး စစ်တွေရောက်၊ ဒုက္ခသည် စခန်းများကို သွားရောက်ကြည့်ရှု့
by -
နိရဥ္စရာ

တူရကီ နိုင်ငံခြာရေး ၀န်ကြီးလည်းဖြစ်၊ အစ္စလာမ်နိုင်ငံများ ပူးပေါင်းရေး OIC အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်တဲ့ Ahmet Davutoglu ဟာ ဒီကနေ့ နံနက်က စစ်တွေကို လေယာဉ်နဲ့ အတူ ရောက်ရှိလာပါတယ်။

Thein-Sein-shakes-hands-with-Ahmet-Davutoglu

သူရောက်လာတာနဲ့ ချက်ချင်း သဲချောင်းရှိ  မန်ဇီ မွတ်ဆလင်တွေရဲ့ ဒုက္ခသည် စခန်းကို ထွက်ခွာ သွားတယ်လို့ သိရပါတယ်။

အဲဒီက ပြန်အထွက်မှာ မင်းဂံရပ်ကွက်ရှိ ရခိုင် ဒုက္ခသည်တွေကို ၀င်ရောက် ကြည့်ရှု့မယ်လို့ ဆိုပါတယ်။

အခု မျက်မြင်တွေရဲ့ အပြောအရ လုံခြံုရေးကတော့ တော်တော့ကို တင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦအောင်မြကျော် ပြောတာက ခုလို လာရောက်တာကို ကြိုဆို ကြောင်းနဲ့ ပြည်ပက မွတ်ဆလင်  အဖွဲ့အစည်းတွေ မဟုတ်မမှန် စွပ်စွဲ ပြောဆို နေသလိုမျိုး လူမျိုးတုန်း သတ်ဖြတ်မူ ရှိ မရှိကို သူကိုယ်တိုင် မြင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခုလို တူရကီ နိုင်ငံခြားရေး ၀န်ကြီး လာကြည့်တာ ကောင်းတယ်လို့ ပြောပါတယ်။

တူရကီ နိုင်ငံခြားရေး ၀န်ကြီးဟာ စစ်တွေကို သီးသန်း စင်လုံးဌား လေယာဉ် (၂) စီးနဲ့ အတူ ရောက်ရှိလာပြီး  စစ်တွေဟိုတည်မှာ နေ့လည်စာ စားသုံးမယ်လို့လည်း သတင်း ရပါတယ်။

သူဟာ မနေ့က မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ရခိုင်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တူရကီနိုင်ငံက အလှူရှင်တွေ ပေးအပ်လှူဒါန်းလိုက်တဲ့ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ရခိုင်ဒေသက ဘေးဒဏ်သင့်သူတွေအတွက် အကူအညီပေးချင်တဲ့ အကြောင်းလည်း ပြောတယ် လို့ သိရပါတယ်။

သူနဲ့ အတူ တူရကီ ၀န်ကြီးချုပ်နဲ့ ဇနီးနဲ့ သမီးလည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ တူရကီနိုင်ငံက အဆင့်မြင့် တာဝန်ရှိသူ တဦး မြန်မာနိုင်ငံဆီ ပထမဆုံး လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ သူဟာ စစ်တွေကနေ ဒီကနေ့ ညနေပိုင်းမှာ ရန်ကုန်ပြန်မယ်လို့ သိရပါတယ်။

Most read this week