အာဇာနည်နေ့တွင် နယ်ကျောင်းသားများကို စာအုပ်လှူဒါန်းပြီး ကောင်းမူ ကုသိုလ်လုပ်

အာဇာနည်နေ့တွင် နယ်ကျောင်းသားများကို စာအုပ်လှူဒါန်းပြီး ကောင်းမူ ကုသိုလ်လုပ်
by -
နိရဥ္စရာ

၆၅ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးပြီး  နယ်ကျေးရွာ တစ်ခုမှ ကျောင်းသူ ကျောင်းသားများကို NLD (တောင်ကုတ်) မှ ကျောင်သုံုး စာအုပ် စာတန်းများ လှူဒါန်းကာ ကောင်းမူ ကုသိုလ် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အာဇာနည်နေ့သို့ တက်ရောက်လာကြသည့် ကင်းတောင်မှ ကျောင်းသားများ။
တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာရှိ တွဲဘက် အထက်တန်းကျောင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (တောင်ကုတ်)မှ အာဇာနည်နေ့ အခမ်းအနား ပြုလုပ်စဉ် ထိုသို့ စာအုပ်များ လှူဒါန်းကာ ကောင်းမူ ကုလိုလ် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် တောင်ကုတ်မြို့နယ် ဒု ဥက္ကဌ ဦးတင်သိန်းအောင်မှ ကျောင်းသား ကလေးများကို စာအုုပ်များ လှူဒါန်းရခြင်းဖြင့် ကလေးများ အကြားတွင်လည်း အာဇာနည် စိတ်ဓါတ်လည်း  မြှင့်မားလာသည်ဟု ဆိုသည်။

“ အာဇာနည်နေ့ ကျရောက်လာပေမယ့် မျိုးဆက်သစ် လူငယ်တွေဟာ အာဇာနည်ဆိုတာကို မသိကြဘူး။ ဒီမျိုးဆက်သစ် လူငယ် တွေဟာ တိုင်းပြည် ဘယ်လို လွတ်လပ်ရေး ရလာတယ် ဆိုတာကို မသိဘဲ ဖြစ်နေကြပါတယ်။ ဒါကြောင့်  ဒီ အာဇာနည် ခေါင်းဆောင်တွေ  ဘယ်လို အနစ်နာခံပြီး တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ကြတယ် ဆိုတာကို မသိဘဲ ဖြစ်နေကြတဲ့ ကလေးတွေကို  ကျွန်တော်တို့က ပြောပြတဲ့အခါ ကလေးတွေက သဘောပေါက်ကြပါတယ်” ဟု ဦးတင်အောင်သိန်းက ပြောသည်။

ကျောင်းသားမျာသည် အာဇာနည်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ် အောင်ဆန်း အကြောင်း  ရေးသား သီကုံးထားသော ကဗျာ အပုဒ် ၂၀နှင့် စာစီစာကုံးတွေ များကို ပါ ပေးပို့ခဲ့သည်ဟု ဆိုသည်။

အခမ်းအနားတွင် ကလေးငယ် ၁၆၅ ဦး အတွက် ဗလာ စာအုပ် စုစုပေါင်း ၃၃၀ လှူဒါန်းခဲ့သည်ဟု ပြောသည်။

အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် ဒုဥက္ကဌ ဦးတင်သိန်းအောင်မှ အခမ်း အနားမှုးအဖြစ် ဆောင်ရွက်ပြီး အာဇာနည်နေ့နှင့် ပတ်သက်ပြီး ဦးမောင်ဖြူ၊ ဦးပေါ်တက်၊ ဦးစိုးလှိုင်၊ တောင် ကုတ်မြို့နယ်စီး အဖွဲ့ဝင် ဦးဆန်းလွင်တို့က ဟောပြောခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းသူ/သား ၁၆၅ ယောက်အပါအဝင် ကျေးရွာမှ စိတ်ဝင်စားသည့် လူကြီးများ၊ အနီး အနား ကျေးရွာများမှ လူများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့သည်။

ကင်းတောင်ကျေးရွာမှာ တောင်ကုတ်မြို့မှ ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၁၀၀၀ ခန့်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်ကြောင်း သိရှိရသည်။

Most read this week